Channel Myanmar

Nandu Vijay Krishna

Vadhuvu (2023) 5.5
Vadhuvu (2023) Vadhuvu (TV Series 2023) "သတို့သမီး" IMDb - 8.0/101920: Horrors of the Heart(2023) ဟော်ရာကားထဲက မင်းသမီးချောလေး အေဗီကာဂေါ်ရ် အဓိကပါဝင်ထားပြီး Hotstar Specialကနေ အပိုင်း၇ခုနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ Hotstarကနေပဲထုတ်လွှင့်ခဲ့တဲ့ Indu(2021) web seriesကို ပြန်လည်ရိုက်ကူးထားတာမို့ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ ထိတ်လန့်ဖွယ်မြင်တွေ့ကြရဦးမှာပါ။အင်ဒူဆိုတဲ့ မိန်းမပျိုလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲကို သုံးကြိမ်တိုင်တိုင် ဖျက်သိမ်းခံထားရတဲ့ ကံဆိုးသူ သတို့သမီးလေးတစ်ယောက်။မင်္ဂလာပွဲနေ့ရက်ကျမှ ဂြိုဟ်ဆိုးဝင်ဝင်လာပြီး မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရတာချည်း။ သူလိုပဲ မင်္ဂလာပွဲတွေဖျက်သိမ်းခံရတဲ့ သတို့သားတစ်ဦးနဲ့ နောက်ဆုံးမှာတော့ အကြောင်းပါပြီး အဖျက်အမှောင့်တွေကြားကပဲ မင်္ဂလာပွဲဖြစ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမင်္ဂလာပွဲတွေဖျက်သိမ်းရတဲ့အကြောင်းအရင်းကပဲ သူတို့ဘ၀တွေမှာ အနှောင့်အယှက်တွေဖြစ်လာတဲ့အခါ...။လျောင်နောက်ဆံတုံးပါဆိုသလို အင်ဒူတစ်ယောက် ခင်ပွန်းသည်နောက်လိုက်သွားခဲ့ပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့မိသားစုရဲ့ နောက်ကြောင်းအရှုပ်အထွေးတွေကြားမှာ ပါဝင်ပတ်သက်မိတဲ့အခါ...။ အရင် အင်ဒူစီးရီးမှာလိုပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တဖိုဖိုနဲ့ ခံစားကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
5.5
TMDb: 5.5/10 2 votes
tv

Vadhuvu (2023)

2023
Mansion 24 (2023) 5
Mansion 24 (2023) Mansion 24 (2023) "ပဟေဠိ စံအိမ်"Disney+ Hotstarကနေထုတ်လွှင့်ခဲ့ပြီး တောင်ပိုင်းမင်းသမီးချောဗာရာလက်ရှ်မီးဆာရာသ်ကူးမား အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ ဇာတ်အိမ်တစ်ခုရဲ့ နောက်မှာပဲ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်။အမ်ရူသာဆိုတာ ထောက်လှမ်းရေးသတင်းထောက်တစ်ယောက်။ အိပ်ရာထဲလဲနေတဲ့ အမေဖြစ်သူကိုပြုစုရင်း စိတ်ပင်ပန်းနေရတယ်။အိပ်ရာထဲလဲရတာကလည်း အဖေဖြစ်သူ ရှေးဟောင်းသုသေတနပညာရှင်ကြီးက တန်ဖိုးရှိရှေးဟောင်းရတနာတွေနဲ့ ထွက်ပြေးသွားတယ်ဆိုပြီး မီဒီယာတွေရော ရဲတွေရော ရှေးဟောင်းသုသေတနအသိုင်းအဝိုင်းကပါ တံဆိပ်အကပ်ခံရတဲ့စိတ်နဲ့ပါ။ အမှန်တရားကိုသိရဖို့အတွက် သတင်းထောက်အမ်ရူသာတစ်ယောက် အဖေဖြစ်သူကို နောက်ဆုံးတွေ့လိုက်ရတယ်ဆိုတဲ့ စံအိမ်ကြီးဆီကိုသွားဖို့ ဖြစ်လာပါတော့တယ်။ အဲဒီစံအိမ်ကြီးရဲ့ထူးခြားချက်က ဝင်ပြီးသွားတဲ့လူတိုင်း အသက်ရှင်လျက်ပြန်ထွက်မလာကြတော့တာပဲ။ အဲဒီလို စံအိမ်ကြီးထဲကိုမှ အားလုံးတားနေတဲ့ကြားကနေ စံအိမ်ကြီးဆီကိုရောက်သွားတဲ့အခါမှာတော့...။ စံအိမ်ကြီးထဲက တဖက်လပ်အစောင့်အဘိုးကြီးနဲ့တွေ့ပြီး ပဟေဠိဆန်ဆန်ဇာတ်လမ်းတွေကို နားထောင်ရင်း အဖြေရှာရတဲ့အခါမှာ...။အမ်ရူသာတစ်ယောက် စံအိမ်ကြီးထဲမှာ ဘာကိုသတိထားမိသွားမှာလဲ။ ပျောက်ဆုံးနေတဲ့ အဖေဖြစ်သူကိုရော ရှာတွေ့မှာလား။ ဘ၀မှာ ကြုံတွေ့ရတဲ့လူတိုင်းဆီကနေ မေးခွန်းတစ်ခုနဲ့ အစပြုခဲ့ကြတယ်။တချို့မေးခွန်းတွေက အဆုံးသတ်ချိန်ထိ အဖြေရှာမတွေ့ခဲ့ရဘူး။ဒီလိုပဲ အဖြေမရှိတဲ့မေးခွန်းတစ်ခုကို ရှာနေခဲ့တာလား။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ Alex~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
5
TMDb: 5/10 3 votes
tv

Mansion 24 (2023)

2023