Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Namkoong Min
5.6
I Need Romance S3(2014)
I Need Romance S3(2014)***********************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံးS3လို့ရေးထားလို့ S1/S2 မကြည့်ဘဲ S3ကြည့်လို့ရလားဆိုရင်S1/S2နဲ့ ဇာတ်လမ်းရော သရုပ်ဆောင်တွေရော လုံးဝမတူလို့ကြည့်လို့ရပါတယ်...Sung Joon ,Namkoong Minနဲ့ Kim So Yeon တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါပြီးတော့အသုံးအနှုံးတွေ ခဲတစ်ပစ်အကွာရောက်တိုင်း အနမ်းခန်းတွေပါတာမို့လို့ကလေးတွေနဲ့ မိသားစုတွေ အတူကြည့်သင့်သလိုလို မကြည့်သင့်သလိုလိုစီးရီးပါပဲ...ကောင်လေးတစ်ယောက်ရှိတယ်...ကလေးဘဝကတည်းက သူ့ကိုထိန်းကျောင်းခဲ့တဲ့သွေးမတော် သားမစပ် မမတစ်ယောက်လည်းရှိတယ်... ကောင်လေးကတော့ ငယ်ငယ်လေးကတည်းကသံယော်ဇဉ်တွေအများကြီးတွယ်ခဲ့ရသူမို့ မမရှင်းရှင်း ဆိုပြီးရင်ထဲအမြဲရှိခဲ့တဲ့သူ.... သို့ပေမဲ့ရှင်းရှင်းအတွက်တော့ ဒီကောင်လေးဟာ ရုပ်ဆိုးတဲ့ကောင်လေးဖြစ်တဲ့အပြင်သူမရဲ့ အမေဖြစ်သူဟာ ကောင်လေးရဲ့ သူဌေးမိသားစုအိမ်မှာအလုပ်လုပ်ခဲ့ရလေတော့ ပြောရရင် ကောင်လေးနာမည်နဲ့အသံကြားတိုင်းသိမ်ငယ်စိတ်တစ်မျိုးနဲ့မုန်းတီးနေခဲ့ရတဲ့သူပေါ့.... ကောင်လေးကလည်း နိုင်ငံခြားသွားပညာသင်ကြားလို့ မမရှင်းရှင်းနဲ့နှစ်အကြာကြီးခွဲခွာခဲ့ရပါတယ်...ဒီလိုနဲ့ အချိန်အတော်ကြာပြီးနောက်ကိုရီးယားမှာ မမရှင်းရှင်းနဲ့ ပြန်ဆုံရတဲ့အခါ သူမျှော်လင့်ထားသလိုကလေးဘဝက ကြင်နာအေးမြတဲ့ရှင်းရှင်းမဟုတ်တော့တဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ရယ်လည်းရယ်ရ....ရိုလည်းရိုရတဲ့ အပိုင်းတိုင်း စွဲမက်ဖွယ်မို့ ခံစားကြည့်ကြပါဦး....Genres: Comedy, Romance, Drama Episodes: 16 Aired: Jan 13, 2014 - Mar ...
5.6
TMDb:
5.6/10
5 votes
tv
I Need Romance S3(2014)
2014
6.63
The Girl Who Sees Smells (2015) [Complete]
The Girl Who Sees Smells (2015) ********************************** အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါ ပြန်တင်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ Webtoon ကို အခြေခံပြီး ရိုက်ထားတဲ့အပြင်Shin Se Kyung, Park Yoo Chun တို့အပြင် Nam Koong Min, Choi Tae Joon, Kim So Hyun စတဲ့သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း...သာမန် အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ချွဲအွန်းဆော (Shin Se Kyung) ဟာ တစ်ရက် ကျောင်းကပြန်အလာသူရဲ့ မိဘတွေကို သတ်နေတဲ့ လူသတ်သမားနဲ့ တွေ့ပြီးထွက်ပြေးရင်း ကားတိုက်မိသွားပါတော့တယ်။အဲဒီလိုနဲ့ ကိုမာဝင်သွားခဲ့ပြီး ၆ လအကြာမှာ ပြန်လည်နိုးထလာရာကအနံ့တွေကို မြင်ရတဲ့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။တစ်ဘက်မှာလည်း ကင်းလှည့်ရဲတစ်ယောက်ဖြစ်တဲ့ ချွဲမူဂတ် (Park Yoo Chan) ဟာလွန်ခဲ့တဲ့ သုံးနှစ်က ...
