Channel Myanmar

Lee Ruby

Bad-Memory Eraser (2024)
Bad-Memory Eraser (2024) Bad-Memory Eraser (2024) ************************** အပိုင်းသစ် (၁၂)စိတ်ရောဂါခံစားနေရတဲ့လူနာလေးနဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်တင်းနစ်အားကစားမှာ အလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ အီဂွန်အမည်ရတဲ့ ကောင်လေးဟာမထင်မှတ်တဲ့ ဦးခေါင်းပိုင်းဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ဘဝကို ယုံကြည်ချက်မဲ့စွာ လျှောက်လှမ်းနေခဲ့ရသူပါ.....ဦးနောက်ပိုင်းဆိုင်ရာရောဂါများကို သုတေသနပြုလုပ်နေတဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေး ဂယောင်းဂျူယွန်းကတော့အီဂွန်ကို တာဝန်ယူကုသပေးနေရတဲ့သူပေါ့......တစ်နေ့မှာတော့ အီဂွန်တစ်ယောက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့် ပိုဆိုးလာတဲ့အခြေအနေကိုဆရာမဝန်မလေးဂျူယွန်း မြင်တွေ့ရချိန်မှာ“ဦးနှောက်ကနေ မှတ်ဉာဏ်ဆိုး”တွေကို ဖျောက်ပစ်လို့ရတဲ့အကြောင်း သုတေသနပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်ဒီသုတေသနရဲ့ဆောင်ရွက်ချက်အရ အီဂွန်တစ်ယောက်ဟာ ပြင်းထန်တဲ့စိတ်ဝေဒနာခံစားနေရတဲ့အဖြစ်ကနေတက်ကြွလန်းဆန်းပြီး မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝတဲ့ယောက်ျားအသွင်အဖြစ် ပြောင်းလဲသွားခဲ့ရုံသာမကဆရာဝန်မလေးဂျူယွန်းကို သူ့ရဲ့အချစ်ဦးဆိုပြီး အထင်မှားပါတော့တယ်.....ဒီလိုနဲ့ အီဂွန်တစ်ယောက် သူ့မှတ်ဉာဏ်ဆိုးကို ပြန်မှတ်မိလာမလားမှတ်မိလာတဲ့နောက်ပိုင်းရော ဆရာဝန်မလေးနဲ့ဆက်ဆံရေး ဘယ်လိုဖြစ်သွားမလဲဆိုတာကိုချစ်ကြည်နူးဖွယ်ရာ Romance များစွာနဲ့ ခံစားကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်စိတ်ဝေဒနာခံစားနေရတဲ့ အီဂွန်အဖြစ် TVXQ အဖွဲဝင် idol actor Kim Jae-Joong နဲ့ဆရာဝန်မလေး ဂျူယွန်းအဖြစ် Born Again ထဲက မင်းသမီး Jin Se-Yun တိုအပါအဝင်Lee Jong-Won ၊ Yang Hye-Ji ...

Bad-Memory Eraser (2024)

2024
Knight Flower(2024) 9
Knight Flower(2024) Knight Flower(2024)********************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး မမ Lee Ha Neeနဲ့ Lee Jong wonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဂျိုဆွန်းနောက်ခံ နန်းတွင်း ဟာသစီးရီးသစ်ဖြစ်ပါတယ်...ဂျိုယောဟွာဆိုတဲ့ အမျိုးသမီးဟာ မျိုးရိုးမြင့် ဂုဏ်သရေအကြီးအမားဆုံးအိမ်တော်ရဲ့ ချွေးမဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅နှစ်ကျော်ပြီဖြစ်တဲ့မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထဲက အိမ်ပြင်လုံးဝမထွက်ဘဲ အေးဆေးတည်ငြိမ်ပြီးအိန္ဒြေကြီးသူအဖြစ် သတင်းကြီးသူလည်းဖြစ်ပါတယ်။ အိန္ဒြေကြီးလှပါတယ်ဆိုတဲ့ မုဆိုးမလေး ဂျိုယောဟွာရဲ့ လူတွေမသိတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ ညဘက်တွေမှာ အိမ်ခေါင်မိုးတွေပေါ်၊ အုတ်နံရံတွေပေါ်မှာခုန်ပျံကျော်လွှားရင်း ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့အမျိုးသမီးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ နေ့ဘက်ဆို အိမ်တွင်းပုန်း၊ညဘက်ဆို လူမသိအောင် ဖိုက်တာထွက်လုပ်ပြီး ကူညီတတ်တဲ့ မုဆိုးမလေးဟာတစ်နေ့မှာတော့ ရုပ်ရည်ချောမောပြီး အလုပ်မှာလည်း ထူးချွန်ထက်မြက်တဲ့ အရာရှိ ဆူဟို နဲ့တွေ့ဆုံပြီး သဘောကျခဲ့ပေမယ့် မိသားစုအရှုပ်အထွေးတွေ၊လျှို့ဝှက်ချက်တွေနဲ့အခက်အခဲတွေကြားမှာ သူတို့ရဲ့ အချစ်ရေးဟာ ဖြောင့်ဖြူးပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်.....Episodes: 12 Aired:Jan 12, ...
9
TMDb: 9/10 1 votes
tv

Knight Flower(2024)

2024