Channel Myanmar

Peter Mukerjea

The Indrani Mukerjea Story: Buried Truth (2024) 7
The Indrani Mukerjea Story: Buried Truth (2024) The Indrani Mukerjea Story: Buried Truth (2024) "မြှုပ်နှံထားသော အမှန်တရား" IMDb - 6.3/10Netflixကနေ ဆက်တိုက်ဆိုသလို အိန္ဒိယဖြစ်ရပ်မှန်မှုခင်းမှတ်တမ်းရုပ်ရှင်တွေ ထုတ်လွှင့်လာခဲ့ရာမှာ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကတော့ အတော်လေးကို ဇာတ်အလှည့်အပြောင်းများပြီး စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုပြီးစိတ်ကူးယဉ်ဆန်နေတာကို တွေ့ရပါတယ်။၂၀၁၅ခုနှစ်မှာ ရှီနာဘိုရာလူသတ်မှုဆိုပြီး အိန္ဒိယပြည်သူတွေကြား ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာပေါ့။နာမည်ကြီးမီဒီယာတစ်ခုရဲ့ စီအီးအိုအင်ဒရာနီကို ညီမဖြစ်သူ ရှီနာကိုသတ်တဲ့အမှုနဲ့ မွမ်ဘိုင်းရဲတွေဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၂က ပျောက်ဆုံးသွားခဲ့တဲ့ ရှီနာဘိုရာကို ၂၀၁၅ခုနှစ်မှ အသတ်ခံရမှန်းသိပြီး တရားခံအင်ဒရာနီကိုဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးခံရတော့မှ ရှီနာဟာ အင်ဒရာနီရဲ့ညီမမဟုတ်ဘဲ သမီးအရင်းဖြစ်နေတာ ပေါ်လာခဲ့ပါတော့တယ်။ကိုယ့်သမီးအရင်းကို သတ်တဲ့အမေဆိုပြီး ပြည်သူတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အင်ဒရာနီကတော့ သူ့သမီးက အမေရိကမှာကျောင်းတက်နေတာ... သူမသတ်ပါဘူးဆိုပြီး ဘူးခံလို့ငြင်းကောင်းတုန်းပါပဲ။သပွတ်အူလိုရှုပ်ထွေးလှတဲ့ မိသားစုအသိုင်းအဝိုင်းဆက်နွယ်မှုတွေနဲ့အတူ တကယ့်အဖြစ်မှန်ကဘာလဲဆိုတာ စိတ်ဝင်တစားကြည့်ရမဲ့ဇာတ်လမ်းတွဲမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)File Size –700MB (Appx;)@EpisodeQuality – 1080p NF WEB DLDuration ...
7
TMDb: 7/10 4 votes
tv

The Indrani Mukerjea Story: Buried Truth (2024)

2024