Channel Myanmar

Lee Kyung-young

High School Return of a Gangster (2024) [Complete]
High School Return of a Gangster (2024) [Complete] High School Return of a Gangster (2024)***************************************အပိုင်း (၁ မှ ၈) စ/ဆုံး ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီးဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့Golden Child အဖွဲ့မှ Bong Jae-Hyun တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin  ကcameo ဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း-အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က အ‌ဆောက်အအုံပေါ်ကနေခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေKim ...

High School Return of a Gangster (2024) [Complete]

2024
Moon in the Day (2023) [Complete] 5.5
Moon in the Day (2023) [Complete] Moon in the Day (2023)************************အပိုင်း (၁ မှ ၁၄) စ/ဆုံး ဟန်ဂျွန်းအို (Kim Young-Dae) က ကိုရီးယားထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်ပြီးချောမောတဲ့ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့လူတစ်ဦးလို့ ထင်ရ​ပေမဲ့သိမ်ငယ်စိတ်​တွေနဲ့ ​နေ​နေရတာဖြစ်ပါတယ်။အစ်ကိုဖြစ်သူ ဟန်မင်းအို (On Joo-Wan) ပိုင်တဲ့ Beginning Entertainment ကအနုပညာရှင်တစ်​ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ ဟန်ဂျွန်းအိုကမီးသတ်သမား ဂန်​ယောင်းဟွာ (Pyo Ye-Jin) နဲ့အတူ ကြော်ငြာတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ကြော်ငြာရိုက်ကူးနေစဉ်အတွင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပေမဲ့ဂန်​ယောင်းဟွာက ဟန်ဂျွန်းအိုကို ကယ်လိုက်နိုင်ခဲ့ပါ‌တယ်။အဲဒီနောက်မှာတော့ ဂန်​ယောင်းဟွာက ဟန်ဂျွန်းအိုရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲ ကားမ​တော်တဆဖြစ်ပြီး ပြန်နိုးထလာတဲ့ ဟန်ဂျွန်းအိုရဲ့ခန္ဓာကိုယ်ထဲကိုဒိုဟာ (Kim Young-Dae)လို့​ခေါ်တဲ့ အငြိုးကြီးဝိညာဥ်တစ်ခု ဝင်ပူးသွားခဲ့ပါတယ်။ဒိုဟာက ရှီလာ​ခေတ်က မျိုးရိုးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူအရမ်းချစ်ရတဲ့ ဇနီးဖြစ်သူရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ဒိုဟာက ဘာ​ကြောင့် အငြိုးကြီးဝိညာဥ်ဖြစ်လာရတာလဲ...လက်ရှိ ဝိညာဥ်ပူး​နေတဲ့ ဟန်ဂျွန်းအိုက​ရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံ​တွေ့လာမှာလဲ...ဆိုတာ‌တွေကို ရှေး​ခေတ်နဲ့ လက်ရှိ​ခေတ်ကို အပြိုင်ပြသရင်း ...
5.5
TMDb: 5.5/10 2 votes
tv

Moon in the Day (2023) [Complete]

2023
Dr. Romantic Season 3 (2023) 8
Dr. Romantic Season 3 (2023) Doctor Romantic Season 3 (2023)အားလုံး အမျှော်ကြီးမျှော်နေခဲ့ကြရတဲ့ Doctor Romantic Season 3 ရပါပြီ 🥳Season 1 နဲ့ 2 မှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့သလိုမျိုး Season 3 မှာလည်း ဂင်ဆာဘူနဲ့အဖွဲ့သားတွေ ဘယ်လိုပြဿနာ‌တွေဖြေရှင်းရင်း ဆေးကုကြဦးမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါဒါ့အပြင် အခု Season 3 မှာဆိုရင် ဆောဝူဂျင်းနဲ့ချာအွန်းဂျယ် အပါအဝင် ဘတ်အွန်းထက်နဲ့ ယွန်းအာရွန်းတို့ရဲ့ ရိုမန့်စ်ကိုပါ တစ်ဝကြီးကြည့်ရှုခံစားရဦးမှာမို့ K Drama ပရိသတ်ကြီး လက်လွှတ်မခံသင့်ဘူးနော်Medical ပိုင်းတင်မကဘဲ စိတ်ဝင်စားစရာ Plot တွေ ဂင်ဆာဘူရဲ့ပြဿနာဖြေရှင်းပုံတွေ ဆရာဝန်တွေရဲ့ရိုမန့်စ်တွေပါ ပါဝင်ထားပြီး Casts တွေအ‌နေနဲ့ကလည်း Season 2 က Han Suk-Kyu, Ahn Hyo-Seop, Lee Sung Kyung, Kim Min-Jae တို့ အကုန်ပြန်ပါဝင်ထားတဲ့အတွက် Dr Romantic ...
8
TMDb: 8/10 57 votes
tv

