Channel Myanmar

Lei Han

Prosecution Elite ( 2023 ) 5.5
Prosecution Elite ( 2023 ) ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ ကားလေးကတော့ကျော်ကြားသော ဥပဒေကျောင်းမှ ကျောင်းသူ ရှေ့နေမလေး အန်းနီရဲ့ ဇာတ်လမ်းကိုသည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ရှေ့နေစုံထောက်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားရဲ့အကြောင်းအရာကတော့ အောင်မြင်ကျော်ကြားတဲ့ ရှေ့နေမလေး အန်းနီဟာကျန်းချိန်စုံစမ်းစစ်ဆေးရေးရှေ့နေဌာနသို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ခက်ခဲနက်နဲသောရာဇဝတ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး မှုခင်းရဲတပ်ဖွဲမှူး ဟယ်လုယွမ်နှင့် ပူးပေါင်းကာအမျိုးမျိုးသောတရားစွဲဆိုမှုလုပ်ငန်းများကို ပြောင်မြောက်စွာ တာဝန်ယူဆောင်ရွက်နိုင်ခဲ့ပါတယ်။အန်းနီဟာ စုံစမ်းစစ်ဆေးရေးရှေ့နေဌာနတွင် တာဝန်ထမ်းဆောင်နေချိန်မှာပဲလျှိဝှက်ဆန်းကြယ်သော စတုတ္ထအစိုးရရှေ့နေဌာနသို တာဝန်ပေးအပ်ခံရပြီးခက်ခဲသော ဆိုက်ဘာရာဇ၀တ်မှုအသစ်များစွာကို ရင်ဆိုင်ခဲ့ရပြန်တယ်။သူမနှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပြစ်မှုဆိုင်ရာ သဲလွန်စများကို ဖော်ထုတ်ခဲ့ကြပြီးမှုခင်းရဲမှူး ဟယ်လုယွမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော် အမှန်တရားကိုခြေရာခံရှာဖွေခဲ့ကြရာမှ နောက်ဆုံးမှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။သံသယရှိသူ၊ တရားခံတွေကို တစ်ဦးပြီးတစ်ဦး ဘယ်လိုဖမ်းဆီး တရားစီရင်သွားမလဲဆိုတာကိုတော့CM ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်လမ်းလေးထဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာ အန်းနီအဖြစ် နာမည်ကြီးမင်းသမီး Dilireba နဲ့မှုခင်းရဲမှူးဟယ်လုယွမ်အဖြစ် Tong Da Wei တိုမှပါဝင်သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Myat Thandar Minn ဖြစ်ပါတယ်)Quality : ...
5.5
TMDb: 5.5/10 2 votes
tv

Prosecution Elite ( 2023 )

2023