Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Jeong-hak
8.6
Moon Lovers: Scarlet Heart Ryeo (2016)
Moon Lovers: Scarlet Heart Ryeo (2016) ************************************* အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမယ့်ဇာတ်ကားဟောင်းလေးကတော့ ၁၀၀မှာ ၁၀၁ ယောက်လောက် ကြည့်ဖူးထားပြီး ကြည့်ဖူးတဲ့သူတိုင်းလည်း စွဲလမ်းနှစ်သက်ကြတဲ့ Lee Joon Gi, IU, Kang Ha Neul နဲ့ တခြားသော မင်းသားချောတွေအများကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ Moon Lovers Scarlet Heart Ryeo ပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ နေကြတ်တဲ့တစ်နေ့မှာ 21ရာစုက ဂိုဟာဂျင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်က ထယ်ဂျိုဘုရင်အုပ်စိုးချိန်ကာလဖြစ်တဲ့ ဂိုလျောမင်းဆက်ရဲ့အစပိုင်းအချိန်ကို ပြန်ရောက်သွားခဲ့ရာကစပါတယ်။အဲဒီခေတ်မှာ သူက ဂိုဟာဂျင်အဖြစ်မဟုတ်ဘဲ မင်းသား(၈)ဝမ်ဝူရဲ့ကြင်ရာတော်ရဲ့ဝမ်းကွဲညီမ ဟယ်ဆူဖြစ်နေခဲ့ပြီး ဘုရင့်သားတော်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။မင်းသားတွေနဲ့ပတ်သက်ရာကနေပဲ နန်းတွင်းထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ထီးနန်းဆက်ခံတဲ့အရှုပ်ထုတ်တွေကြားထဲ ဘယ်လိုရောက်သွားပြီး နန်းတော်ရဲ့အပယ်ခံဖြစ်တဲ့ မင်းသား(၄)ဝမ်ဆိုနဲ့ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်လာမလဲဆိုတာ CM နဲ့အတူ တစ်ဖန်ပြန်လည်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်Episodes: 20 Aired: Aug ...
8.6
TMDb:
8.6/10
488 votes
tv
Moon Lovers: Scarlet Heart Ryeo (2016)
2016
9
The Legend ( 2007 ) ( Completed )
The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကိုပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ"မြင့်မြတ်သူတို့နှလုံးသား" နာမည်နဲ့ ပြသသွားခဲ့တဲ့သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ်ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့)ဘေယောင်ဂျွန်း နဲ့ The Penthouse ဇာတ်ကားထဲမှမင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေသိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ်ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင်ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ်သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီးကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ်ကောင်းကင်ဘုံဘုရင်ရဲ့သားတော် ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေအေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ်သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကိုတိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ,မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ်သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေလာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို ...
9
TMDb:
9/10
2 votes
tv
The Legend ( 2007 ) ( Completed )
2007
7.7
Money Flower(2017) [Complete]
Money Flower(2017)အညွှန်း***************************အပိုင်း( ၁ မှ ၂၄) ထိ စ/ဆုံးညီအစ်ကို(၂)ယောက်ဟာကျောင်းသားဝတ်စုံ လူငယ်တစ်ယောက်နဲ့ရုန်းရင်းဆန်ခတ်ြဖစ်နေတယ်...အဲ့ဒီမှာ ကျောင်းသားဝတ်စုံနဲ့လူငယ်က အကိုဖြစ်သူကို ဓားနဲ့ထိုးမိသွားတယ်...ရဲစခန်းကိုရောက်သွားတယ်...ရဲတွေကအကိုြဖစ်သူကို ဓားနဲ့ထိုးတာဘယ်သူလဲမေးတော့ အကိုဖြစ်သူရဲ့အဖြေကအံအားသင့်စရာကောင်းလှတယ်...သူ့ညီကိုလက်ညှိုးထိုးပြီးတော့ သူထိုးတာပါတဲ့...ညီဖြစ်သူထောင်ကျသွားတယ်...ပျော့စိစိနဲ့ ညီဖြစ်သူအားဒီအဖြစ်အပျက်ကိုမယုံနိုင်ဘူး....ညီအကိုအရင်းကိုလက်ညှိုးပြန်ထိုးပြီး ထောင်ထဲပို့ရလောက်အောင် ဘယ်အရာတွေကများအကိုဖြစ်သူရဲ့စိတ်ကိုလှည့်ဖျားစေတတ်တာလဲ...နောက်မှသိလိုက်ရတာက ကျောင်းဝတ်စုံနဲ့လူငယ်ဟာ ကိုးရီးယားအင်အားကြီးစီးပွားရေးအင်ပါယာတစ်ခုဖြစ်တဲ့ချောင်းအာအုပ်စုရဲ့သားတစ်ယောက်ဖြစ်နေတာပဲ... ဘယ်လိုဘဝကိုမဆိုချနင်းနိုင်တဲ့အစွမ်းဟာ ငွေနဲ့ အာဏာဆိုတာကိုညီဖြစ်တဲ့ ကောင်လေးဟာသဘောပေါက်သွားတယ်....အဲ့ဒီနောက်တော့ သူဟာ ဘယ်လိုရည်ရွယ်ချက်တွေရှိမှန်းမသိပေမယ့်ချောင်းအာဂရုရဲ့ သားဖြစ်သူဆီမှာ ထောင်ကထွက်ပြီးနောက်ပိုင်း ဒူးထောက်ရင်း သူ့ကို သူငယ်ချင်းဖြစ်ခွင့်ပေးဖို့တောင်းဆိုရင်းဒီအသိုင်းအဝန်းထဲကို ဝင်ဖို့ကြိုးစားပါတော့တယ်....ဒီစီးရီးဟာ ဇာတ်အိမ်ကျယ်လွန်းလှသလို အပိုင်း(၁)မှာထဲက ဇာတ်ကောင်အလိုက် စရိုက်တစ်ခုချင်းဆီကိုခပ်သွက်သွက်ခင်းတယ်....ပြီးတော့ အဓိကမင်းသားဖြစ်သူရဲ့ရည်ရွယ်ချက်ဟာ အတော်ကြီးတယ်ဆိုတာကိုတဖြည်းဖြည်းပြထားတယ်...သူဟာ သိပ်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေသလိုငွေနဲ့အာဏာကို လိုသလို အကွေ့ေ၇ွှ့နိုင်ဖို့ ကစားနည်းမျိုးစုံ ကစားဖို့ စနစ်တကျစီစဉ်နေတာကိုလည်းတွေ့ရတယ်...နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စတွေပါသလို လူပေါ်လူဇော်နည်းမျိုးစုံ....ကိုယ်အဆင်ပြေစေဖို့ တစ်ခြားသူတစ်ယောက်ရဲ့ဘဝကို နင်းချေဖို့ဝန်မလေးတဲ့သူတွေမျိုးစုံနဲ့မို့ ဒီဇာတ်လမ်းတွဲဟာ မိသားစုလိုက် Stay Home နေရင်းကြည့်ပြီးဆွေးနွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲမျိုး..ဉာဏ်ကစားတဲ့ မြေခွေးပေါင်းစုံရဲ့ အခင်းအကျင်းတွေကိုကြည့်ရတာ မပျင်းမရိနဲ့ ဆွဲဆောင်အားတစ်မျိုးကောင်းလှတယ်.....မင်းသားကနာမည်ကြီးJang Hyuk ဖြစ်သလို မင်းသမီးဖြစ်တဲ့ Park Se-youngကလည်း ...
7.7
TMDb:
7.7/10
10 votes
tv
Money Flower(2017) [Complete]
2017