6.63
TMDb:
6.63/10
23 votes
tv
The Girl Who Sees Smells (2015) [Complete]
2015
My Dearest (2023)S1+S2 [Complete]
My Dearest (2023)****************** ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်ကလွှင့်ထားတဲ့ The Good Bad Mother ထဲက မင်းသမီး Ahn Eun Jinတို့က အဓိက ပါဝင်ထားပါတယ်....ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီးလိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ်အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်...အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်...အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီးဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရမြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြားဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့...သို့ပေမဲ့သူ့မှာလူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ...အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်.....File Size – 1.2GB/500MBQuality –1080p, 720pDuration – 1h (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ...
My Dearest (2023)S1+S2 [Complete]
2023
6.462
Distorted (2017) [Complete]
Distorted (2017)*************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံး ဒီစီးရီးမှာတော့ One Dollar Lawyer, My Dearestစတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးNam Goong Minနှင့် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်...ကိုရီးယားနိုင်ငံငံမှာ လုံးဝသွားထိလို့မရတဲ့ လူတန်းစားများစွာရှိတယ်...နိုင်ငံရေးသမားတွေနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကိုအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့အာဏာရှိအသိုင်းအဝန်းပဲ... ဒီလူတွေက သွားမထိရဲလောက်အောင် အင်အားကြီးကြသလိုပြဿနာတစ်ခုပေါ်တိုင်းလည်း လက်စဖျောက်ရှင်းဖို့ အစီအစဉ်ပေါင်းများစွာရှိတယ်...တစ်နေ့တော့ ကိုရီးယားနိုင်ငံရေး ပြည်သူတွေ အံအားသင့်ရလောက်တဲ့ထိသတင်းတစ်ခုတက်လာခဲ့တယ်...ဒီသတင်းက အာဏာရှိသူတစ်ယောက်ရဲ့ နောက်ကွယ်ကမကောင်းမှုတွေဖြစ်ပါတယ်...ဒီသတင်းတက်လာပြီး သိပ်မကြာခင်မှာပဲ သတင်းရေးတဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို အမှုတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်..သေဆုံးသွားတဲ့ သတင်းသမားမှာ ညီဖြစ်သူကျန်ခဲ့တယ်...အကိုဖြစ်သူသေဆုံးသွားလို့ အဖြစ်မှန်အားလုံးဖော်ထုတ်ရင်း လက်စားချေလိုပေမဲ့ဒီအသိုင်းအဝန်းဟာ ပုံမှန်သမရိုးကျနည်းနဲ့ ချဉ်းကပ်လို့မရဘူးလို့ အကိုဖြစ်သူသေဆုံးခြင်းကသူ့ကိုသဘောပေါက်စေခဲ့တယ်...ဒါ့ကြောင်း အချိန်ယူအစွမ်းကုန်ပြင်ဆင်ရင်းဒီစောင်တလွဲလောကကြီးကို ရိုက်ချိုးဖို့ ကြံစည်ပါလေတော့တယ်...မင်းသားကတော့ ကျွန်တော်တို့ဆရာကြီး Nam Goong Min ဆိုတော့ကားဒီလိုကာရိုက်တာတွေနဲ့အလွန်လိုက်ဖက်လေတော့ ကြည့်လို့ မလန်းမှာတော့ပူပင်စရာမလိုပါ......Episodes: 16 Aired On: Saturday, Sunday Original Network: SBS Duration: 1 hr. 10 ...
