Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kang Ye-won
8.1
[S1]Bad Guys (2014)
Bay Guys(2014)ဒီတစ်ခေါက်မှာတော့ Action series ကြိုက်တဲ့သူတွေအတွက် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Park Hae Jin, Ma Dong Seok, Kim Sang Joong နဲ့ Jo Dong Hyuk တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Bad Guys ဆိုတဲ့ ဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဥ်းရဲတွေ ဘယ်လိုမှ မလိုက်နိုင်တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုအတွက် ရဲချုပ်နမ်ဂွန်ယောင်းက ထုတ်ပယ်ခံလိုက်ရတဲ့ စုံထောက်အိုဂူထက်ကို ပြန်ခေါ်ပြီး လျှို့ဝှက်တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်ခွေးရူးဆိုပြီးနာမည်ကြီးတဲ့ စုံထောက်အိုက ဒီအမှုကို စုံစမ်းဖို့ သူလို ခွေးရူး၃ကောင် ထပ်လိုအပ်တယ်ဆိုပြီး ထောင်ထဲက လူ၃ယောက်ကို သူ့အဖွဲ့ဆီပို့ပေးဖို့ပြောခဲ့တယ်သူ့ရဲ့တောင်းဆိုချက်ကြောင့်ဆိုးလ်က ထိပ်တန်းလူမိုက်ဂိုဏ်းတစ်ခုရဲ့ ဒုတိယခေါင်းဆောင် ဘတ်အွန်ချောထိပ်တန်း ကြေးစားလူသတ်သမား ဂျောင်ထယ်ဆူနဲ့အသက်အငယ်ဆုံး စိတ္တဇကွင်းဆက်လူသတ်သမား အီဂျောင်မွန်းတို့ ၃ ယောက်ကို ထောင်အပြင်ခဏထုတ်ပေးခဲ့ရတယ်စုံထောက်အိုက ဘာလို့ ဒီ၃ယောက်ကိုရွေးချယ်ခဲ့တာလဲ... သူနဲ့ ဘယ်လိုပက်သက်မှုတွေရှိနေမလဲ...အမှုတွေဖြေရှင်းပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြရမှာပါ ...
8.1
TMDb:
8.1/10
28 votes
tv
[S1]Bad Guys (2014)
2014
8.0
The One and Only (2021)
The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေတဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb:
8.0/10
5000 votes
tv
The One and Only (2021)
2021
8.3
Baek Hee Has Returned ( 2016 )
Unicode*********ဟာသချစ်သူတွေအတွက် ဘတ်ဟီးပြန်လာပြီဆိုတဲ့ ဇာတ်လမ်းကို တင်ဆက်လိုက်ပါတယ်ဒီကားက အပိုင်း ၄ ပိုင်းခွဲထားတော့ မရှည်လွန်း မတိုလွန်း မအီလွန်းပေါ့...ဇာတ်လမ်းလေးကတော့ ဘတ်ဟီးဆိုတဲ့ အမျိုးသမီးကို တည်ချက်ထားပြီးအချိတ်အဆက် မိမိ ရိုက်ကူးထားတဲ့ကားလေးပါ...ဘတ်ဟီးဆိုတဲ့ ပေါက်ကျော်မလေးက မဟုတ်မခံ စိတ်ကို အရင်းခံပြီးကျား/မ မခွဲ အကုန်ဆော်တတ်တဲ့အတွက် ဘွဲ့ထူးအပေးခံခဲ့ရသေးတာ...သူကို တစ်ဖက်သတ်စိတ်ဝင်စားနေတဲ့ ကောင်လေးသုံးယောက်နဲ့လည်း ပုခုံးဖက်ပေါင်းလာခဲ့ရာကနေ...သူ့ဘဝအလှည့်အပြောင်းကြောင့် ဗိုက်တစ်လုံးနဲ့ ဆိုးလ်ကိုပြောင်းသွားခဲ့ရာကနေ၁၈ နှစ်လောက်ကြာမှ ကျွန်းပေါ်ပြန်လာခဲ့တယ်...ပြန်လာတော့ အွတ်ဟီးဆိုတဲ့သမီးလေးပါပါလာပြီး အွတ်ဟီးကသူ့အဖေအရင်းကို ဘယ်လိုပြန်ရှာမယ် ရှာရင်း ဘာတွေလွဲပြီးဘယ်လိုရယ်ရမယ်ဆိုတာတော့ ဒေါင်းတာကြည့်လိုက်ကြပါတော့ Translated & Review By Chu ChuEncoded By LK Download With Zip File ( 1.77 GB) - Google Drive | MegaUp | VIP
8.3
TMDb:
8.3/10
2 votes
tv
Baek Hee Has Returned ( 2016 )
2016