Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Woo
6.7
Sad Love Story (2005) [Complete]
Sad Love Story (2005)***********************အပိုင်း (၁ မှ ၂၀) စ/ဆုံး တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Kim Hee-Sun၊ Kwon Sang Woo၊ Yeon Jeong Hoon၊ကလေးသရုပ်ဆောင် မင်းသား Yoo Seung Ho စတဲ့အဘွားတို့ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသားကြီး၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကိုCM ပရိသတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။မိဘမဲ့ဖြစ်ပြီး ကလပ်အဆိုတော် အဒေါ်က စောင့်ရှောက်ထားရတဲ့မျက်မမြင်ကောင်မလေး ဟယ်အင်း၊ အမေရိကန် စစ်သားတွေကိုအရက်ရောင်းတဲ့ ကလပ်ပိုင်ရှင် အမေဖြစ်သူကြောင့် နေ့စဉ်ရက်ဆက်ကျောင်းမှာ တခြားကလေးတွေရဲ့ သရော်ခြင်းကိုခံရပြီးရန်မဖြစ်လာတဲ့နေ့မရှိတဲ့ ဂျွန်ယောင်း။ဖြူစင်တဲ့ကလေးဘဝအရွယ်မှာ တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ဦးဟာတစ်ယောက်ပေါ်တစ်ယောက်မှီခိုရင်း ငယ်ချစ်ဦးတွေ ဖြစ်သွားခဲ့ကြတယ်။ဒီလိုနဲ့ကံကြမ္မာအကြောင်း ဖန်လာပြီး ဟယ်အင်းလေးက အမေရိကားကိုရွှေ့ပြောင်းရမဲ့အချိန် ရောက်လာတဲ့အခါ ငယ်ချစ်ဦးရေစက်ဟာလည်းပြတ်တောက်ရတော့မလို ဖြစ်သွားတော့တယ်။အမေရိကားရောက်သွားတဲ့ ဟယ်အင်းဟာ မျက်စိခွဲစိတ်မှုကို ခံယူပြီးလူသစ်စိတ်သစ် ပြောင်းလဲသွားရင်း ဂျွန်ယောင်းရဲ့သူငယ်ချင်းတစ်ဖြစ်လဲသူဌေးသား ဂွန်းဝူနဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ်။ငယ်ချစ်ဦးကို မမြင်ဖူးခဲ့တဲ့ ...
6.7
TMDb:
6.7/10
59 votes
tv
Sad Love Story (2005) [Complete]
2005
Miraculous Brothers (2023)
Miraculous Brothers (2023)ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှုတွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။Quality : 108op / 720pTotal Episodes : 16EpsFormat : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, ComedyDuration :Subtitle : ...
Miraculous Brothers (2023)
2023
10
Mental Coach Jegal (2022)
Mental Coach Je Gal Gil (2022) (အညွှန်း) ==============================အလုပ်ကြိုးစားပြီး ဖော်ရွေတတ်တယ်လို့နာမည်ကြီးတဲ့ နိုင်ငံ့ကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားသမားတစ်ယောက် .. တစ်နေ့မှာတော့ အားကစားလောကရဲ့ထုံးစံအတိုင်း မတော်တဆဖြစ်ရပ်တစ်ခုရဲ့ အတင်းအဖျင်းသတင်းတစ်ပုဒ်ကြောင့် အားကစားသမားဘဝကနေအနားယူလိုက်ရတော့တယ်။ ဒီလိုနဲ့အချိန်တစ်ခုကြာအပြီး သူ့လိုမျိုး trauma ရခဲ့တဲ့သူတွေ စိတ်ဓာတ်ကျပြီး အလုပ်မလုပ်နိုင်ဖြစ်နေတဲ့အားကစားသမားတွေကို ကူညီပေးဖို့ရာ အားကစားလောကထဲကို mental coach အနေနဲ့ပြန်ရောက်လာခဲ့တဲ့ .. Je Gal Gil“ရေခဲမင်းသမီး” လို့လူသိများပြီး လတ်တလောမှာ မိမိကိုယ်ကိုယ်ယုံကြည်ချက်ပျောက်ဆုံးပြီး ဘယ်သူ့ကိုမှလည်း မယုံကြည်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ ရေခဲပြင်စကိတ်ရွှေတံဆိပ်ဆုရှင် .. Cha Ga Eulသူသာ နံပါတ် ၁ ထိပ်ဆုံးနေရာမှာရှိမယ်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ တောင်ကိုရီးယားနိုင်ငံ အိုလံပစ်ကော်မတီက လူ့အခွင့်အရေးစင်တာဒါရိုက်တာ .. Gu Tae Man “သေချာပြုစုပျိုးထောင်ခံခဲ့ရတဲ့ ကြင်နာတတ်တဲ့သမီးပျိုလေး” အဖြစ်နာမည်ကြီးပြီး တစ်ချိန်က Je Gal Gil ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ရာကနေ အခုတစ်ခါ အားကစားလောကထဲကို Je Gal Gil နဲ့အတူ အကြံပေးပါတနာတွေအဖြစ်ပြန်ရောက်လာခဲ့တဲ့ စိတ်ကျန်းမာရေးကူညီထောက်ပံ့ရေးအသင်းက .. Park ...
