Channel Myanmar

Park Se-young

Beautiful Mind (2016) 7.5
Beautiful Mind (2016) Beautiful Mind (2016) ***********************အပိုင်း ၁ မှ ၁၄စ/ဆုံး ၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို..CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့....Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ်။ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ------------------ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့....ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့...တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ။နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက...သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့...ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ...ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း...လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ...ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်။ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို...တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား....ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ...ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ May ...
7.5
TMDb: 7.5/10 16 votes
tv

Beautiful Mind (2016)

2016
School 2013 (2012) [Complete] 7.7
School 2013 (2012) [Complete] School 2013 (2012)*******************အပိုင်း (၁ မှ ၁၆) စ/ဆုံး နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကိုCM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း)ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီးအတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ...ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကိုအလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ ...
7.7
TMDb: 7.7/10 27 votes
tv

School 2013 (2012) [Complete]

2012
Mental Coach Jegal (2022) 10
Mental Coach Jegal (2022) Mental Coach Je Gal Gil (2022) (အညွှန်း) ==============================အလုပ်ကြိုးစားပြီး ဖော်ရွေတတ်တယ်လို့နာမည်ကြီးတဲ့ နိုင်ငံ့ကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားသမားတစ်ယောက် .. တစ်နေ့မှာတော့ အားကစားလောကရဲ့ထုံးစံအတိုင်း မတော်တဆဖြစ်ရပ်တစ်ခုရဲ့ အတင်းအဖျင်းသတင်းတစ်ပုဒ်ကြောင့် အားကစားသမားဘဝကနေအနားယူလိုက်ရတော့တယ်။ ဒီလိုနဲ့အချိန်တစ်ခုကြာအပြီး သူ့လိုမျိုး trauma ရခဲ့တဲ့သူတွေ စိတ်ဓာတ်ကျပြီး အလုပ်မလုပ်နိုင်ဖြစ်နေတဲ့အားကစားသမားတွေကို ကူညီပေးဖို့ရာ အားကစားလောကထဲကို mental coach အနေနဲ့ပြန်ရောက်လာခဲ့တဲ့ .. Je Gal Gil“ရေခဲမင်းသမီး” လို့လူသိများပြီး လတ်တလောမှာ မိမိကိုယ်ကိုယ်ယုံကြည်ချက်ပျောက်ဆုံးပြီး ဘယ်သူ့ကိုမှလည်း မယုံကြည်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ ရေခဲပြင်စကိတ်ရွှေတံဆိပ်ဆုရှင် .. Cha Ga Eulသူသာ နံပါတ် ၁ ထိပ်ဆုံးနေရာမှာရှိမယ်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ တောင်ကိုရီးယားနိုင်ငံ အိုလံပစ်ကော်မတီက လူ့အခွင့်အရေးစင်တာဒါရိုက်တာ .. Gu Tae Man “သေချာပြုစုပျိုးထောင်ခံခဲ့ရတဲ့ ကြင်နာတတ်တဲ့သမီးပျိုလေး” အဖြစ်နာမည်ကြီးပြီး တစ်ချိန်က Je Gal Gil ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ရာကနေ အခုတစ်ခါ အားကစားလောကထဲကို Je Gal Gil နဲ့အတူ အကြံပေးပါတနာတွေအဖြစ်ပြန်ရောက်လာခဲ့တဲ့ စိတ်ကျန်းမာရေးကူညီထောက်ပံ့ရေးအသင်းက .. Park ...
10
TMDb: 10/10 1 votes
tv

Mental Coach Jegal (2022)

