Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Öznur Serçeler
8.8
Golden Boy(2022)
Golden Boy(2022)****************အပိုင်းသစ် (၁၄၅+၁၄၆)Tele Episode (146) / Official Episode (73) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။ သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက် မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင် Halis Korhan ...
8.8
TMDb:
8.8/10
22 votes
tv
Golden Boy(2022)
2022
8.0
Erkenci Kus (2018) Daydreamer
Erkenci Kuş (Early Bird) (Daydreamer)CM Drama Romance ပရိသတ်တွေအတွက် ကမ္ဘာကျော်သွားခဲ့တဲ့ တူရကီ အချစ်ရိုမန့်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ....မင်းသားချော Can Yaman နဲ့ မင်းသမီးချော Demet Ozdemir တို့ပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Erkenci Kuş ဆိုတဲ့ စီးရီးလေးပါ။IMDb Rating (7.3) ထိ ရရှိခဲ့ပြီး ကမ္ဘာတစ်လွှားက မိန်းကလေး ပရိသတ်များအကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။ Best Romantic Comedy TV series ဆုကိုလဲ ရရှိခဲ့ပါတယ်...Can Yaman နဲ့ Demet Ozdemir တို့ကို အလွန်လိုက်ဖက်တဲ့ တူရကီစုံတွဲသရုပ်ဆောင်အဖြစ် သတ်မှတ်ကြတဲ့အထိ ဒီစီးရီးမှာ သူတို့နှစ်ယောက်က အသက်ဝင်ခဲ့ကြပါတယ်။တကယ်လဲ သူတို့နှစ်ယောက်ရဲ့ အရိုခန်းတွေက ကြည့်ရှုသူတွေကိုပါ ကြည်နူးပြုံးပျော်လာစေတာမျိုးပါ။ဒီစီးရီးက ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် နာမည်ကြီးတာမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာအကြောင်းကို ရှုထောင့်မျိုးစုံက တင်ဆက်နိုင်တာကြောင့် ရင်မှာစွဲငြိကြတာမျိုးဖြစ်ပါတယ်။ ...
8.0
TMDb:
8.0/10
39 votes
tv
Erkenci Kus (2018) Daydreamer
2018