Dr. Romantic Season 3 (2023)

2016
Queenmaker(2023)[Complete] 10
Queenmaker(2023)[Complete] Queenmaker(2023)*****************အပိုင်း( ၁ မှ ၁၁) ထိ စ/ဆုံးအကြံပေးအရာရှိဆိုတဲ့ အသုံးအနှုံးကို ကျွန်တော်တို့  တော်တော်များများ ကြားဖူးနားဝရှိကြတယ်..သမ္မတအကြံပေးအရာရှိ ကုမ္ပဏီအကြံပေးအရာရှိ ယုတ်စွအဆုံး အဆိုတော် နဲ့အခြား ဆယ်လီအကျော်အမော်များစွာပင် အကြံပေးအရာရှိပုံစံများ အနားမှာ ခေါ်ယူထားကြတယ်..တကယ်တော့ သူတို့ရဲ့ တာဝန်တွေကလည်း အတော်ကြီးမားလှပါတယ်..သူ့တို့အရည်အချင်းပြည့်ဝမှုပေါ်မူတည်ပြီး သူတို့တာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ ပိုမိုထင်ပေါ်သွားနိုင်သလိုဟိုးအောက်ဆုံးကိုကျသွားနိုင်တာလည်းရှိလို့ပါ... Queenmaker မှာ ဒီသဘောတွေကိုအဓိက ထားပြီးရိုက်ပြထားတယ်..လှတပတ ကောင်းမလေးတွေ ကောင်လေးတွေမပါဘဲ လုပ်ငန်းခွင်နဲ့ အကောင်းဆုံးဖြတ်သန်းနိုင်တဲ့၃၀ကျော်အရွယ်တွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်...Kim Hee Ae နဲ့ Moon So Ri လို ဆရာမကြီးတွေကဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး ဇာတ်ပို့တွေကလည်းနာမည်ကြီးတွေကြီးဖြစ်ကြတယ်..တစ်ယောက်က လုပ်ငန်းစုကြီးတစ်ခုရဲ့ ထက်မြက်တဲ့အကြံပေးအရာရှိတစ်ယောက်ဖြစ်သလိုတစ်ယောက်ကတော့ ဒီလုပ်ငန်းကြီးကိုဖြိုချဖို့ တိုက်ပွဲဝင်နေတဲ့သူ...ဇာတ်လမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတယ်... မျက်မှောက်ခေတ်မှာ ဒီနည်းလမ်းတွေကိုစနစ်ကျကျနဲ့အသုံးပြုလာကြသလို တော်တော်များများကလည်း ဗဟုသုတရ ရစရာတွေ မှတ်သားစရာတွေဖြစ်နေတယ်....ပျင်းစရာကြီးလို့လည်းမထင်လိုက်နဲ့  လုံးဝဂေါ်ထွက်နေအောင် ရိုက်ပြထားတာမို့ ခံစားကြည့်ကြပါဦး. Episodes: 11File Size:1.3GB, ...
10
TMDb: 10/10 1 votes
tv

Queenmaker(2023)[Complete]

