Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laurence Fishburne
7.3
Clipped (2024)
Clipped(2024) အသစ်စက်စက်ထွက်ရှိလာတဲ့ Drama series လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီစီးရီးလေးကတော့ 'The Starling Affairs ' ဆိုတဲ့ podcast လေးကနေ အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 'LA clippers ' ဆိုတဲ့ NBA အသင်းရဲ့ပိုင်ရှင် Mr. Starling ဟာ သူ့ရဲ့ အသင်းအပေါ် ပရမ်းပတာစီမံမှုတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့် နာမည်ကြီးသူလည်းဖြစ်ပါတယ်။ဒီအရှုပ်တွေကြားထဲ အသင်းကိုဝင်ကယ်မယ့်ကယ်တင်ရှင်ကတော့ နာမည်ရှိပြီးသားနည်းပြ ဒေါ့ရေးဗားစ်ပဲဖြစ်ပါတယ်။ ဘယ်သူကမှ မျှော်လင့်ချက်မထားတဲ့အသင်းကို ချန်ပီယံရှစ်ရအောင်အထိရည်မှန်းထားတဲ့ ဒေါ့အဖို့တော့ မစ္စတာစတာလင်ဟာ ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ရှုပ်နေပြီးသားဇာတ်လမ်းမှာမှ နောက်ထပ်တိုးတဲ့သပွတ်အူကတော့ မစ္စတာစတာလင်ရဲ့ ကိုယ်ရေးလက်ထောက်လေးဗီနဲ့ သူ့မိန်းမတို့ရဲ့ အားပြိုင်ပွဲပဲဖြစ်ပါတယ်။ အရှုပ်တွေကြားက အမှီဆွဲကယ်ရမယ့် အသင်းမှာ ဒေါ့တစ်ယောက် သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့မလားဆိုတာကိုတော့ ဒရာမာတွေ တသီကြီးနဲ့ မမုန်းတမ်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှပဲဖြစ်ပါတယ်။File Size – 1.5GB / 700MB (Appx;)@EpisodeQuality – 1080p WEB DL / 720p WEB DLDuration –48minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat ...
7.3
TMDb:
7.3/10
7 votes
tv
Clipped (2024)
2024
8.2
Hannibal (2013)
Hannibal Lecterဆိုတဲ့ နာမည်ကိုကြားရုံနဲ့Cannibalism ဆိုတဲ့စာလုံးကိုတန်းမြင်စေတဲ့အထိ ဒီနာမည်ရဲ့ ပေါက်ရောက်အောင်မြင်မှု၊Iconicဖြစ်မှုကသိပ်ကိုကြီးပါတယ်၊ အမေရိကန်စာရေးဆရာကြီးThomas Harrisရဲ့fictional characterတစ်ယောက်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၅ကား ၊Season 3ခုရှိတဲ့ seriesနဲ့အတူ အော်စကာဆုအပြင် အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့Franchise အဖြစ် အရှိန်အဝါကြီးစွာ ရပ်တည်နေတာပါ၊Hannibalဆိုတဲ့ ဇတ်ကောင်ဟာ လူသတ်သမားတစ်ယောက်၊ လူသားကိုခုံမင်စွာစားသောက်တတ်သူ တစ်ယောက်ဖြစ်သလို လူတွေရဲ့ စိတ်ကို ထုံးလိုမွှေရေလိုနှောက်နောကြေနေတဲ့Psychiatrist တစ်ယောက်ဖြစ်တာမလို့ သူဟာ လူတွေရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကိုင်တယ်၊လိုသလို ကြိုးကိုင်တတ်တယ်၊ ကိုယ့်အပြစ်ကို သူများရဲ့အပြစ်ဖြစ်အောင် ပုံဖော်ရာမှာ သိပ်ကိုဉာဏ်ပြေးလွန်းပါတယ်၊ဒီလိုဇာတ်ကောင်ကို Hannibal seriesမှာ အသက်ဝင်ပီပြင်စွာ ပုံဖော်ထားတာကDanishလူမျိုး သရုပ်ဆောင်ကြီး Mads Mikkelsenပါ၊ Silence of the Lambsရုပ်ရှင်နဲ့ Hannibalဆိုတဲ့ ဇာတ်ကောင်ကို Oscarဆုရတဲ့အထိ သရုပ်ဆောင်ပြခဲ့တဲ့မင်းသားကြီး Anthony Hopkinsကြောင့် သူ့ရဲ့အရှိန်အဝါကို ကျော်နိုင်ပါ့မလားလို့စိုးရိမ်မှုတွေရှိခဲ့ကြပေမဲ့Madsရဲ့ Hannibal ဟာ မတူညီတဲ့ vibeမျိုးကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်၊ ရုပ်ရှင်ဗားရှင်း Hannibalက ကြောက်ဖို့ကောင်း၊သွေးပျက်ဖို့ ...
8.2
TMDb:
8.2/10
1593 votes
tv
Hannibal (2013)
2013