Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
K.C. Shankar
36 Days (2024)
36Days 2024 (ရှုပ်ထွေးပွေလီ ဗီလာကြီး)လူကုံထံအသိုင်းအဝိုင်းတွေပဲနေထိုင်တဲ့ ဗီလာတစ်ခုမှာ တိုနီဟာ အိမ်တော်တော်များများကိုပိုင်ဆိုင်ပြီး ပြန်လည်အငှားချကာထားပါတယ်။တစ်ရက်တော့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဒီဗီလာကို ဖာရာဆိုတဲ့ လေယာဉ်မယ်လေး ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကနေ စပြီးတော့ ဒီဗီလာအကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒီရှုပ်ထွေးမှုတွေကြားမှာ ဖာရာက ဘယ်လိုတွေ ပါဝင်ပတ်သက်နေတာလဲ ....... ပြီးတော့ အိမ်ရှာလို့မရသေးလိုဆိုတဲ့အကြောင်းပြချက်နဲ့ သူငယ်ချင်းအိမ်မှာ ခေတ္တလာရောက်တည်းခိုနေတဲ့ အခြောက်မလေး တာရာကရော ဒီရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေဦးမလဲ....... ဗီလာမှာရှိတဲ့သူတွေကြားက ပြဿနာအရှုပ်တွေရော ပြန်လည်အဆင်ပြေသွားပြီး အရင်လိုပဲ အေးအေးချမ်းချမ်းနေရပါ့မလား ......ဒီဗီလာမှာရှိတဲ့သူတွေရဲ့ အချစ်, အမုန်း, ငွေကြေးအားပြိုင်မှုတွေ, အလိမ်အညာလှည့်ကွက်တွေနဲ့အတူ ဘယ်လိုလျှိ့ဝှက်ချက်များစွာတွေ ရှိနေမလဲဆိုတာကို ကြည့်ရှုရမယ့် အပိုင်း၈ပိုင်းပါဝင်တဲ့ ဟင်ဒီ Thriller ဝဘ်စီးရီးလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ YunnI~BpL~ToMo~KKKZ တို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Mystery, CrimeTranslator – YunnI~BpL~ToMo~KKKZEncoder – YK Episode ...
36 Days (2024)
2024
6.2
Adhura (2023)
Adhura 2023 (7 Episodes) IMDb 6.7/10သရဲစီးရီးခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တဝကြီးကြောက်ရမဲ့ စီးရီးအသစ်စက်စက်လေးတင်ဆက်ပေးလိုက်ပါတယ်။ဘယ်လူမျိုး ဘယ်နိင်ငံ ဘယ်ယဉ်ကျေးမှုမှာမဆို ဘူလီလုပ်တတ် အနိုင်ကျင့်တတ်တဲ့သူကတော့ ရှိတတ်ကြတာကို ရုပ်ရှင်ဇာတ်လမ်း သတင်းတွေကတဆင့် ကျွန်မတို့တွေတွေ့မြင်ကြရပါတယ်။ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ကြုံဖူးကြသူတွေလည်းရှိမှာပါ။ ဘလိုင်းကြီးအနိုင်ကျင့်တဲ့သူတွေဆိုတာက ခပ်ရှားရှားရယ်ပါ။အနိုင်ကျင့်ကြသူတွေဆိုတာက သူတို့မပိုင်ဆိုင်နိုင်တဲ့အရာတွေကိုပိုင်ဆိုင်ထားကြသူတွေကို ဦးတည်တတ်တာမျိုး အိမ်မှာ ဒါမှမဟုတ် သူနေရတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က အနိုင်ကျင့်ခံရတတ်တာမျိုးတွေကြောင့်ပဲ သူတို့ကို ဒီလမ်းလျောက်စေတယ်လို့ယူဆမိပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း အနိုင်ကျင့်ကြသူတွေကိုမြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်း ကျောင်းနောက်ဆုံးနေ့မှာ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်.. ပျောက်ဆုံးသွားတာ ၁၅နှစ်ကြာတဲ့အထိ ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိခဲ့ကြဘူး။ ရှာဖွေကြတော့လည်းဘယ်မှာမှမတွေ့ရဘဲ တစ်ခန်းရပ်ခဲ့လေရဲ့... ၂၀၀၇ခုနှစ်ပညာသင်နှစ်ရဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ .. အရာရာတစ်စခန်းပြန်ထလာမဲ့နေ့တစ်နေ့..