2023
Why Her?(2022)
Why Her?(2022) Why Her?(2022) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးကိုရီးယားရဲ့အကြီးမားဆုံး Tk Group ဉပဒေရုံး ကြီ:ရှိတယ်... အူဆူဂျယ်ဆိုတဲ့အမျိုးသမီးဟာ မထင်မရှားကျောင်းလေးကနေ ဥပဒေဘွဲ့ရရှိပြီးနောက် အလုပ်သင်ရှေ့နေ့ အဖြစ် TK မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်.... အမျိုးသမီးလည်းဖြစ်တယ် ... ကျောင်းကလည်းအထင်ကြီးစရာ မရှိ ပုံစံကလည်း ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ပုံမဟုတ်တဲ့အတွက် စီနီယာတွေက ရုံးစာပို့အဆင့်လောက် သာဆက်ဆံကြတယ်...အစည်းအဝေးခန်းထဲက ခွေးလိုမောင်းထုတ် ပစ်တာတွေ...စားသောက်ပွဲတွေမှာ တစ်ယောက်တည်း ချန်ထားခဲ့တာတွေ... အခြားနိုင်လိုမင်းထက်များစွာနဲ့ ဆက်ဆံခံရတယ်.. .ဒီလို အနိုင်ကျင့်ခံရမှုတွေ ကြောင့်ပဲ အူဆူဂျယ်ဆိုတဲ့ မိန်းကလေးအပေါ် တစ်နေ့အမြင့်ဆုံးကို ငါရောက် ရမယ်ဆိုတဲ့ အားအင်တွေဖြစ်လာပုံရတယ်... ဒီစိတ်ကြောင့်ပဲ အချိန်ပြည့်အလုပ်ကို အာရုံစိုက်တဲ့အပြင် ထက်မြက်ပါးနပ်တဲ့ သူ့ဉာဏ်ရည်ကြောင့် တဖြည်းဖြည်းနဲ့ TKမှာ သူ့ အရှိန်အဝါဟာ ကြီ:မားလာတယ်.. ကုမ္ပဏီရဲ့ ငွေကြေးအများဆုံး ရှာပေးနိုင်တဲ့သူ ဖြစ်လာသလို အခြား အဖွဲ့အစည်းပေါင်းများစွာကလည်း ကမ်းလှမ်းခံလာရတယ်...ဒီလိုထိပ်ဆုံးကိုရောက်လာတဲ့ သူမဟာလည်း ငယ်ငယ်တုန်းက ထိုးနှက်ခံရတဲ့လူတွေကြောင့် လက်ရှိပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်မနေဘူး.. ဒါ့ကြောင့်ပဲ ရန်သူတွေ မနာလိုတဲ့ သူတွေပတ်လည်ဝိုင်းနေသလို ဖြစ်နေတယ်...အဆိုးဆုံးက သူမှန်တက်ထင်ရင် အစိုးရပိုင်းက အကြီးအကဲတွေ တက်သမဖို့ အထိ အူဆူဂျယ်ဆိုတဲ့ အမျိုးသမီးဟာ လက်တွန့်မနေခဲ့ဘူး.... ဒီကားက ကားနာမည်အတိုင်း female lead ပေါ့..မင်းသမီးကြီး Seo Hyun Jin က အူဆူဂျယ်အဖြစ် သရုပ်ဆောင်ထားတယ်.. သူ့ဇာတ်လိုဖြစ်နေတဲ့အတွက်ကြောင့် လုပ်ကွက်တွေအများကြီး ရသလို မင်းသမီ:ကြီးက ...

Why Her?(2022)

2022
Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022
The Veil(2021)
The Veil(2021) The Veil(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံး....နှင့် ဆိုးယွန်းအကြောင်း သီးခြား Special ep (၂)ပိုင်းဟန်ဂျီဟော့ ဆိုတာ NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက် တစ်ယောက်....သူဟာ တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာလုပ်ဖော်ကိုင်ဘက်တွေ မရှုတ်မလှ အသတ်ခံလိုက်ရသလိုကိုယ်တိုင်လည်း အသက်ဘေးကလွတ်အောင်မနည်းပြေးလိုက်ရပုံပေါ်တယ်....အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်...NIS ဟာ အေးဂျင့်အဖမ်းခံရတာကိုသတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်...တကယ်အရေးကြီးအဖွဲ့အစည်းတွေရဲ့ထုံးစံအတိုင်းပြန်လည်ကယ်ဆယ်ခံရပေမဲ့ကာကွယ်ရေးစီမံချက်ထုံးစံအတိုင်းကယ်ဆယ်ခဲ့တဲ့ အေးဂျင့်ကို နည်းအမျိုးမျိုးနဲ့စစ်ဆေးပါတယ်...အဲ့ဒီမှာထူးဆန်းစွာပဲ Mission ထမ်းဆောင်ခဲ့တဲ့ အချိန်ကစလို့ ထွက်ပြေးတဲ့အချို့အချိန်ကာလအထိမှတ်ချက်တွေဖျက်ဆီးခံထားရတယ်...သူဟာ အတိတ်မေ့နေတာမျိုးမဟုတ်ဘဲ သီးခြား မှတ်ဉာဏ်ကိုဖျက်ဆီးခံထားရတာပါ....အဲ့ဒီနောက်မှာတော့...လျှို့ဝှက်ချက်များစွာနဲ့ အပိုင်း(၁)ကိုတော့ အစပျိုးထားတယ်...ဒီစီးရီးအတွက် မင်းသား Namkoong Min ဟာ ဘော်ဒီတွေဘယ်လောက်တောင်လေ့ကျင့်ထားတယ်မသိ...လုံးဝအမိုက်စားပဲ..အက်ရှင်ခန်းတွေ တော်တော်ကြမ်းသလိုသတ်တဲ့အခန်းတွေလည်း ရက်စက်ပါတယ်...ဘက်ဂျက်လည်းတော်တော်သုံးထားပုံရတယ်....ရိုက်ထားတာတွေရော Cast အမိုက်စားတွေရော...မင်းသမီးချော Park Ha-sunလည်းပါလို့ ဒီတစ်ခါတော့ Love Line လေးနည်းနည်းလောက်ပါပါလို့မျှော်လင့်နေမိတယ်....ကိုင်းစိတ်ဝင်စားစရာ အက်ရှင်ဇာတ်လမ်းတွဲမို့ အားပေးလိုက်ကြရအောင်...Episodes: 12Duration: 1 hr. 20 min.Aired: Sep ...