2022
Money Flower(2017) [Complete] 7.7
Money Flower(2017) [Complete] Money Flower(2017)အညွှန်း***************************အပိုင်း( ၁ မှ ၂၄) ထိ စ/ဆုံးညီအစ်ကို(၂)ယောက်ဟာကျောင်းသားဝတ်စုံ လူငယ်တစ်ယောက်နဲ့ရုန်းရင်းဆန်ခတ်ြဖစ်နေတယ်...အဲ့ဒီမှာ ကျောင်းသားဝတ်စုံနဲ့လူငယ်က အကိုဖြစ်သူကို ဓားနဲ့ထိုးမိသွားတယ်...ရဲစခန်းကိုရောက်သွားတယ်...ရဲတွေကအကိုြဖစ်သူကို ဓားနဲ့ထိုးတာဘယ်သူလဲမေးတော့ အကိုဖြစ်သူရဲ့အဖြေကအံအားသင့်စရာကောင်းလှတယ်...သူ့ညီကိုလက်ညှိုးထိုးပြီးတော့ သူထိုးတာပါတဲ့...ညီဖြစ်သူထောင်ကျသွားတယ်...ပျော့စိစိနဲ့ ညီဖြစ်သူအားဒီအဖြစ်အပျက်ကိုမယုံနိုင်ဘူး....ညီအကိုအရင်းကိုလက်ညှိုးပြန်ထိုးပြီး ထောင်ထဲပို့ရလောက်အောင် ဘယ်အရာတွေကများအကိုဖြစ်သူရဲ့စိတ်ကိုလှည့်ဖျားစေတတ်တာလဲ...နောက်မှသိလိုက်ရတာက ကျောင်းဝတ်စုံနဲ့လူငယ်ဟာ ကိုးရီးယားအင်အားကြီးစီးပွားရေးအင်ပါယာတစ်ခုဖြစ်တဲ့ချောင်းအာအုပ်စုရဲ့သားတစ်ယောက်ဖြစ်နေတာပဲ... ဘယ်လိုဘဝကိုမဆိုချနင်းနိုင်တဲ့အစွမ်းဟာ ငွေနဲ့ အာဏာဆိုတာကိုညီဖြစ်တဲ့ ကောင်လေးဟာသဘောပေါက်သွားတယ်....အဲ့ဒီနောက်တော့ သူဟာ ဘယ်လိုရည်ရွယ်ချက်တွေရှိမှန်းမသိပေမယ့်ချောင်းအာဂရုရဲ့ သားဖြစ်သူဆီမှာ ထောင်ကထွက်ပြီးနောက်ပိုင်း ဒူးထောက်ရင်း သူ့ကို သူငယ်ချင်းဖြစ်ခွင့်ပေးဖို့တောင်းဆိုရင်းဒီအသိုင်းအဝန်းထဲကို ဝင်ဖို့ကြိုးစားပါတော့တယ်....ဒီစီးရီးဟာ ဇာတ်အိမ်ကျယ်လွန်းလှသလို အပိုင်း(၁)မှာထဲက ဇာတ်ကောင်အလိုက် စရိုက်တစ်ခုချင်းဆီကိုခပ်သွက်သွက်ခင်းတယ်....ပြီးတော့ အဓိကမင်းသားဖြစ်သူရဲ့ရည်ရွယ်ချက်ဟာ အတော်ကြီးတယ်ဆိုတာကိုတဖြည်းဖြည်းပြထားတယ်...သူဟာ သိပ်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေသလိုငွေနဲ့အာဏာကို လိုသလို အကွေ့‌ေ၇ွှ့နိုင်ဖို့ ကစားနည်းမျိုးစုံ ကစားဖို့ စနစ်တကျစီစဉ်နေတာကိုလည်းတွေ့ရတယ်...နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စတွေပါသလို လူပေါ်လူဇော်နည်းမျိုးစုံ....ကိုယ်အဆင်ပြေစေဖို့ တစ်ခြားသူတစ်ယောက်ရဲ့ဘဝကို နင်းချေဖို့ဝန်မလေးတဲ့သူတွေမျိုးစုံနဲ့မို့ ဒီဇာတ်လမ်းတွဲဟာ မိသားစုလိုက် Stay Home နေရင်းကြည့်ပြီးဆွေးနွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲမျိုး..ဉာဏ်ကစားတဲ့ မြေခွေးပေါင်းစုံရဲ့ အခင်းအကျင်းတွေကိုကြည့်ရတာ မပျင်းမရိနဲ့ ဆွဲဆောင်အားတစ်မျိုးကောင်းလှတယ်.....မင်းသားကနာမည်ကြီးJang Hyuk ဖြစ်သလို မင်းသမီးဖြစ်တဲ့ Park Se-youngကလည်း ...
7.7
TMDb: 7.7/10 10 votes
tv

Money Flower(2017) [Complete]

2017