Channel Myanmar

Kiran Kumar

The Broken News (2022) 8
The Broken News (2022) The Broken News (2022)==================== အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု ..ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး“အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်းအားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှအမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ်ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုကမတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလိုလက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati”သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာအခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် ...
8
TMDb: 8/10 1 votes
tv

The Broken News (2022)

2022