6.462
TMDb:
6.462/10
13 votes
tv
Distorted (2017) [Complete]
2017
One Dollar Lawyer(2022)[Complete]
One Dollar Lawyer(2022)***********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးNamkoong Min ရဲ့ ဇာတ်ရုပ်အများစုဟာအပြုံးအရယ်နည်းတယ်..ဉာဏ်ရည်မြင့်တဲ့ဇာတ်ရုပ်တွေနဲ့ထီမထင်သူ့ဟန်ပန်ကြောင့် အတော်များများသဘောကျကြတယ်..ဟာသ အချစ်တွေ နဲ့ အပန်းဖြေဇာတ်ကွက်တွေ တစ်စက်တောင်မပါလင့် ကစား ဒီဘဲကြီးရဲ့စီးရီးတွေ နင်းကန်ကြည့်ကောင်းနေတယ်... Doctor Prisoner,Hot Stove League,Awaken, The Veil တို့ တင်မဟုတ် Remember: War of the Son , Can You Hear My Heartတို့လိုဗီလိန်ဇာတ်ရုပ် ထဲတောင်ကြွေအောင်သရုပ်ဆောင်နိုင်တဲ့ဒီဘဲကြီးဟာ အခု စီးရီးကလည်း လန်းဖို့အတော်များတယ်.. ဒီစီးရီးထဲမှာ သူဟာ ရှေ့နေဖြစ်တယ်..ထူးဆန်းတာက သူ့ရဲ့ ရှေ့နေငှါးခကတော့ တစ်ဒေါ်လာပဲကျသင့်ပါသတဲ့... သို့ပေမဲ့ ရှေ့နေအသိုင်းအဝန်းထဲမှာတော့ သူဟာ ဆရာကျတဲ့အထဲမှာပါတယ်... သူ့ရဲ့ အဓိက ပစ်မှတ်တွေကတော့ လူကုံထံ ငညစ်တွေနဲ့ အဲ့အသိုင်းအဝိုင်းကို ရှေ့နေ့လုပ်ပေးပြီး ဉပဒေလက်တစ်လုံးခြာလုပ်နေတဲ့ အဖွဲ့တွေကို ကောင်းကောင်းကြီး ရိုက်ချိုး သမဖို့ပါတဲ့..ဘယ်လိုတွေ လန်းနေမလဲဆိုတာကိုတော့ ....Episodes: 16 Aired: Sep 23, 2022 - Nov 12, 2022 Aired ...
One Dollar Lawyer(2022)[Complete]
2022
8.6
Remember (2015)
Remember (2015) ဇာတ်လမ်းတွဲ********************************အပိုင်း (၁ မှ ၂၀) ထိ စ/ဆုံးCrime စီးရီးတွေမှာဆို အဓိက ဇာတ်ကောင်နဲ့ ဗီလိန်အားပြိုင်ကြတဲ့ပွဲတွေမှာ(၂)ဘက်လုံးက တစ်မျိုးစီအင်အားကြီးတဲ့ဟာမျိုးဆို အထူး နှစ်ခြိုက်ကြတယ်.. Defendant 2017 တုန်းကဆိုလည်းဗီလိန်နဲ့မင်းသားရဲ့ အားပြိုင်မှုတွေကြောင့် ကျွန်တော်တို့ အစဆုံး မနားတမ်းကြည့်ဖြစ်ခဲ့တယ်..ဒီစီးရီးလည်း ဒီလိုပါပဲ..မင်းသားဖြစ်တဲ့သူက ထူးခြားတဲ့မှတ်ဉာဏ်ရှိတဲ့ ပါရမီရှင်ဖြစ်တယ်..မြင်ကွင်းတစ်ခုကို ပြန်စဉ်းစားပြီး မှတ်တမ်းတင်ထားသလို အစဆုံးပြန်ပြောနိုင်စွမ်းရှိတယ်...သူကတော့ အဖေရဲ့မတရားစွပ်စွဲခံရမှုကို သူ့ရဲ့ ထက်မြက်တဲ့ဉာဏ်ရည်ကိုအသုံးချပြီးပြန်ဖြေရှင်းဖို့ကြိုးစားနေတဲ့သူ...ဗီလိန်ကလည်း cast က Namkoong Min ကြီးဖြစ်နေတော့ ရှယ်ပါပဲ..ကြည့်နေရင်း လန့်ပြီး ရွံရှာမုန်းတီးလောက်အောက် အက်တင်က လန်ထွက်နေပါတယ်..