Channel Myanmar

Mike Myers

The Pentaverate (2022) 6.2
The Pentaverate (2022) The Pentaverate (2022) ================== IMDb Rating - 6.1/10၁၃၄၇ခုနှစ်မှာ ပညာတတ်လူပုဂ္ဂိုလ်ငါးယောက်ဟာ အနက်ရောင်ပလိပ်ရောဂါ ဖြစ်ပွားတာဟာ ကြွက်သန်းကြောင့်ဖြစ်တယ်လို့ယူဆခဲ့ကြတယ်။ ဒါပေမယ့် ဘုရားကျောင်းကတော့ ဒါဟာ ဘုရားသခင် အပြစ်ပေးတာဆိုပြီး ထိုလူငါးယောက် ကိုလည်း တတ္ထိတွေလို့ ကြေညာခဲ့တယ်။ ဒီလိုနဲ့ပဲ ထိုလူတွေဟာ လူထုကိုအကျိုး ပြုမယ့် လျှို့ဝှက်အဖွဲအစည်းကို ကမ္ဘာ့ရေးရာတွေမှာ ဆောင်ရွက်ဖို့ ပန်တာ ဗရိတ်ထ်ဆိုပြီး ဖွဲစည်းခဲ့တယ်။ ဒါကတော့ ဇာတ်လမ်းရဲ့  အဓိကအရာဖြစ်တဲ့ ပန်တာဗရိတ်ထ်ဖြစ်ပေါ်လာပုံပေါ့။ဒီဇာတ်လမ်းတွဲမှာတော့ ပန်တာဗရိတ်ထ်က ကောင်စီဝင်ငါးဦးထဲက တစ်ဦးသေဆုံး သွားလို့ ကမ္ဘာမြေက ရူပဗေဒပညာရှင် ပရော်ဖက်ဆာကလက်ခ်ကို အစားထိုးဖို့ ခေါ်ဆောင်လာခဲ့ပါတော့တယ်။ ရုတ်တရက်ခေါ်ဆောင်ခံလိုက်ရတဲ့ ပရော်ဖက်ဆာ ကလက်ခ်အနေနဲ့ ပန်တာဗရတ်နဲ့ပူးပေါင်းပြီး ဘာတွေများဆောင်ရွက်ကြမလဲဆိုတာ ဟာသနှောပြီးတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အငြိမ်းစားယူလိုက်ရတဲ့ သတင်း ထောက်ကန်တစ်ယောက် သူ့ရဲ့မူလအလုပ်ကို ပြန်ရဖို့ ပန်တာဗရိတ်ထ်ဆိုတဲ့ လျှို့ဝှက် အဖွဲအစည်းကြောင်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့ရည်မှန်းချက်ကတော့ သူ့ဘော့စ်အတွက် သတင်းထူးယူပေးဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ ကန်တစ်ယောက်ကော ပန်တာဗရိတ်ထ်ဆိုတဲ့ လျှို့ဝှက်အဖွဲအစည်းကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှု ရမှာပါ။comedy အမျိုးအစားဇာတ်လမ်းလေးဖြစ်ပြီး တစ်မူထူးခြားတဲ့ဇာတ်လမ်းဇာတ်အိမ်နဲ့ ဟာသလေးတွေနှောထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo ...
6.2
TMDb: 6.2/10 11 votes
tv

The Pentaverate (2022)

2022