Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niti Chaichitathorn
The Trainee (2024)
အချစ်ရဲ့အလုပ်သင်လေး (၂၀၂၄)စီးပွားရေးမေဂျာကျောင်းသားလေး လိုင်အန်၊ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်သင်အဖြစ်လုပ်ကြမယ့် သူငယ်ချင်းများဖြစ်တဲ့ တေး၊ ဘာမီ၊ ပိုင် တို့ဟာ ကိုယ်ကျွမ်းကျင်ရာ စိတ်သန်ရာအတိုင်း အကောင်းဆုံးလုပ်ကိုင်ဖို့အတွက် ရုပ်ရှင်ကုမ္ပဏီကို အလုပ်သင်အဖြစ်နဲ့လျှောက်ထားလာခဲ့ကြပြီး အလုပ်တွေကို သင်ယူဖို့ ရှိလာကြပါတယ်လိုင်အန်ဟာ လက်ထောက်ဒါရိုက်တာအဖြစ် ရုပ်ရှင်ကုမ္ပဏီမှာလုပ်နေတဲ့ ဂျိန်းနှင့်အတူ အလုပ်သင်အဖြစ် လုပ်ကိုင်ကြဖို့ဖြစ်လာပြီး အတွေ့အကြုံအသစ်တွေ ဖန်တီးတွေးခေါ်မှုအသစ်တွေ စိန်ခေါ်ချက်အသစ်တွေကို အတူတူ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဒီ BL ဇာတ်ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kim, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Kim, Dao ...
The Trainee (2024)
2024
Dangerous Romance (2023)
Dangerous Romance / အန္တရာယ်ရှိတဲ့အချစ် (2023)တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ အခြေအနေကနေ ချစ်သွားတဲ့အခြေအနေမျိုးကို ရောက်သွားတတ်သလိုပဲ ဒီဇာတ်လမ်းလေးကတော့ အချင်းချင်းမတည့်ရာကနေ ချစ်သွားကြမယ့် ဇာတ်လမ်းလေးပါ။Sailom က ဆင်းရဲပေမယ့် စာတော်တဲ့ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ရုန်းကန်နေရတဲ့သူပါ။Kanghan ကတော့ ချမ်းသာပြီး အနိုင်ကျင့်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပေါ့။Sailon တစ်ယောက် သူ့သူငယ်ချင်းကို Kanghan တို့အုပ်စု ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီပေးရင်း သူကိုယ်တိုင်ပါ Kanghan တို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အတန်းပိုင်ဆရာကလည်း လူချမ်းသာတွေဘက်ကိုပဲ ဦးစားပေးတဲ့သူဆိုတော့ ကျောင်းမှာ Kanghan တို့အဖွဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒီလိုနဲ့ အချင်းချင်းမတည့်ကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်မိသွားကြမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Mary, Hmwe, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… ...
Dangerous Romance (2023)
2023
Doctor Detective (2023)
Doctor Detective / အထောက်တော် ဆရာဝန် (2023)ခွန်ခေါင် အဖြစ် Nadech Kugimiya ကျိန်ကျီရာ အဖြစ် Kimmy Kimberly ထီထတ် အဖြစ် Alex Rendell မင်တရာ အဖြစ် Namwhan Phulitaဇာတ်လမ်းအကျဥ်း၂၀၀၀ ခုနှစ်အတွင်း GMP ဆေးသုတေသနဓာတ်ခွဲခန်းကြောင့် ရွာသားတွေ အဆိပ်မိမှုဖြစ်ပွားခဲ့တာမို့ ကူးစက်ရောဂါအထူးကုဒေါက်တာက အမိန့်စာနဲ့ ဓာတ်ခွဲခန်းကိုပိတ်ဖို့ကြိုးစားခဲ့ပါတယ် ဒီအချိန်မှာပဲ ဓာတ်ခွဲခန်းပေါက်ကွဲခဲ့ပြီး အထူးကုရော သူရဲ့ဇနီးဖြစ်သူ သုတေသနဆရာဝန်ပါမီးလောင်မှုမှာသေဆုံးခဲ့ရတယ်နှစ်၂၀ ကျော်ကြာပြီးနောက် ဆရာဝန်နှစ်ဦးရဲ့သားဖြစ်သူ ခွန်ခေါင်ဟာ အဖေဖြစ်သူလို ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီး အာဖရိကနိုင်ငံတွေမှာကူးစက်နေတဲ့ အီဘိုလာရောဂါကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တယ်ကျိန်ကျီရာကတော့ နာမည်ကြီးသတင်းထောက်ပျိုလေးဖြစ်ပြီး ဒေါက်တာခွန်ခေါင့်ကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်တာဗျူးချင်နေတဲ့သူတစ်ယောက်ပေါ့ လက္ခဏာဆန်းတွေနဲ့သေဆုံးသူတွေ နောက်ထပ်ရှိလာချိန်မှာတော့ ဒေါက်တာခွန်ခေါင်ဟာ နောက်ကွယ်ကအကြောင်းအရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ် သတင်းလိုချင်နေတဲ့ ကျိန်ကျီရာကလည်း ခွန်ခေါင်နောက်လိုက်ခဲ့ရင်း သူတို့နှစ်ယောက် ဒီဖြစ်ရပ်တွေနောက်မှာ ဘာအန္တရာယ်တွေရင်ဆိုင်လာရမလဲရောဂါဆန်းရှာဖွေရေးခရီးစဥ်မှာ နှလုံးသားရေးရာလေးတွေ ပါဝင်လာချိန်မှာတော့ ကျိန်ကျီရာ ၊ခွန်ခေါင်၊ မင်တရာ၊ ထီထတ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ ရောဂါတွေရဲ့အကြောင်းအရင်းကိုရော ရှာနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Nue Nue က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nue Nue, Nang ...
