Channel Myanmar

Prab Yuttapichai

The Brave Man (2024)
The Brave Man (2024) စိန်ခေါ်ဝံ့သူ (၂၀၂၄)ရဲအုပ် မာဝင်း အဖြစ် Hone Thanakorn ဒုရဲအုပ် ရမ်ချနာ အဖြစ် PP Phatchaya ဒုတပ်ကြပ် ထုန်ဒီဘွန်နမ် အဖြစ် Euro Yotsawat ဖလွိုင် အဖြစ် Jenny Chaiyissaraဇာတ်လမ်းအကျဉ်းထုန်ဒီဘွန်နမ်က အမြဲတက်ကြွပြီး တာဝန်ကို ကျေပွန်အောင် လုပ်တတ်တဲ့ အမှန်တရားဘက်တော်သား ဒုတပ်ကြပ်တစ်ယောက်ဖြစ်ပါတယ်တစ်ရက် နယ်မြေစခန်းသစ်တစ်ခုကို ပြောင်းလာရပြီး ရဲအုပ်မာဝင်း၊ ဒုရဲအုပ် ရမ်ချနာတို့နဲ့ ကားမှောင်ခိုစျေးကွက်ကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ အတူတူ ပါဝင်ဖို့ ဖြစ်လာခဲ့တယ် ဖလွိုင်ကတော့ အကြောင်းအရင်းတစ်ခုကြောင့် ရဲတွေကို မယုံမကြည် မုန်းတီးနေသူတစ်ယောက်ဖြစ်ပါတယ် ကားမှောင်ခိုစစ်ဆင်ရေးတစ်ခုကို လှုပ်ရှားရင်း ထုန်ဒီတစ်ယောက် ဖလွိုင့်ကိုမှ လူဆိုးနဲ့ မှားဖမ်းမိချိန်မှာတော့ နှစ်ယောက်ကြားအဖုအထစ်ဖြစ်လာရတော့တယ် အထိနာနေခဲ့တဲ့ မှောင်ခိုအဖွဲ့အစည်းကလည်း ရဲအုပ်မာဝင်းနဲ့ ထုန်ဒီ့ကို ထောင်ချောက်ဆင်ခဲ့ရာက မာဝင်းထောင်ကျပြီး ထုန်ဒီလည်း နယ်မြေပြောင်းရွှေ့ခံလိုက်ရပါတယ် ပြောင်းရွှေ့ခံရတဲ့ နယ်မြေသစ်မှာ ထုန်ဒီနဲ့ ဖလွိုင်တို့ ပြန်တွေ့လာတဲ့အခါ… မဟုတ်မခံ ဖလွိုင်တစ်ယောက် သူ့မိသားစုက မှောင်ခိုဂိုဏ်းနဲ့ ပတ်သက်နေတာ သိသွားတဲ့အခါ… အခက်အခဲတွေကြားကနေ အမှန်တရားဘက်တော်သားသူတို့ တရားမျှတမှုကို ဘယ်လိုရှာဖွေကြမလဲဆိုတာ “စိန်ခေါ်ဝံ့သူ” ဇာတ်လမ်းမှာ ...

The Brave Man (2024)

2024
Tempting Heart (2024)
Tempting Heart (2024) သွေးဆောင်တတ်သော နှလုံးသား (၂၀၂၄)နီနီ့ နှင်းနာရာ အဖြစ် pinkploy paparwadee နဂန် အဖြစ် Thanwa Suriyajakဇာတ်လမ်းအကျဉ်းနီနီ့က အနုပညာလောကထဲ ဆက်စီကျပြီး အရမ်းဟော့တဲ့ ဗီလိန်မင်းသမီးတစ်ယောက်ဖြစ်ပြီး အမြဲ ကောလဟာလသတင်းတွေ ထွက်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်တစ်နေ့ နီနီ့ရဲ့ချစ်သူလို့ နာမည်ထွက်နေတဲ့ အလှအပဆေးခန်းဒေါက်တာ ပတဖီ တစ်ယောက် သဲလွန်စ မကျန်ဘဲ ပျောက်ဆုံးသွားချိန်မှာတော့ နီနီ့ဟာ ဆေးခန်းအပိုင်သိမ်းချင်လို့ ချစ်သူကိုသတ်တဲ့ လူသတ်သမားမင်းသမီးဆိုပြီး နာမည်ပျက်ထွက်လာပါတော့တယ်သတင်းဆိုးတွေကြောင့် အလုပ်တွေလည်း ဖျက်ခံရ ဆေးခန်းမန်ဘာကြေးတွေလည်း ပြန်ထုတ်ခံရပြီး ပျက်စီးခြင်းငါးပါးစိုက်နေတဲ့ မင်းသမီးနီနီ့တစ်ယောက် နိုင်ငံတကာရဲ့ရန်သူ လက်နက်ကုန်သည်တို့ရဲ့ ပစ်မှတ်ဖြစ်မှန်းမသိဖြစ်လာခဲ့ချိန်မှာတော့ လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့အထူးအဖွဲ့ဝင်ကိုစေလွှတ်ကာကွယ်ခြင်းခံလာရပါတော့တယ်နီနီ့ကို စောင့်ကြည့်ကာကွယ်ဖို့ တာဝန်ကျလာတဲ့ နဂန်က လွန်ခဲ့တဲ့သုံးနှစ်က နီနီ့အချစ်တွေကို ငြင်းပယ်ခဲ့တဲ့ အချစ်ဆုံးယောက်ျားဖြစ်နေခဲ့တဲ့အခါနီနီ့ကလည်း နဂန်အနားပြန်ရောက်လာချိန်မှာ ဘယ်တော့မှပြန်မထွက်သွားအောင် ဆွဲဆောင်ဖို့ ကြိုးစားလာတဲ့အခါ နဂန်တစ်ယောက် အချစ်နဲ့တာဝန်ကြား ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ ပျောက်ဆုံးနေတဲ့ ဒေါက်တာပတဖီကရော တကယ်ပဲသေဆုံးသွားခဲ့တာလား လက်နက်ကုန်သည်တီတို့ကရော ဘာလို့နီနီ့ကို ပစ်မှတ်ထား ခြိမ်းခြောက်နေရတာလဲ နဂန်ကရော နီနီ့အပေါ်တကယ်ခံစားချက်မရှိခဲ့တာလား ဘာတွေဖုံးကွယ်ထားခဲ့လဲဆိုတာကို ရိုရိုချိုချို၊ဟာသအပြင် အက်ရှင်ခန်းတွေကိုပါ ရသစုံစွာနဲ့ “သွေးဆောင်တတ်သောနှလုံးသား” ဇာတ်လမ်းတွဲမှာ ...

Tempting Heart (2024)

2024