Channel Myanmar

Michelle Bonnard

Insomnia (2024) 5.667
Insomnia (2024) ဒီကားလေးကတော့ စာရေးဆရာမ Sarah Pinborough ရဲ့ ဝတ္ထုကို ပြန်ရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဗြိတိန်ကားလေးတစ်ကားပါ.....ဇာတ်လမ်းလေးကတော့......အမ်မာ နဲ့ ဖီဘီဆိုတဲ့ ညီအစ်နှစ်ယောက်ရဲ့အမေက အသက်၄၀ပြည့်မွေးနေ့မှာ ညအိပ်မပျော်တဲ့ရောဂါကနေ စိတ်ဖောက်ပြန်သွားခဲ့ပါတယ်.....အဲဒီညမှာပဲ အမ်မာရဲ့ အစ်မ ဖီဘီ့ကို ခေါင်းအုံးနဲ့ဖိခဲ့ပြီး အမ်မာ့ကိုလည်း မကောင်းတဲ့သွေးပါနေတာကြောင့် အသက်၄၀ပြည့်ရင် သူ့လိုဖြစ်မယ်လို့ပြောခဲ့တာပါ.....အဲဒီလိုဖြစ်ပျက်ပြီးနောက် အမ်မာ နဲ့ ဖီဘီတို့လည်း မွေးစားမိဘတွေဆီရောက်ပြီး ဖြတ်သန်းခဲ့ရာက အမ်မာ့အသက်၄၀ပြည့်မွေးနေ့မရောက်ခင် ၂ပတ်အလိုမှာ အမ်မာက ညဘက်အိပ်မပျော်တဲ့ရောဂါ ခံစားရလာပါတယ်.....သူ့အမေကလည်း သူ့ကိုယ်ထဲမှာ မကောင်းတဲ့သွေးတွေရှိနေတာမို့ အသက်၄၀ပြည့်မွေးနေ့မှာ သူ့လိုဖြစ်လာမယ်လို့ပြောခဲ့တဲ့စကားကို ကြားယောင်ပြီး အမ်မာလည်းကြောက်ရွံ့နေခဲ့ပါတော့တယ်......အဲဒီနောက်မှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ့အမေလည်း ဆုံးသွားခဲ့ပြီး အမ်မာလည်း ဒီအဖြစ်ဆိုးကြီးကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ......သူ့အမေပြောခဲ့သလိုပဲ မကောင်းတဲ့သွေးပါနေတာကြောင့် အိပ်မပျော်တာလား စိတ်စွဲနေလို့ပဲ အိပ်မပျော်တာလား ဒီလိုရောဂါမျိုးက မျိုးရိုးများလိုက်တာလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး...... File size…(460 Mb)/(220 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….00:50:00 Genre... Thriller Subtitle….Myanmar Subtitle ...
5.667
TMDb: 5.667/10 6 votes
tv

Insomnia (2024)

2024