Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Kyung-nam
Connection (2024)
CONNECTION (2024) ********************အပိုင်း ၁ မှ ၁၄စ/ဆုံး CM FAN တွေအတွက် ONGOING ဇာတ်ကားသစ်လေးတစ်ကား ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းမှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ကေဒရာမာဖန်တွေနဲ့ မစိမ်းတဲ့....(Kill me Heal me, Devil Judge) စတဲ့ ဇာတ်လမ်းတွေထဲက မင်းသားကြီး Ji Song နဲ့....(Hospital Playlist, Thirty nine)က မင်းသမီး Jeon Mido တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး....အခြား ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ် ဇာတ်လမ်းအကျဉ်း -----------------တောင်ကိုရီးယား ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့ရဲ့ အတော်ဆုံးစုံထောက် ဂျွန်ဂျယ်ဂယောင်းဟာ...မမျှော်လင့်ဘဲ မူးယစ်ဆေးစွဲသွားပါတယ်တစ်ရက်မှာ အသက်အာမခံကြေး သန်း၅၀ချန်ပြီး သေဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အမှုအကြောင်း စုံစမ်းရင်း...ပြန်ဆုံရတဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတွေဟာ ဒီမသင်္ကာစရာ သေဆုံးမှုမှာ....ဆက်နွယ်မှုရှိနေတာလားဆိုတာကို ဖော်ထုတ်ဖို့ကြိုးစားမဲ့ ဇာတ်လမ်းလေးပါAction, Thriller, Crime အမျိုးအစားဖြစ်တာကြောင့်....အကြမ်းအရမ်းကြိုက်တဲ့ ပရိသတ်တွေအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် ဇာတ်လမ်းအညွှန်းကို ...
Connection (2024)
2024
6.9
Come and Hug Me(2018)
Come and Hug Me(2018)**********************အပိုင်း ( ၁ မှ ၁၆) အထိ စ/ဆုံး Jang Ki Yong(Chae Do Jin)နဲ့ Jin Ki Koo(Han JaeYi)တို့ဟာ ငယ်စဉ်ကတည်းကကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသလို အဲဒီကတည်းကတစ်ဦးပေါ်တစ်ဦးမေတ္တာရှိခဲ့ကြတဲ့ အချစ်ဦးတွေဖြစ်ကြပါတယ် Chae Do Jin ရဲ့ဖခင်ဖြစ်သူဟာ psychopath တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာHan Jae Yi ရဲ့မိဘတွေကိုရက်ရက်စက်စက်သတ်ခဲ့ပါတယ်...အဲဒီနောက်ပိုင်းမှာ အချစ်ဦးနှစ်ယောက်ဟာကွဲကွာခဲ့ပါတယ်... နှစ်များစွာကြာပြီးတဲ့နောက် Chae Do Jin ဟာစုံထောက်ဖြစ်လာပြီးHan Jae Yi ဟာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်...Chae Do Jin တစ်ယောက်စုံထောက်ဖြစ်လာပြီး သူ့အဖေအရင်းကိုဘယ်လိုဖမ်းမလဲ ....သူ့ရဲ့အချစ်ဦးကောင်မလေးနဲ့ရော ဘယ်လိုပြန်ဆုံတွေ့ပြီး ဘယ်လိုတွေကာကွယ်ပေးမလဲဆိုတာကြည့်ရမှာပါ.... ChaeDoJin ဖခင် psychopath အဖြစ်ပါဝင်ထားတဲ့ Heo Jun Ho ဟာလည်းvillain ခန်းတွေမှာအပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသားကြီးဖြစ်တာမို့သူ့အခန်းတွေမှာဒေါသထွက်ရမှာဖြစ်သလို မင်းသားမင်းသမီးကြားကChemistry ကလည်းမိမိုက်တာကြောင့် ဒေါသထွက်လိုက် အချိုလေးတွေစားရလိုက်နဲ့ကြည့်ရမှာမို့ ကြည့်လိုက်ကြပါဦး....Episodes: 16 Aired: ...
6.9
TMDb:
6.9/10
26 votes
tv
Come and Hug Me(2018)
2018
8.2
Defendant(2017)
Defendant(2017) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း (၁ မှ ၁၈) အထိ စ/ဆုံး"ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကိုအခုကျွန်တော်ဘယ်ရောက်နေတာလဲ...."သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ...မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး...သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကိုကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ....ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ...ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်းတကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့...Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်....နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်...အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝစိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့....Episodes: 18Duration: 60 MinQuality ...