နိုင်ငံရပ်ခြားရောက်နေသူတွေပါပြန်ပေါင်းဆုံတဲ့နေ့ရက်မှာ ထူးဆန်းမှုတွေဟာ ဆက်တိုက်... ချောက်ချားစရာတွေကြား တစ်စတစ်စနဲ့သိလာရတဲ့အမှန်တရားတွေ အမုန်းတရားတွေ ဒီလိုထူးဆန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ကျောင်းသားလေးတို့ ဘာတွေဆက်နွယ်နေကြမလဲ ပျောက်ဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့ဆာလောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ခြောက်လှန့်မှုတွေကို တဝကြီးကြည့်ရှုခံစားရမယ့် စီးရီးတခု...... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~BpL~Zwe Yan~Cherry~Sai~V တို့ပဲဖြစ်ပါတယ်File Size – 600MB / 300MBQuality – 1080p AMZ WEB DL / 720pDuration – ...
6.2
TMDb:
6.2/10
4 votes
tv
Adhura (2023)
2023
7
Rocket Boys (2022) Season 2
1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb:
7/10
4 votes
tv
Rocket Boys (2022) Season 2
2022
8
Rudra: The Edge Of Darkness (2022) Complete
Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb:
8/10
1 votes
tv
Rudra: The Edge Of Darkness (2022) Complete
2022
7.7
Typewriter (2019) Season 1 [COMPLETE]
ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် Mystery ဇာတ်ကားကောင်းတွေဖြစ်တဲ့ Kahaani, Kahaani 2 & Badla တို့ရဲ့ ဖန်တီးရှင် Sujoy Ghosh ရဲ့ ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်Mystery, Horror ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲNetflix က ထုတ်လွှင့်တာဖြစ်ပြီး ၅ ပိုင်းနဲ့အပြီးပါပဲဇာတ်လမ်းလေးကတော့ နာမည်ကျော် သရဲဝတ္ထုစာရေးဆရာကြီး မာဒက် မက်သရူးဟာ သူ့နေအိမ်ကြီးဖြစ်တဲ့ ဘာဒက်ဇ် ဗီလာမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်အဲ့ဒိအချိန်ကျန်ရှိခဲ့တာတော့ တစ်ဦးတည်းသော မြေးမလေးပါပဲ နှစ်တွေကြာသွားတော့ ဒီအိမ်ကြီးဟာ သရဲတစ္ဆေခြောက်လှန့်တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်အဲ့ဒိအိမ်ကြီးထဲဝင်ပြီး သရဲတစ္ဆေရှာဖွေချင်နေတဲ့ ချာတိသုံးယောက်လည်းရှိပါတယ်ဒါပေမဲ့ မထင်မှတ်ထားဘဲ ထိုအိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတဲ့အခါမှာတော့ သူတို့ရဲ့အကြံစည် အကောင်ထည်ဖေါ်နိုင်ပါ့မလား ...ဒီမိသားစုအသစ်ကရော ဘယ်သူတွေလဲ ...သူတို့တွေဆီကို ဘယ်လိုထူးဆန်းမှုတွေ ရောက်ရှိလာမလဲဆိုတာကိုတော့ ...(ဘာသာပြန်ပေးထားသူတွေကတော့ ကိုဇော်ထူး ပါ) Quality – 720p NF WEB-DLDuration – 1hr ...
7.7
TMDb:
7.7/10
3 votes
tv
Typewriter (2019) Season 1 [COMPLETE]
2019