အဘက်ဘက်က အင်အားကြီးနေတဲ့အပြင် လိုချင်တာဘာမဆို မရရတဲ့နည်းနဲ့ ယူတတ်တဲ့သူ့ရဲ့အကွက်မြင်မှုတွေကြောင့် အပိုင်းတိုင်း ဒီဘဲဘယ်လို ပြဿနာရှာမလဲနဲ့ လန့်နေရလောက်အောင်ကြမ်းပါတယ်..ဆိုတော့ နင်းကန်ကြည့်သင့်ပါကြောင်း ညွှန်းဆိုလိုပါတယ်..တစ်ချို့လည်းကြည့်ပြီးသားဖြစ်ပေမဲ့ Quality အလန်းစားလေးနဲ့ခံစားလို့ရအောင်1080p လေးလည်းရှယ်လုပ်ပေးထားပါတယ်... Episodes: 20Aired: Dec 9 ,2015 Feb 18 ...
8.6
TMDb:
8.6/10
18 votes
tv
Remember (2015)
2015
The Veil(2021)
The Veil(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံး....နှင့် ဆိုးယွန်းအကြောင်း သီးခြား Special ep (၂)ပိုင်းဟန်ဂျီဟော့ ဆိုတာ NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက် တစ်ယောက်....သူဟာ တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာလုပ်ဖော်ကိုင်ဘက်တွေ မရှုတ်မလှ အသတ်ခံလိုက်ရသလိုကိုယ်တိုင်လည်း အသက်ဘေးကလွတ်အောင်မနည်းပြေးလိုက်ရပုံပေါ်တယ်....အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်...NIS ဟာ အေးဂျင့်အဖမ်းခံရတာကိုသတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်...တကယ်အရေးကြီးအဖွဲ့အစည်းတွေရဲ့ထုံးစံအတိုင်းပြန်လည်ကယ်ဆယ်ခံရပေမဲ့ကာကွယ်ရေးစီမံချက်ထုံးစံအတိုင်းကယ်ဆယ်ခဲ့တဲ့ အေးဂျင့်ကို နည်းအမျိုးမျိုးနဲ့စစ်ဆေးပါတယ်...အဲ့ဒီမှာထူးဆန်းစွာပဲ Mission ထမ်းဆောင်ခဲ့တဲ့ အချိန်ကစလို့ ထွက်ပြေးတဲ့အချို့အချိန်ကာလအထိမှတ်ချက်တွေဖျက်ဆီးခံထားရတယ်...သူဟာ အတိတ်မေ့နေတာမျိုးမဟုတ်ဘဲ သီးခြား မှတ်ဉာဏ်ကိုဖျက်ဆီးခံထားရတာပါ....အဲ့ဒီနောက်မှာတော့...လျှို့ဝှက်ချက်များစွာနဲ့ အပိုင်း(၁)ကိုတော့ အစပျိုးထားတယ်...ဒီစီးရီးအတွက် မင်းသား Namkoong Min ဟာ ဘော်ဒီတွေဘယ်လောက်တောင်လေ့ကျင့်ထားတယ်မသိ...လုံးဝအမိုက်စားပဲ..အက်ရှင်ခန်းတွေ တော်တော်ကြမ်းသလိုသတ်တဲ့အခန်းတွေလည်း ရက်စက်ပါတယ်...ဘက်ဂျက်လည်းတော်တော်သုံးထားပုံရတယ်....ရိုက်ထားတာတွေရော Cast အမိုက်စားတွေရော...မင်းသမီးချော Park Ha-sunလည်းပါလို့ ဒီတစ်ခါတော့ Love Line လေးနည်းနည်းလောက်ပါပါလို့မျှော်လင့်နေမိတယ်....ကိုင်းစိတ်ဝင်စားစရာ အက်ရှင်ဇာတ်လမ်းတွဲမို့ အားပေးလိုက်ကြရအောင်...Episodes: 12Duration: 1 hr. 20 min.Aired: Sep ...
