Channel Myanmar

Praneeta Patnaik

Paruvu (2024)
Paruvu (2024) Paravu (2024)IMDb-6.6/10အိမ်အပြန် ခယောင်းလမ်းပါလဗီက တစ်အိမ်လုံးနဲ့ဆန့်ကျင် အိမ်ကသဘောမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးပြီး အိမ်နဲ့အဝေးမှာ အခြေချနေခဲ့တာ ကိုယ်ဝန်သုံးလရသည်ထိ ၊ မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီး မိသားစုဝင်တွေကလည်း စိတ်နာပြီးပစ်ထားခံရတဲ့သူတစ်နေ့မှာတော့ ဇာတိမှာကျန်ခဲ့တဲ့ ဦးလေးဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ပါလဗီတစ်ယောက် သူ့ခင်ပွန်း ဆူဒီးရ်နဲ့အတူ ဇာတိကိုချက်ချင်းထပြန်တော့တာပဲကားပေါ်ရောက်မှ ဆူဒီးရ်သိလာရတဲ့အမှန်တရားက ပါလဗီနဲ့ သူတို့ကိုလာခေါ်တဲ့ဝမ်းကွဲအစ်ကိုဆိုတဲ့သူကြားက တင်းမာတဲ့ဆက်ဆံရေးနဲ့ ပါလဗီ့ကိုတစ်အိမ်သားလုံးကဖယ်ကျဉ်ထားကြတယ်ဆိုတာပဲလမ်းတစ်ဝက်မှာ အဝေးပြေးလမ်းကိုရှောင်ပြီး လူပြတ်တဲ့ လမ်းကြိုလမ်းကြားကမောင်းတဲ့ ဝမ်းကွဲအစ်ကိုရဲ့ အမူအယာတွေနဲ့ ပါ့လဗီအိမ်ကို ဖုန်းဆက်ကြည့်ချိန်မှာလည်း မဖိတ်ခေါ်မလိုလားမှုတွေက crime thriller ဇာတ်လမ်းတစ်ပုဒ်အစပျိုးရာဖြစ်လာခဲ့တယ်ဒီမိသားစုတွေကြားဘယ်လိုတင်းမာမှုတွေ ဆက်ဖြစ်လာဦးမလဲ နောက်ပြန်လှည့်မရတဲ့ခရီးမှာ ရှေ့ဆက် ဘယ်လိုအဖြစ်အပျက်တွေဆက်ဖြစ်လာဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်File Size – 300MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 30minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime ~ DramaTranslator ...

Paruvu (2024)

2024
Kumari Srimathi (2023) 6.5
Kumari Srimathi (2023) Kumari Srimathi (2023) "အပျိုကြီး ဒေါ်ရှရီမာသီ" IMDb-7.2/10 Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းခုနစ်ပိုင်းနဲ့ တောင်ပိုင်းအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုက ခပ်ဆန်းဆန်း၊ "Kumari"ဆိုတာ လက်မထပ်ရသေးတဲ့ အမျိုးသမီး၊ အပျို လူလွတ်ပေါ့။ "Srimathi"ဆိုတာက အိမ်ထောင်သည်အမျိုးသမီးတဲ့။ဒီတော့ လက်မထပ်ရသေးတဲ့ အိမ်ထောင်သည်အမျိုးသမီးလို့ အဓိပ္ပါယ်ထွက်နေပေမယ့်လည်းအဲဒါမျိုးတော့မဟုတ်ပါဘူး။ အပျိုကြီးဒေါ်ရှရီမာသီရဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို ကာကွယ်ဖို့ ပိုင်ဆိုင်ဖို့ကြိုးစားရုန်းကန်ပုံကို ရှုမြင်ခံစားကြရမှာပါ။ အဓိကဇာတ်ကောင်အနေနဲ့ကတော့ ဘောလိ၀ုဒ်ပရိသတ်ကြီးနဲ့ မစိမ်းလှတဲ့ မင်းသမီးချောနီသ်ယာမီနန်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးနီသ်ယာဆိုတာ ကလေးဘ၀ကတည်းက ဟာနုမာန်ဆိုတဲ့ နိုင်ငံခြားရုပ်ရှင်ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူလည်းဖြစ်တယ်။တခါတုန်းက ဂိုဒါဗာရီမြစ်ကြီးရဲ့ ကမ်းစပ်မှာ ရာမာရာဂျူလန်ကာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ လယ်သမားလေးတစ်ယောက်က အဲဒီရွာမှာ အိမ်ဆောက်ချင်တဲ့ဆန္ဒဇောနဲ့အတူ အလုပ်တွေကြိုးစားလုပ်ခဲ့လိုက်တာ နောက်ပိုင်းမှာတော့ သူ့ဆန္ဒပြည့်၀ခဲ့ပါတယ်။အဲဒီအိမ်ကြီးဆောက်ပြီးကတည်းက မိသားစုရဲ့စီးပွားလာဘ်လာဘတွေ တိုးပွားလာခဲ့တာဆိုပြီး ဒီအိမ်ကြီးကိုဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ပါစေ ရောင်းချခြင်းမပြုဖိုး သားတွေကိုမှာထားခဲ့တယ်။ ရှရီမာသီကတော့ အဲဒီလယ်သမားလေးရဲ့ မြစ်တော်စပ်သူပေါ့။အဘိုးဖြစ်သူက ရှရီမာသီငယ်ငယ်ကတည်းက သူ့အဖေမှာသလိုပဲ ရှရီမာသီတို့ကို ကတိတောင်းခဲ့တယ်။ သူသေတာပဲဖြစ်ဖြစ် မသေခင်မှာပဲဖြစ်ဖြစ် အိမ်ကြီးကိုဘယ်တော့မှမရောင်းဖို့ပေါ့။ ရှရီမာသီ အရွယ်ရောက်လာပြီး အဘိုးဖြစ်သူရော အဖေဖြစ်သူရောမရှိတော့တဲ့အချိန်မှာတော့ ဦးလေးဖြစ်သူက အိမ်ပေါ်ကနေ ကန်ချလိုက်တယ်။နောက်ပြီး ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းဖို့လုပ်တဲ့အတွက် တရားရုံးမှာ အမွေလုဖို့ ...
6.5
TMDb: 6.5/10 2 votes
tv

Kumari Srimathi (2023)

2023