Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Phuwin Tangsakyuen
Summer Night (2024)
နွေလယ်ည (၂၀၂၄)ဒီစီးရီးလေးကတော့ နွေကျောင်းပိတ်ချိန်မတိုင်ခင် အထက်တန်းကျောင်းသားဘဝ လျှို့ဝှက်ချစ်ပုံပြင်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ။ ဆယ်ကျော်သက်ကျောင်းသားဘဝရဲ့ လွတ်လပ်မှု ၊ သူငယ်ချင်းတွေအကြားတွယ်တာမှုနဲ့အတူ တစ်ခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကြိုတင်မှန်းဆလို့မရတဲ့ ချစ်ခြင်းတွေ၊ အမုန်းတွေနဲ့ လှပစွာ တင်ဆက်ပြသထားတဲ့ စီးရီးလေးကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ကျောင်းမှာ လူမသိသူမသိ တစ်ယောက်တည်းတိတ်ဆိတ်စွာ နေတတ်တဲ့ လွန်ဆိုတဲ့ကောင်လေးနဲ့ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့အပေါင်းအသင်းများတဲ့ ထီဝါကွန်တို့ မတော်တဆတိုက်မိကာ နမ်းမိသွားရာကနေ ဝှိုက် ထီဝါကွန်က လွန်ကို သူတို့စတည်းချနေကျ အနုပညာခန်းလေးက သူ့သူငယ်ချင်းများနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီသူငယ်ချင်းတွေထဲက ဒီဇိုင်းနာဖြစ်ချင်သူ စတားဆိုတဲ့ သူငယ်ချင်းကျောင်းသူလေးကို လွန် နဲ့ ဝှိုက်တို့ကအတူတူ ချစ်မိသွားကြတဲ့အခါ လွန်နဲ့ဝှိုက် သူငယ်ချင်းနှစ်ယောက်ကြား အခြားသူငယ်ချင်းတွေကြား ဆက်ဆံရေးက ဆက်ပြီး အဆင်ပြေနိုင်ပါ့မလားဆိုတာ "နွေလယ်ည" ဆိုတဲ့ စီးရီးလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Dao Phyo, Mary, Su Myat, Char Ou တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama Quality…. ...
Summer Night (2024)
2024
We Are (2024)
သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲတွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...
We Are (2024)
2024
9
May-December Romance (2021)
May-December Romance (2021) ဇာတ်လမ်းတွဲအညွှန်း**********************************************"အချစ်ပန်းတွေ ဝေပါစေ"စ/ဆုံး -တမ့်အဖြစ် Ryu Vachirawich-အွန်အဖြစ် Yam Matira နောင်တမ့်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ထိုင်းနိုင်ငံကိုယ်စားတင်းနစ်ကစားသမားတစ်ယောက်အဖြစ် ကိုးရီးယားမှာ လာရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်...သူဟာလည်း စိတ်အားထက်သန်တဲ့တဲ့ဖြစ်ပြီးတော့တင်းနစ်ကစားရာမှာ ဝါသနာပါတဲ့သူတစ်ယောက်လို့လည်း ပြောရမှာပါ...ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ နောင်တမ့်ဟာ ဆေးဝါးတစ်ခုခုသုံးစွဲပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လိုအထက်လူကြီးတွေဖက်က အတည်ပြုလာခဲ့ပါတယ်...အဲ့အချိန်ကစပြီး ကောင်လေးရဲ့ အနာဂတ်က စတင်ဝေဝါးလာခဲ့ပါတော့တယ် ..ဘဝတွက်စတင်ရုန်းကန်လာရပြီးတော့ အသင်းအဖွဲ့ကလည်း သူ့အပေါ်ယုံကြည်မှုမရှိတော့ပါဘူး ...ဒါ့အပြင် အသင်းဥက္ကဌဖြစ်တဲ့ခွန်ရမ့်နိုင်ကလည်း သူ့ချစ်သူနဲ့ အဆင်မပြေဖြစ်ကာ လမ်းခွဲသွားကြပြန်တယ် ..