The Veil(2021)
2021
8.6
Good Manager(2017)
Good Manager(2017) ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း (၁ မှ ၂၀) ထိ စ/ဆုံး" ငွေမည်းတွေကိုဖြတ်စားရမယ်....ကွက်ကျော်နင်းတဲ့သူဆီက ငွေကိုဖြတ်စားရမယ်...တရားမဝင်ငွေရှာတဲ့သူဆီက ဖြတ်စားရမယ်...သဲ့ယူခြင်းနိဗ္ဗန်ဆိုတာ ဒီလိုလောကကြီးကိုခေါ်ဆိုသတဲ့...ဒါမှ ရဲမတိုင်မှာလေ..."ဒီအယူအဆကိုလက်ကိုင်ထားသူကတော့ နယ်မြို့လေးမှာ စာရင်းကိုင်ကျွမ်းကျင်တဲ့ မန်နေဂျာကင်လို့အမည်ရတဲ့The Veil ထဲက ဖိုက်တာမင်းသားကြီး Namgoong Min ဖြစ်ပါသတဲ့....သူက သင်္ချာကိန်းဂဏန်းတွေမှာထူးချွန်တယ်...ငွေကြေးတွေကိုကစားနိုင်စွမ်းရှိသလို လက်ရှိမှာလည်း လူမိုက်ဂိုဏ်းတစ်ခုမှာစာရင်းကိုင်လုပ်နေတယ်...သူတတ်တဲ့ပညာနဲ့ ရသမျှငွေကို ကတုံးပေါ်ထိပ်ကွက်လုပ်ရင်း ပိုက်ဆံစုဆောင်းနေတဲ့ငပွေးတစ်ယောက်ပေါ့...တစ်ဆက်ထဲမှာပဲ ကိုရီးယားရဲ့အကြီးမားဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ TQ လုပ်ငန်းစုဟာ ငွေဖြူငွေမည်းပြဿနာတစ်ချို့ရှိနေတယ်...အဲ့ဒီမှာစတေးခံစာရင်းကိုင်တစ်ယောက်လိုအပ်နေချိန်မှာ အလုပ်လာလျှောက်တဲ့ ဆရာကင်ကိုတွေ့လာပြီးနောက်ခံအင်အားလည်းမရှိတစ်ကိုယ်တည်း ဖြစ်သလိုဖြတ်သန်းခဲ့တဲ့ အညတရစားရင်းကိုင်လေးကိုထပ်မံအသုံးချဖို့ ကုမ္ပဏီကြီးက ကြိုးစားလာတဲ့အချိန်မှာတော့....ငပွေးဆရာကင်ကပဲ ပွန်းကောင်လေးဖြစ်သွားမလား....ငချွတ်လေးဆိုပြီး စမ်းလိုက်တဲ့ ကုမ္ပဏီကြီးပဲ ပြိုလဲသွားမလားဆိုတာကိုတော့....THE VEIL ကြည့်ပြီးပြီးချင်း ဒီစီးရီးကိုကြည့်ရတော့ Namgoong Min ရဲ့စတိုင်က ဆံပင်အရောင်ကလည်းရွှေရောင် ဝတ်လိုက်ရင်လည်း ကကြိုးကဂျောင်နဲ့...ဗရုတ်သုတ်ခ တော်ကီတွေနဲ့ တော်တော်ကြီးကိုရယ်နေရတာပါ..ပုံမှန်လေးနေလည်းရယ်ချင်နေမိရော..ဒီလိုပြောလို့ ပေါတောတောကားလို့ မထင်လိုပါနဲ့....Crime ဇာတ်လမ်းတွဲမို့ ရင်ခုန်စိတ်လှုပ်ရှားရသလို ဗီလိန်သရုပ်ဆောင်တွေကလည်း မိုက်ပါတယ်...ခေါင်းဆောင်ဟုန်တို့ကတော့ ဒီဇာတ်လမ်းတွဲမှာ ...
