Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Webber
8.2
Scott Pilgrim Takes Off (2023)
Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ်spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventureaction animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီးအသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲကသရုပ်ဆောင်တွေပါပဲ။ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ်Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့...။Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းကကောင်လေးတစ်ယောက်ပါ။ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင်ထည့်မက်ရအောင်ကြိုက်ပါတယ်။သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ...ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပါ။သို့ပေမယ့် ဒီကောင်မလေးကို လွယ်လွယ်နဲ့ကြိုက်ချင်တိုင်းကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်...။သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကိုအနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်...။ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက်ရည်းစားဟောင်းဇိုးများအဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား...။အကယ်၍များ အနိုင်မယူနိုင်ဘဲ အသက်သေဆုံးသွားခဲ့ရင်ရောဇာတ်လမ်းကဘယ်လိုဆက်မလဲ...စတာတွေကို action ဆန်ဆန်မြင်တွေ့ရမှာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးလေးပါပဲ...။၂၀၁၀ထွက်ဇာတ်ကားလေးကလည်း အတော်ကောင်းတဲ့ကားလေးမို့မကြည့်ရသေးရင်CMမှာ ရှာကြည့်နိုင်တာမို့ ထပ်မံညွှန်းပေးလိုက်ပါတယ်ဗျ။ File Size – 727 MB ...
8.2
TMDb:
8.2/10
196 votes
tv
Scott Pilgrim Takes Off (2023)
2023