10
TMDb:
10/10
1 votes
tv
Mental Coach Jegal (2022)
2022
8
A Model Family (2022)
A Model Family (2022)စစ်ပွဲတွေ ရောဂါတွေ မတော်တဆမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဥ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်ဒါပေမယ့် အဲဒီထက်ပိုများတဲ့ အသက်တွေကတော့ ငွေကြောင့်ဆုံးရှုံးနေတယ်တဲ့လောကမှာ ငွေကြောင့်ဆုံးရှုံးရတဲအသက်တွေ ဘယ်လောက်အထိများနေပြီလဲဇာတ်လမ်းအကျဥ်းဘတ်ဒုံဟာက ဂန်အွန်းဂျူနဲ့လက်ထပ်ထားတဲ့ သာမန် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တယ် သားသမီး ၂ ယောက်ရှိပြီး သားငယ်လေး ဟျွန်းအူ နှလုံးအစားထိုးခွဲစိတ်ဖို့အတွက် ငွေအရေးပေါ်လိုအပ်နေတယ် မိသားစုအပေါ် သူ့ရဲ့ တာဝန်မကျေမှုတွေကြောင့် ဇနီးဖြစ်သူ အွန်းဂျူကလည်း သူ့ကို ကွာရှင်းချင်နေတယ် အွန်းဂျူမှာကလည်း လျို့ဝှက်ချက်တွေက ရှိနှင့်ပြီးသားပေါ့ဒုံဟာတစ်ယောက် စိတ်ညစ်ညစ်နဲ့ခြေဦးတည့်ရာထွက်လာခဲ့ရာက မထင်မှတ်ဘဲ ကားတစ်စီးကိုတွေ့လိုက်ရတယ်လူပြတ်တဲ့လမ်းမပေါ်မှာရပ်ထားတာမို့ ထူးဆန်းလို့ အဲဒီကားအနားကိုသွားကြည့်တဲ့အခါ... ကားထဲမှာ လူနှစ်ယောက် သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတာတွေ့လိုက်ရတယ် အစက အရေးပေါ်ကို ဖုန်းဆက်ပေးပေမယ့် ကားနောက်ခန်းက ငွေထုတ်ကြောင့် စိတ်ပြောင်းပြီး ဖုန်းချလိုက်တယ် နောက်ဆုံး ကားထဲကငွေတွေကို ခိုးယူလိုက်မိတယ်အဲဒီငွေတွေက မူးယစ်ဂိုဏ်းတွေနဲ့ ပက်သက်နေတဲ့အခါ ဒုံဟာတစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။Drama: A Model Family Director: Kim Jin-Woo Writer: Lee ...
8
TMDb:
8/10
1 votes
tv
A Model Family (2022)
2022
Reply 1994
Reply 1994 ကဲ.. CM က အချစ်တို့ရေ..... 90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား... ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား.. အဖြေက Yes! ဆိုရင်တော့... ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွားပြီပေါ့... ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း ... ပတ်ဝန်းကျင်.... လူ့သဘောထား... ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့... အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလို နွေးနွေးထွေးထွေးလေး ခံစားရမှာနော်... ( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်... ) အထူးသဖြင့် ဒီစီးရီးလေးဟာ....နယ်ပေါင်းစုံကနေ လာနေရင်း ကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျ လွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်... ဘော်ဒါနေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ.... အချစ်ဦးဆိုတာကို အဲ့ဒီခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ... အဲ့ဒီခေတ်အခါက လူ့သဘော... လူ့အကြိုက်... အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီး ရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေး ကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်... ဇာတ်လမ်းလေးကတော့ ...
Reply 1994
2013