Channel Myanmar

Jitendra Kumar

Kota Factory S1+2+3 8.1
Kota Factory S1+2+3 Kota Factory (2019)"ပုံစံခွက်ထဲက ပြိုင်မြင်းများ" =======================================Season (1) ဇာတ်လမ်းဇာတ်အိမ်တွေရော၊ သရုပ်ဆောင်တွေရော တော်တာ်လေးကောင်းပြီး Fan base လည်းကြီးတဲ့ IMDb 9/10 ရ ဟင်ဒီစကားပြော ဇာတ်လမ်းတွဲလေးကို စီအမ်ပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။ အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။ အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့ စာမေးပွဲတွေကိုဖြေရပါတယ်။ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက် ကိုတာမြို့ကို ရောက်လာခဲ့တယ်။အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့ အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင် ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကို ဂျီတူးဆိုတဲ့ IIT ...
8.1
TMDb: 8.1/10 84 votes
tv

Kota Factory S1+2+3

2019
Panchayat (2020-2023) 7.9
Panchayat (2020-2023) Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb: 7.9/10 73 votes
tv

Panchayat (2020-2023)

2020