The Veil(2021)

2021
Haechi ( 2019 ) Completed 7.8
Haechi ( 2019 ) Completed ၁၇၁၉ ခုနှစ် ဆော့ဂျုံးဘုရင် နောက်ဆုံးမင်းဆက်မှာ အိမ်ရှေ့စံမင်းသားဟာနန်းဆက်မထွန်းကားနိုင်တော့ဘူးဆိုတဲ့ ကောလဟာလတွေပြန့်နှံနေခဲ့ပါတယ်...ဒီကောလဟာလတွေကြောင့် ခေါင်းဆောင်မျိုးရိုး ေနာက်လိုက်မျိုးရိုးဆိုပြီး ပိုင်းခြားမှုတွေဖြစ်ပေါ်လာပါတယ်ဒီလိုမျိုး ဆူပူမှုအတောအတွင်း ဂျိုဆွန်းပြည်မှာ ဆာဟွန်းဘူဆိုတဲ့အာဏာအရှိဆုံးလူတွေပဲ ကျန်ခဲ့ကြပါတယ်မျိုးရိုးနိမ့်တဲ့မိဘုရားကမွေးဖွားလာတဲ့ မင်းသားလီဂွန်းဟာဒီလိုပိုင်းခြားမှုတွေကြောင့် အိမ်ရှေ့စံဘွဲ့နဲ့လွဲခဲ့ရပြီးကိုယ်တိုင်လည်းအိမ်ရှေ့စံဖြစ်မှန်းတောင် မသိပါဘူးဒီလိုအချိန်မှာ ထက်မြက်လှတဲ့ မင်းသားလီဂွန်းရယ် မတရားမှုတွေကိုဖော်ထုတ်ဖြေရှင်းရာမှာ သူမတူအောင် ထူးချွန်လွန်းပြီး ကိုယ်ခံပညာအပြင်နိုင်ငံခြားဘာသာစကာကိုလည်း ကျွမ်းကျင်စွာပြောတတ်တဲ့ ယောဂျီရယ်ဉာဏ်ရည်နိမ့်ပါးပေမယ့် အရာရှိစာမေးပွဲကိုအောင်မြင်ချင်လို့အကြိမ်ကြိမ်ကြိုးစားနေရှာတဲ့ ကြင်နာတတ်တဲ့ကောင်လေးပတ်မွန်ဆူးရယ်ကိုယ်ခံပညာတော်တဲ့ နာမည်ကြီးဒယ်မွန်ရယ် လေးယောက်ပူးပေါင်းပြီးတော့ဆာဟွန်းဘူကိုပြန်လည်ဖွဲ့စည်းဖို့နဲ့ မင်းသားလီဂွန်းကိုမင်းအဖြစ်ဆက်ခံနိုင်ဖို့အတွက် အတူတူကြိုးစားကြမှာပါသမိုင်းနောက်ခံ ဒဏ္ဍာရီဆန်တဲ့ ဒီနန်းတွင်းကားလေးမှာတော့နန်းတွင်းကားတို့ ထုံးစံအတိုင်း အမတ်ဝန်ကြီး မိဖုရားနှင့်ဘုရင်အရှုပ်တော်ပုံကြီးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရပါလိမ့်မယ်ဒီဇာတ်လမ်းလေးကတော့ မင်းသားချော ဂျန်အီဝူး (Jung Ii Woo) နဲ့မင်းသမီးချောလေး ဂိုအာရာ (Go Ah Ra) တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့Rating 8.0/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် - Quality : WEB-DL 720pTotal Episodes : 48Subtitle : Myanmar Subtitle ( ...
7.8
TMDb: 7.8/10 4 votes
tv

