Channel Myanmar

Mint Pondiva Sakornchan

The Sky Without the Sun (2023)
The Sky Without the Sun (2023) ပုတ်ချတ် အဖြစ် Chap Varakorn နမ့်ဖွန် အဖြစ် Mint Pondivaဇာတ်လမ်းအကျဉ်းပုတ်ချတ်ရဲ့ ဖခင်ဖြစ်သူ ဆနော်က ဆန်ပွဲရုံတစ်ခုရဲ့ အားထားရတဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး ချစ်ရတဲ့ဇနီး ၊သားသမီး ၄ ယောက်နဲ့ ပျော်ရွှင်စွာနေနေတဲ့သူ တစ်ယောက်ပေါ့တစ်ရက် မတော်တဆမှုတစ်ခုကို ဝင်ကူရင်း ဆနော် တစ်ယောက် ဒုက္ခိတဖြစ်ခဲ့ရတဲ့အပြင် မိန်းမဖြစ်သူကပါ လင်ငယ်ထားပြီး ကလေးတွေကို ခွဲခေါ် လိုက်ပြေးသွားခဲ့တယ်ပုတ်ချတ်ကတော့ မိဘကို သိတတ်တဲ့ သားလိမ္မာလေးဖြစ်ပြီး အိမ်အတွက် ဘာအလုပ်မဆိုလုပ်ပေးတဲ့သူတစ်ယောက်ပေါ့နမ့်ဖွန်ကတော့ ဆန်စက်သူဌေးရဲ့သမီးတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းမခွဲခြားသူတစ်ယောက်ဖြစ်ပေမဲ့ ထူးဆန်းစွာ မိခင်ဖြစ်သူရဲ့ ဘာမဆို ချုပ်ချယ်တားမြစ်ခြင်းခံနေရတဲ့သူတစ်ယောက်ပါတစ်နေ့ ပုတ်ချတ်တိုမိသားစုက သားအငယ်ဆုံးလေးကို ဆေးကုဖို နမ့်ဖွန်ရဲ့အဖေ သူဌေးဆီက ငွေကြေးအကူအညီယူလိုက်ရတဲ့အခါ…ကျေးဇူးကြွေးဆပ်ဖို ဆနော်တစ်ယောက် သူဌေးရဲ့သားအစား ထောင်ကျခံလိုက်တဲ့အခါ…အဆင့်အတန်းမတူတဲ့ နမ့်ဖွန်နဲ့ ပုတ်ချတ်တို သံယောဇဉ်တွေရှိလာတဲ့အခါ…မိသားစုနှစ်ခုကြား ဘာတွေဆက်ဖြစ်လာမလဲ နမ့်ဖွန်ရဲ့အမေကရော နမ့်ဖွန့်ကို ဘာမဆို လိုက်ချုပ်ခြယ်တားမြစ်နေခဲ့တာ ဘာအတွက်ကြောင့်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်Native Title: ดั่งฟ้าสิ้นตะวัน Episodes: 21 Aired: ...

The Sky Without the Sun (2023)