Channel Myanmar

Kim Myung-min

Your Honor (2024) 10
Your Honor (2024) Your Honor (2024) *****************အပိုင်းသစ် 8Crime, Thriller တွေကြိုက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါနော်သရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးဝါရင့်မင်းသားကြီး Son Hyun Joo, Kim Myung Min တို့အပြင်...Escape of seven ,sweet home တို့မှာပါဝင်ခဲ့တဲ့ သရုပ်‌ဆောင်တွေဖြစ်တဲ့ Kim Do Hun,Hun Nam Jun နဲ့...မင်းသမီးချောလေး Jung Eun chae တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း --------------သားဖြစ်သူအတွက် ဘယ်အရာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီး...မကောင်းဆိုးဝါးလို့ သတ်မှတ်ခံရတဲ့လူတစ်ယောက်ဖြစ်လာဖို့တောင်ဝန်မလေးတဲ့.....ဖခင်တစ်ဦးရဲ့မေတ္တာ အတ္တကြီးမားပုံတွေကိုထင်ထင်ရှားရှားတွေ့မြင်ရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်လူတိုင်းလေးစားခံရတဲ့ နာမည်ကြီးတရားသူကြီး Song Pan Ho....ကြင်နာတတ်ပြီး ဘာနာမည်ပျက်မှမရှိတဲ့အောင်မြင်တဲ့ဘဝမှာ....ဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်ကျစွာနေထိုင်ခဲ့ပေမဲ့....သားဖြစ်သူကြောင့် သူမလုပ်ဖူးတဲ့လုပ်ရပ်ကိုလုပ်ရတဲ့အခါ....ဒုစရိုက်အဖွဲ့အစည်းရဲ့သွေးအေးလူသတ်သမား ရက်စက်တဲ့သူလို့နာမည်ကြီးတဲ့ Kim Kang Heon...သူ့ကိုမြင်တာနဲ့လူတကာဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့သူဖြစ်ပေမဲ့....သားကိုတော့ တုန်နေအောင်ချစ်တဲ့အဖေတစ်ယောက်ပဲဖြစ်ပါတယ်ယာဉ်မတော်တဆဖြစ်ပြီး သားဖြစ်သူသေသွားတဲ့အခါ....Kim Kang Heon တစ်ယောက်မတော်တဆမှုနောက်ကွယ်ကအကြောင်းကိုစုံစမ်းရင်း.....ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ် Drama: Your ...
10
TMDb: 10/10 1 votes
tv

Your Honor (2024)

2024
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

Six Flying Dragons(2015)

2015
Law School(2021)
Law School(2021) Law School(2021) အညွှန်း**********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးYang Jong Hoon ဟာ အမှုစစ်ဟောင်း ဖြစ်ပြီး အခုချိန်မှာ ထိပ်တန်းဥပဒေကျောင်းတစ်ကျောင်းရဲ့ ပါမောက္ခအဖြစ် စာသင်ကြားပေးနေတဲ့သူပါ။သူ့ရဲ့ ဒဲ့တိုးဆန်တဲ့ အပြောအဆိုတွေနဲ့ တင်းကြပ်တဲ့သင်ကြားနည်းတွေကြောင့် ကျောင်းသားတွေက သဘောမကျကြပါဘူး။ဒါပေမယ့် သူကတော့ ကျောင်းသားတွေရဲ့ အမြင်ကိုဂရုမစိုက်ဘဲ ဥပဒေနယ်ပယ်မှာ အရည်အချင်းပြည့်ဝသူတွေကိုမွေးထုတ်ပေးဖို့သာ အာရုံစိုက်ထားတဲ့သူပဲဖြစ်ပါတယ်။ သူ့လိုဘုဂလန့်လူတစ်ယောက်နဲ့ပွင့်လင်းစွာပြောဆိုနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခ Kim Eun Sook ပဲရှိပါတယ်။Kang Sol နဲ့ Han Joon-Hwi တို့ကတော့ ပထမနှစ်ဥပဒေကျောင်းသားတွေဖြစ်ပါတယ်။ဆင်းရဲတဲ့နောက်ခံကလာတဲ့ Kang Solအတွက်တော့ အထူးဝင်ခွင့်နဲ့ဝင်ရောက်လာခဲ့ရပြီးချမ်းသာပြီးထက်မြက်တဲ့သူတွေကြားမှာ ရှေ့နေကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေသူပါ။Han Joon Hwi ကတော့ ဆွဲဆောင်မှုနဲ့ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လို့ ပြည့်စုံတဲ့သူလို့ဆိုနိုင်ပေမယ့် လူမသိအောင်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့သူပဲဖြစ်ပါတယ်။ဒီလိုလူမျိုးတွေရှိနေတဲ့ ထိပ်တန်းဥပဒေကျောင်းတစ်ခုမှာ ဆိုးဝါးရက်စက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတဲ့အခါမှာတော့ ပါမောက္ခနဲ့ကျောင်းသားတွေ ဥပဒေနဲ့အညီ တရားမျှတမှုကို ...

Law School(2021)

2021