Doctor Detective (2023)
2023
8.3
To the Moon and Back (2023)
မာတာလဒါ အဖြစ် Toey Jarinporn ပူရင်မ်/ ပိန်နိန် အဖြစ် James Jirayuဇာတ်လမ်းအကျဉ်းပူရင်မ်က နာမည်ကြီးနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပြစ်ချက်မရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်ပူရင်မ်ဟာ ဖခင်ဖြစ်သူရဲ့စည်းမျဥ်းအတိုင်း ငယ်ကတည်းကနေခဲ့ရပြီး သွေးအေးလွန်းတာမို့ "နှလုံးသားမရှိတဲ့ နှလုံးအထူးကု"လို့တောင်ခေါ်ခံရပါတယ်မာတာလဒါကတော့ ဂေးဖခင်တစ်ဦးရဲ့သမီးဖြစ်ပြီး ဘဝကို ဖြူစင်စွာ ကလေးဆန်ဆန်ဖြတ်သန်းလာသူတစ်ယောက်ပေါ့လွတ်လပ်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရပြီး အလိုလိုက်ခံရသူပီပီ မာတာကတော့ ပူရင်မ်နဲ့ဆန့်ကျင်ဘက် စိတ်စေရာအတိုင်းဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့တယ်ဒီလိုမတူညီတဲ့ဘဝတွေရှိတဲ့ မာတာနဲ့ပူရင်မ်တို့ ဘဝအချိူးအကွေ့တစ်ခုမှာ ရင်းနှီးလာရချိန်မှာတော့ မာတာ့အပေါ်ခံစားချက်တွေရှိလာခဲ့တဲ့ ပူရင်မ်တစ်ယောက် သူ့အပေါ်ထိန်းချုပ်လာခဲ့တဲ့ဖခင်ကို ဆန့်ကျင်နိုင်ပါ့မလားအပူအပင်မရှိပျော်ရွှင်လာခဲ့တဲ့ မာတာကရော ဘဝထဲ အချစ်ဆိုတဲ့အရာဝင်ရောက်လာချိန်မှာ ဘာတွေပြောင်းလဲလာမလဲ အခက်အခဲတွေနဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးဖြောင့်ဖြူးနိုင်မလားဆိုတာ ကြည့်ရှုရအောင်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: มาตาลดา Episodes: 16 Aired: Jun 6, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: ...
8.3
TMDb:
8.3/10
votes
tv
To the Moon and Back (2023)
2023
9.5
Rivalry (2022)
" အမုန်းမျဥ်းပြိုင်ကြားက ချစ်ခြင်း" စ/ဆုံး" Game Prattana(Rivalry)"*****************************ဇန်နဝါရီလ ၂၆ရက်နေ့မှစ၍ Ch 3 Thailand ရုပ်သံလိုင်းတွင်ထုတ်လွှင့်ပြသမည့် P'Alex နဲ့ P'Nycha ရဲ့ဇာတ်ကားအသစ်ကိုဘာသာပြန်တင်ဆက်ပေးပါမယ် ခင်ဗျာ။***Cast; " အနဝင်း " အဖြစ် Alex Teeradetch***" မီလင် " အဖြစ် Nycha Nuttanichaဇာတ်လမ်းအကျဥ်းကတော့ " အနဝင်(Alex)" နဲ့ " မီလင်(Nycha)" တို့သည်မိဘမျိုးဆက်ကတည်းက စီးပွားရေးပြိုင်ဘက်တွေဖြစ်ကြပါတယ် ။"ပိုလိုပရဟိတ" ပွဲအတွင်း "အနဝင်" ရဲ့အဖေတို့ရဲ့ကုမ္ပဏီ ဒေဝါလီခံရတော့မယ်ဆိုတာ သိပြီး နှလုံးဖောက်သွားခဲ့တယ် ။အဲ့နေ့မှာပဲ "အနဝင်"ရဲ့ ချစ်သူ "ဒိုးနတ်" ကလည်း "မီလင်" ရဲ့အဖေနဲ့ လက်ထပ်သွားခဲ့ပါတယ် ။အရာအားလုံးတိုက်ဆိုင်ပြီး စိတ်နာကျင်မှုရသွားတဲ့ "အနဝင်" တစ်ယောက် ဘယ်လိုဖြတ်ကျော်နိုင်မလဲ ။" မီလင်" အဖေကြောင့် အကုန်ဒီလိုဖြစ်သွားတဲ့အတွက် " မီလင်" ...
9.5
TMDb:
9.5/10
2 votes
tv
Rivalry (2022)
2021