Channel Myanmar

Lara Dutta

Ranneeti: Balakot & Beyond (2024)
Ranneeti: Balakot & Beyond (2024) Ranneeti: Balakot & Beyond (2024)IMDb 7.8 ကို voting အများနဲ့ အမှန်အကန်ရထားတဲ့ လျှို့ဝှက်သည်းဖို အိန္ဒိယအက်ရှင် ဇာတ်လမ်းတွဲအသစ်လေး လာပါပြီအနုစိတ်တဲ့ အိန္ဒိယ-ပါကစ္စတန် နိုင်ငံရေးအရေးခင်းတွေကို အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ဇာတ်အလှည့်အပြောင်းတွေ ကို တစ်ထစ်ချင်းစီ အဆုံးထိဆွဲခေါ်တဲ့ intensity အပြည့် တင်ဆက်မှုကို တွေ့မြင်ရမှာပါဇာတ်လမ်းအနည်းအကျဥ်းကို ပြောရရင်တော့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်တဲ့ Pulwama တိုက်ခိုက်မှုအပြီး အေးဂျင့် ကတ်ရှ်ယာနဲ့ သူ့အဖွဲ့ဟာ ပါကစ္စတန်တွေဖမ်းထားတဲ့ ပိုင်းလော့တစ်ယေက်ကို ကယ်ရဖို့ ဖြစ်လာပြီး ....အချိန်နဲ့ လောင်းကြေးထပ်ထားရတဲ့အပြင် တစ်ဖက်မှာလည်း မျက်မှောက်ခေတ် ပေါင်းစပ်ထိုးစစ်ဆင်တဲ့ ဗျူဟာဖြစ်တဲ့ သတင်းမီဒီယာက Pakistan အစိုးရရဲ့ အလိမ်အညာတွေကို ဘယ်လိုတုန့်ပြန်သွားမှာလဲသူယုံကြည်ရင် လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်ပြီး ဖောက်ထွက်တတ်တဲ့ တစ်ချိန်က သုတေသန ထောက်လှမ်းရေးမှာ အတော်ဆုံးအေးဂျင့်အဖြစ် သတ်မှတ်ခံရသလို လုပ်ထုံးဆန့်ကျင်လို့ အပြစ်ပေးလည်းခံရဖူးတဲ့ ကတ်ရှ်ယာ ... နောက်ကွယ်အစည်းအဝေးခန်းက ဆုံးဖြတ်ချက်တွေမှသည် မြေပြင်က အလဲအထပ်ကြီးတဲ့ ညှိနှိုင်းမှုတွေအထိ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်ပါကြောင်းအညွှန်းနဲ့ ...

Ranneeti: Balakot & Beyond (2024)

2024
Charlie Chopra And The Mystery Of Solang Valley (2023) 5
Charlie Chopra And The Mystery Of Solang Valley (2023) Charlie Chopra & The Mystery of Solang Valley (2023) "စုံထောက်မလေးချာလီချိုပရာနှင့် ဆန်းကြယ်ဆိုလန်းတောင်ကြား"IMDb-6.7/10Murder on the Orient Express (2017)လိုရုပ်ရှင်ရဲ့ စာရေးဆရာမကြီး Agatha Christie 1931ကရေးသားထုတ်ဝေထားတဲ့ Sir Arthur Conanရဲ့ The Hound of Baskerville ရဲ့ settingကို မှီငြမ်းထားတဲ့ The Sittaford Mysteryအမည်ရှိ စုံထောက်လျှို့ဝှက်ဆန်းကြယ်၀တ္ထုရှည်ကြီးကိုအခြေခံပြီး Haider(2014)နဲ့ Khufiya(2023)တို့လိုရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး Vishal Bhardwajကနေ ရိုက်ကူးပုံဖော်ထားတာပါ။စုံထောက်ဝတ္ထုမှာ သူမတူတဲ့ဆရာကြီးနှစ်‌ယောက်ရဲ့အငွေ့အသက်တွေနဲ့ နာမည်ကျော်ဒါရိုက်တာကြီးရဲ့လက်ရာကောင်းဆိုတော့ လက်မလွတ်တမ်းကြည့်ရှုဖို့ လက်တို့လိုက်ရပါတယ်။ နှင်းတွေဝေတဲ့ဆိုလန်းတောင်ကြားဟာ နှင်းလျှောစီးသူတွေအတွက်တော့ သုခဘုံပါပဲ။ ဆိုလန်းတောင်ကြားရဲ့ နှင်းလျှောစီးအပန်းဖြေစခန်းကိုပိုင်ဆိုင်သူကတော့ ချမ်းသာတဲ့ ဗိုလ်မှူးချုပ်ရာဝတ်ပါ။ တစ်နေ့မှာ လေဒီရို့စ်ဆိုတဲ့ဝိညာဉ်ကိုခေါ်ပြီး မေးမြန်းကြတဲ့အချိန်မှာ လေဒီရို့စ်က ဗိုလ်မှူးချူပ်ရာဝတ်သေပြီလို့ ရုတ်တရက်ပြောလိုက်ပါတော့တယ်။ဗိုလ်မှူးချုပ်ကိုစိုးရိမ်သွားတဲ့ ဗိုလ်မှူးဘာရူအာတစ်ယောက် နှင်းမုန်တိုင်းကြောင့် ကားမရှိလိုင်းမမိအခြေအနေကြားက ဗိုလ်မှူးချုပ်ကိုသွားကြည့်ဖို့ ...
5
TMDb: 5/10 2 votes
tv

Charlie Chopra And The Mystery Of Solang Valley (2023)

2023