Channel Myanmar

Patchata Janngeon

Shadow (2023)
Shadow (2023) Shadow / အရိပ် (2023)ချစ်ကြိုက်ညားတွေဖန်တရာထပ်နေတဲ့ BL ဇာတ်ကားတွေကို ငြီးငွေ့နေတဲ့ Fujoမမတို့အတွက် Singto နဲ့ Fluke တို့ရဲ့ Mystery suspense BLကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။Rom-comနဲ့ Action, gangsterကားတွေများတဲ့ BLလောကရဲ့ ရှားပါး horror Mysteryကားလေးမလွတ် လက်မလွတမ်း စောင့်ကြည့်ကြပါဦးစို့။ဒန်ဟာ မိခင်ဆုံးသွားပြီးနောက်မှာ အိပ်မက်ထဲကအရိပ်ရဲ့ နှိပ်စက်ခြင်းကို တစ်ရက်မပြတ် ခံစားနေရသူတစ်‌ယောက်ပါ။ အဲဒီအရိပ်ကြောင့်ပဲ သူ့ကိုကုသပေးနိုင်မယ့် ဘုန်းတော်ကြီးအနူရတ်ရှိတဲ့ စိန့်လောရန့်စ်ကျောင်းကို ပြောင်းဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဖာသာအနူရတ်ကလည်း ဒန်မြင်နေတဲ့အရိပ်က တကယ်မရှိဘဲ အိပ်နေတုန်းအကြောဆွဲတာလို့ပဲ ယူဆထားတာပါ။ဒီလိုနဲ့ဒန်တစ်ယောက် ကျောင်းစတက်တဲ့ပထမဆုံးနေ့မှာတင် လွန်ခဲ့တဲ့တစ်နှစ်က ရုတ်တရက်ပျောက်ဆုံးသွားတဲ့ တရင်ရဲ့ကျိန်စာသင့်နေတဲ့စားပွဲမှာ သွားထိုင်မိလိုက်ရာကနေ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါ...တရင်ရဲ့ပျောက်ဆုံးမှုက ဒန်မြင်နေရတဲ့အရိပ်နဲ့ တကယ်ပဲ ဆက်စပ်နေတာလား။ တရင်ရဲ့ပဟေဠိဆန်ဆန်ပျောက်ဆုံးမှုနောက်ကွယ်မှာ ဘယ်သူရှိနေမလဲ။ တရင်ကိုလိုက်ရှာရင်းနဲ့ အရိပ်ပြဿနာကိုဖြေရှင်းဖို့ ဒန်ကိုဘယ်သူတွေက ကူညီပေးသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားရင်း ပဟေဠိအဖြေညှိလိုက်ရအောင်ပါ။စုစုပေါင်း ၁၄ ပိုင်း ထွက်ရှိမှာ ဖြစ်ပြီးတာ့ အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary Christ ...

Shadow (2023)

2023