Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Junyi Shen
Demi-Gods and Semi-Devils (completed)
ဟိုး…လွန်လေပြီးခဲ့သော ၁၉၅၀-၁၉၆၀ ခုနှစ်ဝန်းကျင်တွေမှာ သိုင်းလောကသားတွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်ကိုင်နိုင်ခဲ့တဲ့ သိုင်းဇာတ်လမ်းပေါင်းများစွာ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ်ရိုးရိုးဝတ္ထုတစ်အုပ်စာ ရုပ်ရှင်အနေနဲ့ တစ်နာရီခွဲဝန်းကျင်စာ သိုင်း ဇာတ်လမ်းတွေမှ ဝတ္ထုစာအုပ် ၅ အုပ်တွဲ ၁၀ အုပ်တွဲမှ ၁၆-၁၇ အုပ်တွဲ လောက်အထိ အခန်းဆက်ပေါင်းများစွာ ဇာတ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဖော်ထားကြတဲ့ သိုင်းဇာတ်လမ်းများလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ်၎င်းသိုင်းဇာတ်လမ်း များထဲမှ ကျနော်တို့သတိပြုမိ နှစ်သက်မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်လမ်းများကို လက်ရာကောင်းမွန်သေသပ်စွာသီကုန်းနိုင်ခဲ့တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ လက်ရာမွန်များဖြစ်သော သိန်းငှက်သူရဲကောင်း အတွဲ(၂) နဲ့ သိုင်းလောကရဲ့စိန်ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်သူများအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီယခုတစ်ဖန် ပြန်လည်တင်ဆက်ပေးချင်တဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုကတော့ ဆရာကြီးကျင်းယုံရဲ့လက်ရာမွန်တစ်ခုဖြစ်တဲ့ Dami-gods and semi-devils ပဲဖြစ်ပါတယ် ကျနော်တို့ မြန်မာပြည်က သိုင်းလောကသားတွေကတော့ စာအုပ်အဖြစ် `လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်လမ်းအနေနဲ့လည်း `တိမ်လွှာနဂါး သူရဲကောင်းများ´အဖြစ်သိရှိထားခဲ့ပြီးသားပါသို့ပေမယ့် ခေတ်ဟောင်းက သိုင်းဇာတ်လမ်းတွေကိုမှ ရင်ခုန်စိတ် ဝင်စားတတ်ကြတဲ့ သူတွေအတွက်ရော ခုခေတ်ညီ/ညီမငယ်တို့အတွက်ပါ အပြင်မှာ လုံးဝမရှိသလာက်ရှားသွားပြီဖြစ်တဲ့ ကြည်တောက်ရှင်း ဗားရှင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းကိုနည်းနည်းလောက်ညွှန်းစာပြရရင်တော့ တရုပ်ပြည်မကြီးထဲကို သီချင်းလေးတစ်အေးအေးနဲ့ အလည်လာခဲ့တဲ့ ခေတန်လူမျိုးမိသားစုလေးတစ်စုဟာ လမ်းခရီးမှာ ကြမ္မာငင်စွာပဲ လူတစ်စုရဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်နောက် သိုင်းပညာမသင်ချင်တဲ့အတွက် တလိပြည်ကထွက်ပြေးလာခဲ့တဲ့ မင်းသားလေးသွမ့်လန်::: သိုင်းပညာထက်မြက်ပြီး အမှန်တရားကို အသက်ထက်မြတ်နိုးလို့ သူရဲကောင်းပီသလှတဲ့ တရုပ်ပြည်မကြီးရဲ့ မြောက်ပိုင်းချောင်ဖုန်းလို့ ...
Demi-Gods and Semi-Devils (completed)
2003