Haechi ( 2019 ) Completed

2019
Hyena [2020] 7.7
Hyena [2020] Hyena 2020 ဒီကားကတော့ ကိုရီးယားမှာ ၂၀၂၀ခုနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Drama ဇတ်လမ်းဖြစ်ပြီး IMDB 7.8/10ထိရထားတဲ့ ဇတ်လမ်းတွဲလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင် ကိုရီးယားရှေ့နေလောကဆိုတာ တကယ်တော့ အပြိုင်အဆိုင်တွေအရမ်းများပါတယ်။ ကတုံးပေါ်ထိပ်ကွက်ဆိုတဲ့အတိုင်း တယောက်နဲ့တယောက် ဘယ်သူသာမလဲ ၊နိုင်မလဲဆိုတာကိုပဲချောင်းနေရတာပါ။ အဲ့ဒီမှာထိပ်တန်းရှေ့နေနှစ်ယောက်ဖြစ်တဲ့ ယွန်းဟီဂျယ်နဲ့ ဂျောင်းဂွန်းမ်ဂျာဆိုတဲ့ သူနှစ်ဦးက မတည့်အတူနေဆိုသလို တယောက်နဲ့တယောက် ထေ့လိုက် ငေါ့လိုက်နဲ့ အချိန်တန်ရင် သူတို့ အောင်မြင်ဖို့အတွက်ဆို ဘာမဆိုလုပ်ကြတဲ့ သူတွေပါ။ အဲ့ဒီထိပ်တန်း Master brain နှစ်ယောက်ရဲ့ အားပြိုင်ပုံလွန်ဆွဲပုံတွေကို သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ခံစားကြည့်ရှုကြရမှာပါ။ မင်းသမီးကတော့ အားလုံးသိထားပြီးတဲ့ Signal ကားထဲကသရုပ်ဆောင်ကောင်းတဲ့ မင်းသမီး Kim Hye Soo ဖြစ်ပြီး မင်းသားကတော့ Along With the God ထဲက Ju Ji-Hoon တို့ပဲဖြစ်ပါတယ်။ အားလုံးပဲခံစားကြည့်ရှုလိုက်ကြပါအုန်း။ ဘာသာပြန်ပေးထားတာကတော့ Little Neo , CharmWave . Htoo Htoo Ka Joe, August , Phu Nge Nge Thein , Kyi Kyi , Moe Pwint , Nay ...
7.7
TMDb: 7.7/10 3 votes
tv

Hyena [2020]

2020
Vagabond(2019) [စ / ဆုံး]
Vagabond(2019) [စ / ဆုံး] Vagabond(2019)ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း (၁ မှ ၁၆) ထိ [စ/ဆုံး]ကိုရီးယားနာမည်ကြီး သရုပ်ဆောင် လီဆောင်းဂီ နဲ့ ဘယ်ဆူဇီ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် စပိုင် စီးရီး‌လေး လာပါပြီ..... အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်... သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကို ခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်... သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင် အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်.. သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကြီးသေဆုံးသွားတယ်.. ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာ မော်ရိုကိုကို သူလိုက်သွားတယ်... သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာ မတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်... အဲ့ဒီနောက်မှာတော့..... သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်.. မင်းသားဖြစ်တဲ့လီဆောင်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက် ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်... ပရိသတ်အချစ်တော် မင်းသမီး ဘယ်ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်.... ဒီဇာတ်လမ်းတွဲဟာ (၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနဲ့ စနေနေ့ညများမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်....ဇာတ်လမ်းအညွှန်းကိုတော့ SCRNမှရေးသားပေးထားပါတယ်...(Unicode)ကိုရီးယားနာမည်ကြီး သရုပ်ဆောင် လီဆောင်းဂီ နဲ့ ဘယ်ဆူဇီ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် စပိုင် စီးရီး‌လေး လာပါပြီ..... အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်... သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကို ခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်... သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင် အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်.. သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကြီးသေဆုံးသွားတယ်.. ချစ်ရတဲ့တူလေးရဲ့ ...