8.6
TMDb:
8.6/10
19 votes
tv
Good Manager(2017)
2017
Awaken(2020)
Awaken(2020)အညွှန်း**********************အပိုင်းသစ်(၁၆) ဇတ်သိမ်းပို်ငးမင်းသား Nam Goong Min ဟာ Hot Stove League (၂၀၁၉) နဲ့Doctor Prisoner(၂၀၁၉)တို့မှာRo ခန်းမပြောနဲ့ မင်းသမီးကို ချစ်တဲ့ဟန်အမူအရာလုံးဝမပါဘဲ ပွဲပတ်ကြမ်းနေတဲ့ ထူးထူးခြားခြား ကိုရီးယားစီးရီး(၂)ခုမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့တာပါ....ဂျစ်ကန်ကန် မထေမဲ့မြင်အပြုံးနဲ့ တစ်ဘက်သားကို ထိုးနှက်ဖို့စကားလုံးလှလှတွေသုံးရင်း ထက်မြက်လှတဲ့ သူ့အရည်အချင်းတွေနဲ့ ရန်သူကို အနိုင်တိုက်တတ်တဲ့ဒီဟန်အမူအရာတွေကြောင့် အဆင်ငမ်းပါ့မယ်ဆိုတဲ့ နှုတ်ခမ်းနီမလေးတွေတောင် ကြွေခဲ့ပါတယ်.....ဒီစီးရီးထဲမှာလည်း နှုတ်ခမ်းမွေးစစ ပေစုတ်စုတ်နဲ့ လုပ်ချင်ရာလုပ်တဲ့ စုံထောက်အဖြစ်နဲ့ပါဝင်ထားပါတယ်....အပိုင်း(၁)မှာ လွန်ခဲ့တဲ့ ၂၈ နှစ်က အစုလိုက်အပြုံလိုက်သေတဲ့မှုခင်းကြီးတစ်ခုကိုပြထားပြီးနောက် ဓားပြတိုက်တဲ့အဖွဲ့ ကို Nam Goong Min တို့ရဲစုံထောက်တွေလိုက်ဖမ်းတာနဲ့စထားပါတယ်....ကျွန်တော်ကတော့ အပေါ်ကပြောခဲ့တဲ့ စီးရီး(၂)မှာတင် လုံးဝသဘောကျခဲ့တာမို့ဒီစီးရီးမှာလည်း လန်းဖို့များပါတယ်...သူနဲ့အလိုက်ဆုံး စရိုက်နဲ့ ဖွဲ့စည်းထားတာမို့တော်တော်လည်း အထှာကျပါတယ်..ပြီးတော့ ဘက်ဂျက်အများကြီးသုံးထားပုံရပါတယ်..ရိုက်ထားတာတွေလည်း တော်တော်မိုက်ပါတယ်. စုံထောက် ၊အက်ရှင်၊မှုခင်းကားတွေ မျှော်လင့်နေတဲ့သူတွေအဖို့ ရော Nam Goong Min ...
