Channel Myanmar

Manjari Fadnnis

The Freelancer (2023)
The Freelancer (2023) The Freelancer (2023) IMDb 8.4/10(ဆီးရီးယားစစ်ပွဲထဲ ပါဝင်ခဲ့ရတဲ့ ကြင်စဦးအိမ်ထောင်သည် မိန်းကလေးအကြောင်းဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ) မွမ်ဘိုင်း ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အာဗီနက်ရှ်ဟာ ဆိုးရွားတဲ့အဖြစ်တစ်ခုနဲ့ သားဖြစ်သူကို ဆုံးရှုံးရခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူဟာလည်း စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားခဲ့ပါတယ်။ အရာရာဆုံးရှုံးလိုက်ရတဲ့အာဗီနက်ရှ်ဟာ အင်္ဂလန်မှာရှိတဲ့ ကြေးစားစစ်တပ်တစ်ခုထဲကို ဝင်ခဲ့ပြီး The Freelancer ဆိုတဲ့နာမည်နဲ့ အလွတ်တန်း ကြေးစားစစ်သားတစ်ယောက်ဖြစ်လာခဲ့တယ်။The Freelancer တဖြစ်လည်း အာဗီနက်ရှ်တစ်ယောက် ဆီးရီးယားမှာရှိတဲ့ အိုင်းစစ်မိသားစုတစ်ခုဆီရောက်နေတဲ့ တူမဖြစ်သူ အာလီယားကို ကယ်တင်ဖို့ကြိုးစားပုံတွေကို ဒီဇာတ်လမ်းထဲမှာ အရသာရှိရှိမြင်တွေ့ရမှာပါ။ဒီဇာတ်လမ်းတွဲမှာ ကြေးစားစစ်သား အာဗီနက်ရှ်အဖြစ် အသောကဇာတ်လမ်းတွဲထဲက လူကြီးအသောကနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Mohit Raina က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် အာလီယားဆိုတဲ့ အမျိုးသမီးအကြောင်း ပြန်ပြောင်းရေးသားထားတဲ့ " A Ticket To Syria" ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး Disney+Hotstar ကနေ ထုတ်လွှင့်ခဲ့တာပါ။Rating ကောင်းကောင်းနဲ့ အတိုက်အခိုက်စစ်ပွဲကြိုက်သူတွေအဖို့တော့ ဒီစီးရီးက လက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...

The Freelancer (2023)

2023