Vagabond(2019) [စ / ဆုံး]

2019
Room No. 9(2018)[စ/ဆုံး] 7
Room No. 9(2018)[စ/ဆုံး] Room No. 9(2018)ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်း ( ၁ မှ ၁၆ )ထိ စ/ဆုံး" ကျွန်မ ထောင်ထဲမှာနေတာ ၃၄ နှစ်ရှိပြီ....လွှတ်ပေးရင်ပေး မပေးရင် သေမိန့်ချပေးပါ" ဒါကတော့ ဂျန်ဟွာဆာဆိုတဲ့ အသက် ၆၀ ဝန်းကျင်ခန့်အမျိုးသမီးရဲ့ ရှေ့နေတွေအပေါ် တောင်းဆိုချက်ပါ..... ဒီအမျိုးသမီးကြီးဟာ ဘာကြောင့်ထောင်ကျနေတယ်ဆိုတာမသိရသေးပေမယ့် အပြင်ကအဖွဲ့အစည်းကြီးတစ်ခုက သူမကို ထောင်ထဲမှာပဲအချိန်ကုန်စေချင်ပုံရပါတယ်... ဒီအမျိုးသမီးကြီးထောင်ကထွက်လာရင် ဖြစ်လာမယ့် အကျိုးဆက်ကို အတော်ကြောက်ရွှံနေပုံရကြတယ်.... ရှေ့နေ့အဖွဲ့ထဲမှာပါတဲ့အများစုက ဂျန်ဟွာဆာကို လွှတ်ပေးဖို့ တော်တော်များများက ဆန္ဒရှိကြတယ်.... ဒါ့ကြောင့် ဂျန်ဟွာဆာဆိုတဲ့အမျိုးသမီးကြီးကို ထောင်ထဲမှာပဲအရိုးဆွေးအောင် အချိန်ကုန်စေဖို့ ထက်မြက်ပြီး ရာထူးမက်မောတဲ့ ဟေးရီဆိုတဲ့အမျိုးသမီးရှေ့နေကို ခိုင်းစေလိုက်ကြတယ်.. ဒီရှေ့နေအမျိုးသမီးကလည်း သူ့အတ္တနဲ့ ရာထူးကိုပဲ မက်မောပုံပဲ... အလွယ်တကူသဘောတူတဲ့အပြင် ဂျန်ဟွာဆာကို အပီအပြင်အထိနာစေပြီး ထောင်ထဲမှာပဲ တစ်သက်လုံးအချိန်ကုန်စေဖို့ နည်းလမ်းပေါင်းစုံသုံးပါတော့တယ်..... ဒီကားက အချစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာအတော်လည်းနည်းသလို တခြားကိုးရီးယားကားတွေလို ရိုလွန်း အီလွန်းနေတာမျိုးမရှိဘူး... မှုခင်းနဲ့ ရှေ့နေတွေ လောဘရမ္မက်ကြီးတဲ့သူတွေ ကိုယ့်ကျိုးကြည့်တဲ့သူတွေ.. ကိုယ့်ဆန္ဒပြည့်ဖို့ဘာမဆိုလုပ်တဲ့သူတွေ... အချစ်ကိုကိုးကွယ်တဲ့သူတွေ...အချစ်ကို ခုတုံးလုပ်တဲ့သူတွေ များစွာတွေ့မြင်ရလိမ့်မယ်... ပြီးတော့ ဇာတ်လမ်းကလည်းအတော်ဆန်းတယ်ပြောရမယ်... သာမန်ထက်ထူးတဲ့ဖြစ်ရပ်မျိုးတွေ ဆက်ဖြစ်ကြသလို သူတို့ကိုယ်စီရင်ဆိုင်နေရတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရတာလည်း တကယ့်ကိုစိတ်ဝင်စားစရာပါပဲ... အပိုင်း ၁၆ ပိုင်းထွက်ရှိထားပြီး စဆုံးတင်ဆက်ပေးထားပါတယ်....  Quality – 720p  HDTVDuration – 60min (@Episode)Subtitle – Myanmar ...
7
TMDb: 7/10 3 votes
tv

Room No. 9(2018)[စ/ဆုံး]

2018