Awaken(2020)
2020
8.7
Hot Stove League (2019)
Hot Stove League (2019)ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၁၆) ဇတ်သိမ်းDreams ဆိုတဲ့ဘေ့စ်ဘောအသင်းဟာ ရာသီဆက်နီးပါ အမှတ်ပေးဇယားအောက်ခြေကနေရုန်းမထွက်နိုင်ဘူး...ပရိတ်သတ်တွေရဲ့စိတ်ပျက်လက်ပျက်ဖြစ်မှုဟာ နေ့စဉ်နဲ့အမျှတိုးပွားနေတယ်....ပြောရရင် Dream အသင်းဟာအဘက်ဘက်က ယိုယွင်းနေပါတယ်...ပိုင်ရှင်သူဌေးကလည်း အမြတ်နည်းလှတဲ့အသင်းကို သံယော်ဇဉ်မရှိလှသလိုနည်းပြအဖွဲ့တွေကစလို့ ဟိုးအောက်ခြေကစားသမားတွေအထိ အဖွဲ့တွေကွဲပြားနေလို့အသင်းအခြေအနေဟာ ဟိုးအောက်ခြေကနေမတက်တော့တဲ့အနေအထားပါ....ဒီရာသီမှာတော့ ပရိတ်သတ်တွေရဲ့သီးခံနိုင်မှုကုန်ဆုံးလာသလို အထွေထွေမန်နေဂျာကိုယ်တိုင်လည်း နှုတ်ထွက်သွားပါတယ်....ဒါ့ကြောင့် နောက်ရာသီအတွက်ပြင်ဆင်ဖို့ Dreams အသင်းဟာ အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ခေါ်ဖို့စတင်ကြိုးစားပါတယ်....သူဌေးနဲ့စီမံရေးမန်နေဂျာတို့ဟာ လာရောက်အင်တာဗျူးတဲ့အထဲကမှ အကြိုက်ဆုံး(၂)ယောက်ကိုရွေးထုတ်ထားတယ်... ဘေ့စ်ဘောအကြောင်းလုံးဝမသိဘဲ အရင်က လက်ပစ်ဘောအထွေထွေမန်နေဂျာနဲ့တခြားအသင်းအချိို့မှာအလုပ်လုပ်ဖူးတဲ့ သူတစ်ယောက်နဲ့တောင် အင်တာဗျူးမှာရန်ဖြစ်ခဲ့ပါသေးတယ်....နောက်တစ်နေ့မှာတော့စီမံရေးဌာနကတောင်မသိဘဲ ပိုင်ရှင်သူဌေးကိုယ်တိုင်က ဘေ့စ်ဘောအကြောင်းလုံးဝမသိတဲ့အင်တာဗျူးမှာပြဿနာဖြစ်ခဲ့တဲ့သူကို အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်လိုက်သတဲ့...နည်းပြအဖွဲ့အကွဲအလွဲတွေ၊လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းချို့တဲ့မှုတွေ၊တန်းဆင်းဇုံကအသင်းမို့ ကစားသမားကောင်းမလာချင်ငွေမသုံးနိုင်တဲ့အနေအထားတွေ၊ ကင်းထောက်အဖွဲ့တွေကစားသမားသင်းကွဲတွေနဲ့ဘေ့စ်ဘောအကြောင်းမသိတဲ့အထွေထွေမန်နေဂျာတုိ့ ဆုံတွေ့ကြတဲ့အခါမှာတော့....ဒီစီးရီးက ဘေ့စ်ဘော အားကစားနဲ့ဆိုင်တဲ့စီးရီးမို့အတော်များများက ကြည့်ဖို့လက်ရှောက်ကြပါတယ်...ဒါပေမဲ့ အပိုင်းတစ်ဆုံးအောင်ကြည့်လိုက်တာနဲ့ဆက်တိုက်ကြည့်ချင်သွားတယ်...အဓိကသရုပ်ဆောင်မင်းသား Nam Goong Min နဲ့ လိုက်ဖက်တာကြောင့်လည်းပါမယ်ထင်တယ်..