ဒါပေမယ့် ကောင်မလေးဖြစ်သူက မခံချင်စိတ်တွေကြောင့်မျက်နှာခွဲစိတ်ကာ အလှဆုံးပြင်ဆင်ပြီး ပြန်လည်ချဉ်းကပ်ဖို့ ကြိုးစားရာမှနည်းလမ်းအမျိုးမျိုးနဲ့ ကောင်လေးချော နောင့်တမ့်နဲ့ လာလာဆုံတွေ့ပါတော့တယ်..အဲ့နောက်မှာတော့ နောင်တမ့်နဲ့ ဘယ်လိုတွေ ရင်ဆိုင်သွားရမလဲ နောင်တမ့်ကရောသူတစ်ကယ်ဆေးဝါးတစ်ခုခုသုံးစွဲပြီး ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့တာလား ..အဖွဲ့ရဲ့ယုံကြည်မှုကို တစ်ဖန်ပြန်ရလာအောင် လုပ်နိုင်မှာလား ခွန်ရမ့်နိုင်ရဲ့ချစ်သူလေးကရော ခွဲစိတ်ပြီးလို့ ပြန်အလာမှာ သူ့ချစ်သူကောင်လေးရဲ့ အချစ်ခံရမှုတွေဘယ်လိုရမလာမလဲဆိုတာ ဒီဇာတ်လမ်းမှာစောင့်ကြည့်ကြရအောင်ဗျာ..ဇာတ်လမ်းအညွှန်းကိုတော့ Mhoo Htoo မှရေးသားပေးထားပါတယ်.... Country: ThailandEpisodes: 14Genres:Comedy, Romance, Medical, SportsReviewd & Translated ...
9
TMDb:
9/10
2 votes
tv
May-December Romance (2021)
2021
9
The Gifted: Graduation (2020)
The Gifted Graduation(2020) *********************************************************၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Gifted ဇာတ်လမ်းတွဲရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ပြီးခဲတဲ့ The Gifted မှာတော့ ရိထာဝိထယာခွန်ကျောင်းရဲ့ ထူးချွန်အခန်းကို ကောကဟာလသတင်းများကြောင့် ပိတ်သိမ်းထားခဲ့ပါတယ်။သို့ပေမဲ့ ပညာသင်နှစ်တစ်ခုမှာတော့ ကျောင်းသားတစ်ယောက်ရဲ့ ထူးချွန်အခန်းကို တက်ရောက်ချင်တဲ့ ပြင်းပြလွန်းတဲ့ ဆန္ဒကြောင့် ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့တဲ့အတွက် ထူးချွန်ခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။တစ်ရက်မှာတော့ ထူးချွန်ကျောင်းသားများ အားလုံးနေမကောင်းဖြစ်သွားကြပါတယ်။ အကြောင်းရင်းကတော့ ဆရာမတစ်ယောက်က ဗိုင်းရပ်စ်တစ်မျိုးကို ကျောင်းကို ယူလာခဲ့တာကြောင့်ပါပဲ။ ဆရာမက ဗိုင်းရပ်စ်ကို မီးခံသေတ္တာထဲ ထည့်ထားပေမယ့် ခိုးယူခံလိုက်ရတာပါ။ဒါဟာ ကျောင်းသားတွေထဲက သစ္စာဖောက်ကြောင့်ဖြစ်မလား????? ကျောင်းသားတွေရောပြန်သက်သာလာကြပါ့မလား?????ကျောင်းအုပ်ကြီးရဲ့အတိတ်ကဖြစ်ရပ်တွေက လက်ရှိမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေကို ဖြစ်စေမလဲ????? ကျောင်းသားတွေကရော ကျောင်းအုပ်ကြီးကိုအမြတ်ဖြုတ်တိုက်ခိုက်နိုင်ပါ့မလားဆိုတာကို အရင် ပထမတွဲလိုပဲ တစ်ပိုင်းပြီးတစ်ပိုင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။File size…500MB Quality….WEB-DL 1080p Format…mp4 Duration….60 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Ko Ye' Encoder .....AugustComplete Zip File VIP / Yoteshin[1-7] / Yoteshin[8-13] Episode 1 ...
9
TMDb:
9/10
2 votes
tv
The Gifted: Graduation (2020)
2020