Channel Myanmar

Lee Si-hoon

DNA Lover (2024)
DNA Lover (2024) DNA Lover (2024)******************အပိုင်းသစ် (၇) "ကိုယ်နဲ့ ပြီးပြည့်စုံစွာလိုက်ဖက်ညီတဲ့ လက်တွဲဖော်ကို DNA Lover လို့ခေါ်တယ်တဲ့"ရှင်းယွန်းဝူဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားတဲ့ ဆရာဝန်တစ်‌ယောက်ဖြစ်ပြီးဥစ္စာပေါ ရုပ်ချော မိန်းမပျိုလေးတွေရဲ့အသည်းကို လှုပ်ခက်စေရာမှာ ဆရာကျပြီးရည်းစားပေါင်းများစွာလည်းထားဖူးခဲ့ပေမဲ့လည်း ဘယ်တော့မှ မမြဲတဲ့သူပါ။တစ်ဖက်မှာလည်း ဟန်ဆိုဂျင်ဟာ မျိုးရိုးဗီဇစင်တာတစ်ခုမှာ သုတေသီအဖြစ်လုပ်ကိုင်နေပြီး မိမိနှင့် DNA အရလိုက်ဖက်ညီမဲ့ လက်တွဲဖော်ကိုရှာဖွေနေတဲ့သူလေးပါ။စတွေ့ထဲက အလွဲလေးတွေနဲ့ပဲစတင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ကံကြမ္မာလှို့ဝှက်ချက်ကိုDNA စစ်ဆေးချက်တွေနှင့်တကွ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို ကြည့်ရူခံစားရမဲ့အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး Super Junior မှ Choi Si-won၊ Waikiki မှJung In-sun အပြင် Lee Tae-hwanနှင့် Jung Eugene တို့ကိုပါ တွေ့မြင်ရမှာမို့ပေါ့ပေါ့ပါးပါး ရယ်ချင်တဲ့သူတွေအတွက် ကားကောင်းဆန်းဆန်းလေးဖြစ်မှာအသေအချာပဲမလို့ စောင့်ကြည့်လိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ KhinNi မှ ရေးသား‌ထားပါတယ်။) Aired: Aug 17, 2024 - ? Aired On: Saturday, Sunday Genres: Comedy, Romance, Melodrama Episodes: 16 Original ...

DNA Lover (2024)

2024
Please Don’t Meet That Man (2020) 7.8
Please Don’t Meet That Man (2020) Please Don't Meet That Man ========================= CM အမာခံပရိတ်သတ်များအတွက် ဒီနေ့မှလတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ကိုရီးယားစီးရီးလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် Seo Ji Sung ဟာ AI ကိုအခြေခံထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို တီထွင်ဖန်တီးရတဲ့ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပါတယ် ဖြစ်ချင်တော့ သူဟာ AI ရေခဲသေတ္တာတစ်လုံးကို တီထွင်ရဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ဒါပေမယ့် အဲ့ဒီရေခဲသေတ္တာဟာ ခေသူတော့မဟုတ်ပါဘူး ဖြူစင်တဲ့ယောကျ်ားလား အကျင့်မကောင်းတဲ့ယောကျ်ားလားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်   Seo Ji Sung ဟာ အဲ့ဒီရေခဲသေတ္တာကိုအသုံးချပြီးတော့ အချစ်ရေးမှာမပျော်ရွှင်ရဘဲ စိတ်ဒုက္ခခံစားနေရတဲ့ သူ့ရဲ့သူငယ်ချင်းတွေကို လိုက်လံကူညီပေးပါတော့တယ် သူကိုယ်တိုင်ဟာလည်း မီးသတ်သမားချောချောလေးဖြစ်တဲ့ Lee Jun Young နဲ့ချစ်ကြိုးသွယ်မိသွားပါတယ်   အဲ့ဒီတော့ ရေခဲသေတ္တာလေးက မီးသတ်သမားလေးကို ဘယ်လိုမှတ်ချက်ပေးမလဲ အကယ်၍မကောင်းတဲ့ယောကျ်ားတစ်ယောက်လို့ မှတ်ချက်ပေးလာခဲ့သည်ရှိသော် Seo Ji Sung တစ်ယောက် သူကိုယ်တိုင်တီထွင်ထားတဲ့စက်ပစ္စည်းတစ်ခုရဲ့အကြံပေးချက်ကို နားထောင်ပါ့မလား ယုံကြည်ပါ့မလားဆိုတာကိုတော့…………….. ဇာတ်ကြောင်းလေးကိုကြည့်လိုက်တာနဲ့ ဆန်းဆန်းလေးနဲ့မြူးမယ်ဆိုတာ လုံးဝသေချာနေပါတယ်နော် Dark ဖြစ်တဲ့ဇာတ်လမ်းတွေကို ငြီးငွေ့နေသူများအတွက် ဒီကားလေးက ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ Review By Thet Hnin Hsu Translated by : Phue Nge ...
7.8
TMDb: 7.8/10 105 votes
tv

Please Don’t Meet That Man (2020)

2020