တစ်လျှောက်လုံး အပြုံးအရယ်လုံးဝမရှိပဲ ခပ်ထေ့ထေ့ မျက်ဝန်းတစ်ခုထဲနဲ့ ဇာတ်ကားတစ်ကားလုံးကိုသူမွှေနှောက်သွားတာ....အလန်းဆုံးကတော့ Plot Twistတွေပဲ...ဘာဆက်လုပ်မယ်ကို မှန်းမရတာ...အကွက်ကြီးတွေက အလန်းကြီးဟ လို့ ထရေရွတ်မိအောင် အခန်းတိုင်းလုပ်နိုင်တယ်...မကြည့်ရသေးတဲ့သူတွေကြည့်ပါ..အခေါက်ခေါက်အခါခါပြန်ကြည့်ချင်တဲ့စီးရီးထဲမှာလုံးဝပါပါတယ်..အနှစ်ချုပ်ရရင်တော့ နင်းကန်ကောင်းလို့နင်းကန်ဒေါင်းကြပါ...ကြည့်ပြီးသားသူတွေတော့ စပွိုင်လာမန့်မျိုးတွေရှောင်ပေးကြပါခင်ဗျ.,,အားလုံးကို ...
8.7
TMDb:
8.7/10
7 votes
tv
Hot Stove League (2019)
2019
5.9
Dr.Prisoner ( 2019 ) ( Completed )
Dr.Prisoner (2019)"I'll let you out, if you can bare the pain of death" ဆိုတဲ့ စိတ်ဝင်စားဖွယ်ဒိုင်ယာလော့လေးနဲ့ နမူနာထွက်ခဲ့ဖူးတဲ့ Doctor Prisoner ဇာတ်ကားလေးဟာRatings: 8.4/10 နဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့ပြီး ဆုပေါင်းများစွာကိုသိမ်းပိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါTaekang ဆေးရုံရဲ့ အရေးပေါ်စောင့်ရှောက်ရေးဌာနမှာ လူနာများကိုကျောသားရင်သားမခွဲခြားဘဲ စိတ်ရင်းစေတနာကောင်းစွာနဲ့အပြည့်အဝစောင့်ရှောက်ပေးနေတဲ့ ခွဲစိတ်ဆရာဝန်လေး Na Yi Je ဟာမတော်တဆမှုတစ်ခုကြောင့် စွပ်စွဲခံရပြီးဆရာဝန်လိုင်စင်ယာယီအသိမ်းခံရပြီး ဆေးရုံမှ မောင်းထုတ်ခံခဲ့ရပါတယ်သူဟာ တရားမှုကိုအဖြေရှာဖို့ အကျဉ်းထောင်ဆရာဝန်မှုးတစ်ယောက်အဖြစ်လျှောက်ထားပြီး လက်တုန့်ပြန်ဖို့ကြိုးစားခဲ့တယ်ထောင်ထဲမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ ဆေးမှုနဲ့ထောင်ကျတဲ့ဆယ်လီတွေလောင်းကစားလုပ်တဲ့အားကစားသမားတွေ အစရှိတဲ့အကျဉ်းသားပေါင်းစုံနဲ့တွေ့ရပြီးသူ့ကိုမောင်းထုတ်ခဲ့တဲ့ ဆေးရုံကို လက်တုန့်ပြန်ဖို့ ဘယ်လိုတွေအစီအစဉ်ဆွဲမလဲဆိုတာစိတ်ဝင်စားဖွယ် ဆိုက်ကိုဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 720pFormat : mp4Total Episodes : 32 ( Completed )During : ...
5.9
TMDb:
5.9/10
10 votes
tv
Dr.Prisoner ( 2019 ) ( Completed )
2019