8.2
TMDb:
8.2/10
18 votes
tv
Defendant(2017)
2017
8.0
The One and Only (2021)
The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေတဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb:
8.0/10
5000 votes
tv
The One and Only (2021)
2021
8.3
Where Stars Land (2018)
Where Stars Land (2018)==================IMDb Rating - 7.1/10အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က ဝန်ထမ်းတွေကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပြသထားတဲ့ romance melodramaလေးနဲ့မိတ်ဆက်ပေးပါရစေ။"အဖေကပြောဖူးတယ် လောကကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူး။ ဘဝမှာ အရာအားလုံးက အကြောင်းရှိလို့ဖြစ်ရတာချည်းပဲ" ဆိုပြီးဇာတ်ကားလေးကိုဖွင့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ . . . အီဆူယွန်းက ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်တက္ကသိုလ် Kaist ကနေ ဘွဲ့ရထားတဲ့ ခရီးသည်ဝန်ဆောင်မှုဌာနက ဝန်ထမ်းတစ်ယောက်ပါ။ အရည်အချင်းလည်းရှိပြီး ရုပ်တည်ကြီးနဲ့နေတတ်လွန်းလို့ အခုမှသုံးလအစမ်းခန့်ကာလပြီးထားတဲ့ဝန်ထမ်းသစ်လို့ မထင်ရအောင်ပါပဲ။ ဘယ်သူနဲ့မှ ရောရောနှောနှောနေလေ့မရှိတဲ့အတွက် သူ့အကြောင်း အတင်းအဖျင်း၊ ကောလာဟလတွေလည်းအများကြီးရှိတဲ့ နားလည်ရခက်တဲ့လူမျိုးပေါ့နော်။ဟန်ယောရမ်ကတော့ အင်ချွန်းလေဆိပ်မှာအလုပ်လုပ်တာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် စိတ်ဆတ်လွယ်ပြီး ရမ်းကားတဲ့ခရီးသည်တွေအပေါ် ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြုမူမှုတွေကြောင့် ခရီးသည်ဝန်ဆောင်မှုဌာနကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ရှပ်ပြာမလေးပါ။ အဲဒီလိုမဟုတ်မခံမလေးကို သူ့ထက်နောက်ကျပြီးမှ အလုပ်ဝင်တဲ့ အီဆူယွန်းက ဆရာအဖြစ်ကြီးကြပ်ရတဲ့အခါ ဘယ်လိုတွေခရီးဆက်ကြမလဲ။အီဆူယွန်းနဲ့ပတ်သက်တဲ့ ကောလာဟလဆိုတာတွေကရော အမှန်တွေလား ဆိုတာကတော့ မကြာမီလာမည် မျှော်ပေါ့နော်။ အီဆူယွန်းအဖြစ်Architecture 101 ...
8.3
TMDb:
8.3/10
12 votes
tv
Where Stars Land (2018)
2018
8.3
Prison Playbook (2017)
Prison Playbook (2017)=================IMDb Rating - 8.3/10#UnicodePrison Playbook လို့ ဆိုလိုက်တာနဲ့ Reply စီးရီးတွဲတွေနဲ့ Hospital Playlist ကို တန်းမြင်မိကြမှာပါ။ဒီဇာတ်လမ်းတွဲတွေကတော့ ကိုရီးယားဒရာမာတွေမှာ အတော် ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တာမို့ဒီတစ်ခေါက်တော့ Prison Playbook ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်လမ်းတွဲတွေရဲ့ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းရေးဆရာက အတွဲလိုက် လက်ရာကောင်းတွေ ထုတ်လွှင့်ပြသနိုင်ခဲ့ကြတာပါ။Hospital Playlist တုန်းက သဘောကျခဲ့တဲ့ ပရိသတ်တွေအနေနဲ့ ဒီကားကို သဘောကျမိမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ပရိုဘေ့စ်ဘောသမားတစ်ယောက်ဖြစ်တဲ့ ကင်ဂျယ်ဟော့ ဟာ သူ့ညီမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူကိုဆုံးမရာကနေ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပါတယ်။ ဒါကို တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပေမယ့်ပြည်သူလူထုနဲ့ ပရိသတ်ကြီးကတော့ မကျေနပ်ခဲ့ကြပါဘူး။ အယူခံဝင်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ကြရမှာပါ။ ထောင်ထဲဝင်ရတိုင်းလည်း လူဆိုးတော့ မဟုတ်ပါဘူး။ လူဆိုးသူခိုးတွေအပေါဆုံးနေရာကလည်း ထောင်ပါပဲ။ ...
8.3
TMDb:
8.3/10
3,002 votes
tv
Prison Playbook (2017)
2017
10
The King: Eternal Monarch (2020)
အားလုံးစောင့်မျှော်နေတဲ့ စီးရီးလေး စတင်ပါပြီ။အပတ်စဉ် သောကြာ စနေ ညတွေမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မင်းသားကတော့ F4 မင်းသားလို့ အများသိတဲ့ လီမင်ဟိုပါပဲ။ဒီစီးရီးကတော့ အပြိုင်စကြဝဠာ၊ အပြိုင်ကမ္ဘာအယူအဆတွေနဲ့ပဲ တည်ဆောက်ထားတာပါ။အပြိုင်ကမ္ဘာတစ်ဖက်မှာ Corea (ကိုရီးယား တိုင်းပြည်) ရှိပါတယ်။အဲဒီမှာ အင်မတန်အစွမ်းထက်တဲ့ ပုလွေတစ်ခု ရှိပြီးအဲဒီပုလွေကိုလုယူဖို့အတွက် မင်းသား လီလင် ဟာအစ်ကိုဖြစ်သူ မင်းကြီးကို လုပ်ကြံခဲ့ပါတယ်။ဒါပေမယ့် အိမ်ရှေ့စံမင်းသား ကလေးငယ် လီဂွန် (လီမင်ဟို) ကတားဆီးခဲ့တဲ့အတွက် မအောင်မြင်ဘဲထွက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာ လီဂွန်ကို အမည်မသိလူတစ်ယောက်က ကယ်ဆယ်ခဲ့ပြီးဂျောင်ထယ်အူ ဆိုတဲ့ ရဲကတ်ပြားလေးကျန်နေခဲ့ပါတယ်။လီဂွန်က ဘုရင်အဖြစ် နန်းတက်ပြီးအရွယ်ရောက်လာချိန်မှာအပြိုင်ကမ္ဘာက စုံထောက်မဗိုလ် ဂျောင်ထယ်အူ နဲ့ပြန်တွေ့ဆုံကြတဲ့အခါမှာCM Team က ဘာသာပြန်ပေးထားပြီးLK မှ တင်ဆက်ပေးထားပါတယ်။ File Size - (500mb)@EpisodeQuality - HD-Rip 720p Ep 1-8 (Zip File ) - Yoteshin ...
10
TMDb:
10/10
3 votes
tv
The King: Eternal Monarch (2020)
2020