Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kwon Hwa-woon
10
The Brave Yong Soo Jung (2024)
The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၈၀)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb:
10/10
1 votes
tv
The Brave Yong Soo Jung (2024)
2024
8.2
SKY Castle (2018)
Sky Castle (2018) Penthouse လို အလောင်ဇာတ်ကားမျိုးကိုမှ သဘောကျလှပါတယ်ဆိုတဲ့သူတွေအတွက် လောင်ပြီးရင်းလောင်ရမယ့် Sky Castle (2018) ကို CM မှ တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင်တော့ သားသမီးတွေအတွက် အဆိပ်တစ်ခွက်လိုဖြစ်စေတဲ့ မိဘတွေရဲ့လောဘအကြောင်းနဲ့ ပိုက်ဆံတွေကျိကျိတက်ချမ်းသာနေရင်တောင် စိတ်ချမ်းသာမှုကိုတော့ ငွေပေးဝယ်လို့မရဘူးဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။"ရလေလိုလေ အိုတစ္ဆေ" ဖြစ်တတ်ကြတဲ့ လူသားတွေရဲ့လောဘတွေ၊ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေ၊ မိမိရဲ့အတ္တနဲ့လောဘကိုပဲ ရှေ့တန်းတင်ကြတဲ့သူတွေ...စတဲ့ လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေကို အသေအချာရိုက်ကူးပြထားတဲ့အပြင် Rating ကြီးကလည်း ရှယ်ပဲမို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။Casts တွေအနေနဲ့လည်း yum Jung-Ah, Kim Hye-Yoon, Yoon Se-Ah, Kim Seo-Hyung နဲ့ Oh Na-Ra တို့လို ရှယ်တွေချည်းပါဝင်ထားတာမို့ ကြည့်ရှုရတာ လုံးဝတန်စေမှာပါနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, Lai Laii, Joyz, Milkeux, Thantsin ...
8.2
TMDb:
8.2/10
35 votes
tv
SKY Castle (2018)
2018
8.1
Six Flying Dragons(2015)
Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb:
8.1/10
14 votes
tv
Six Flying Dragons(2015)
2015
Check Out the Event(2021)
Check Out the Event(2021)ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်းသစ်( ၁ မှ ၄)ထိ စ/ဆုံးဟာဆွန်းရီဆိုတဲ့ တက်တက်ကြွကြွနေတတ်တဲ့ကောင်မလေးဟာပတ်ဒိုဂယွန်းလို့ခေါ်တဲ့ ကောင်လေးနဲ့ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။သို့သော်လည်း ပတ်ဒိုဂယွန်းဘက်က လမ်းခွဲ ကြဖို့ဆုံးဖြတ်လိုက်ပါတယ်....တစ်ဖက်သတ်ထားခဲ့ခံရလို့ အသဲကွဲနေတဲ့အချိန်မှာပဲ ဟာဆွန်းရီဟာ လွန်ခဲ့တဲ့ ၂လကလျှောက်ထားခဲ့တဲ့ စုံတွဲခရီးသွားခွင့်လက်မှတ်ကို မဲထပေါက်ပါတော့တယ်။ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးတဲ့ ဟာဆွန်းရီက ပတ်ဒိုဂယွန်းနဲ့ဆက်တွဲနေသေးသလို ဟန်ဆောင်ပြီး ခရီးသွားကြဖို့ စီစဥ်ပါတော့တယ်။ခရီးမှာ ဆောဂျီဂန်းဆိုတဲ့ ကောင်လေးကလည်း သူတို့အတွဲရဲ့ ခရီးသွားလမ်းညွှန်အဖြစ်ပါလာခဲ့ပါတယ်။ဆောဂျီဂန်းက ဟာဆွန်းရီကို တဖြည်းဖြည်း စိတ်ဝင်စားလာတဲ့အခါမှာဟာဆွန်းရီကဘယ်လိုတုန့်ပြန်မလဲ။ပတ်ဒိုဂယွန်းကရော သဝန်တိုစိတ်နဲ့ ဟာဆွန်းရီဆီပြန်လာမလားဆိုတာကိုစိတ်ဝင်စားဖို့ကောင်းစွာ ကြည့်ရှူရမဲ့ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Episodes: 4Aired: Aug 14, 2021 - Sep 4, 2021Aired On: Monday, Tuesday, Wednesday, Thursday, FridayGenres: Romance, Youth, Drama, MelodramaTranslated by Myat Thet & Mi Moe SetEncoded by ...
Check Out the Event(2021)
2021