Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ji Sung
Connection (2024)
CONNECTION (2024) ********************အပိုင်း ၁ မှ ၁၄စ/ဆုံး CM FAN တွေအတွက် ONGOING ဇာတ်ကားသစ်လေးတစ်ကား ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းမှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ကေဒရာမာဖန်တွေနဲ့ မစိမ်းတဲ့....(Kill me Heal me, Devil Judge) စတဲ့ ဇာတ်လမ်းတွေထဲက မင်းသားကြီး Ji Song နဲ့....(Hospital Playlist, Thirty nine)က မင်းသမီး Jeon Mido တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး....အခြား ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ် ဇာတ်လမ်းအကျဉ်း -----------------တောင်ကိုရီးယား ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့ရဲ့ အတော်ဆုံးစုံထောက် ဂျွန်ဂျယ်ဂယောင်းဟာ...မမျှော်လင့်ဘဲ မူးယစ်ဆေးစွဲသွားပါတယ်တစ်ရက်မှာ အသက်အာမခံကြေး သန်း၅၀ချန်ပြီး သေဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အမှုအကြောင်း စုံစမ်းရင်း...ပြန်ဆုံရတဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတွေဟာ ဒီမသင်္ကာစရာ သေဆုံးမှုမှာ....ဆက်နွယ်မှုရှိနေတာလားဆိုတာကို ဖော်ထုတ်ဖို့ကြိုးစားမဲ့ ဇာတ်လမ်းလေးပါAction, Thriller, Crime အမျိုးအစားဖြစ်တာကြောင့်....အကြမ်းအရမ်းကြိုက်တဲ့ ပရိသတ်တွေအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် ဇာတ်လမ်းအညွှန်းကို ...
Connection (2024)
2024
8
Secret Love(2013) [Complete]
Secret Love(2013)****************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲဟာ ဆုတွေအများကြီးရရှိခဲ့သလို Ratingတွေကလည်းအကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်....ရရှိခဲ့သောဆုများTop Excellence Award, Actor - Ji Saung Top Excellence Award,Actress - Hwang Jung-eumBest Supporting Actor - Bae Soo-binBest Supporting Actress - Lee Da-heeNetizen Choice Award - Hwang Jung-eumBest Couple Award - Ji Saung and Hwang Jung-eum Outstanding Modern Drama Awardအမှုစစ်အန်ဒိုဟွန်း ဆိုတဲ့သူဟာ ရည်မှန်းချက်ကြီးသလို တစ်နေ့အားလုံးအထက်မှာရပ်တည်နိုင်ရမယ်လို့ယုံကြည်တဲ့သူဖြစ်တယ်.... ဘယ်လိုပဲရည်မှန်းချက်တွေကြီးမားနေပါစေ လက်ရှိတွဲနေတဲ့ကောင်မလေးကအချိန်ပိုင်းအလုပ်သမားဖြစ်နေတဲ့အပြင် အနာဂတ်ဆိုတာလည်းရေရေရာရာမရှိတော့မိဘတွေကလည်းသဘောမတူကြပါဘူး...တစ်နေတော့အမှုစစ်ဟာ အဆိုးဝါးဆုံးသောအမှုတစ်ခုကိုကျူးလွန်ခဲ့ပါတယ်...သူ့ရဲ့ကားမတော်တဆမှုကြောင့် ကောင်မလေးတစ်ယောက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်..ဒီပြဿနာကို ချစ်သူကောင်မလေးဟာ ကာကွယ်ပေးရင်းထောင်ထဲဝင်ခဲ့ပါတယ်..ချစ်သူကို အားလုံးအနစ်နာခံပြီးထောင်ထဲဝင်ခဲ့ပေမဲ့နောက်ဆက်တွဲ ကိစ္စတွေဟာ ထင်ထားသလိုဖြစ်မလာဘဲပြဿနာပေါင်းစုံထပ်ကြုံလာရတဲ့အပြင် ...
8
TMDb:
8/10
24 votes
tv
Secret Love(2013) [Complete]
2013
8.2
All In(2003)
All In(2003) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း(၁ မှ ၂၄ ) ထိ စ/ဆုံးလီဗြောင်ဟွန်းကို ကျွန်တော်တို့ မြန်မာလူငယ်တွေအထူးသတိထားမိတဲ့ စီးရီးဆိုလည်းမမှားပါဘူး..All In ဆိုတာကျွန်တော်တို့ ငယ်ဘဝကို အတော်လွှမ်းမိုးမှုရှိခဲ့တဲ့စီးရီးတစ်ခုပါ..အခွေခေတ်က ဝိုးတဝါးနဲ့တောင် မက်မက်မောမော ကြည့်ခဲ့ရသလိုဖဲဝိုင်းတွေမှာ ဂင်အင်ဟာကွဆိုပြီး ကိုယ့်ကိုကိုယ် နာမည်ပေးတဲ့အထိဖြစ်ခဲ့သလိုဆိုးတူ ကောင်းဘက် သူတို့သူငယ်ချင်း Squad ကြီးကိုလည်း အားကျခဲ့ရပါတယ်..ဒီစီးရီးက ၂၄ ပိုင်းရှိပြီး ဇာတ်လမ်း ဇာတ်အိမ် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်..အင်ဟာတို့ ကာစီနိုကြီးကိုရောက်တဲ့အချိန်ကစလို့ပေါ့..လောင်းကစားတွေနဲ့ပတ်သက်တာတွေအသေးစိတ်ပါသလိုကလေးဘဝကတည်းက ဒီလောင်းကစားတွေနဲ့ရင်းနှီးကြိုးစားပြီးပါရမီပါတဲ့ ဂင်အင်ဟာရဲ့ စွန့်စားခန်းတွေကလည်း ဒီဘက်ခေတ်ဇာတ်လမ်းတွဲတွေကို အေးဆေးယှဉ်လို့ရပါတယ်..၂၀၀၃ ခုနှစ်ကဖြစ်လို့ အခုချိန်ပြန်ကြည့်အဆင်ပြေမလားဆိုပြီးစိုးရိမ်မနေပါနဲ့..တကယ်ကြည့်ရတာတန်ပါတယ်..အကြည်ဆုံးလေးဖြစ်အောင်လည်း တင်ဆက်ထားပါတယ်...Episodes: 24File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Action ,Drama, AdventureTranslated by Yumeko, A Htet, Estel, Kit, Mayphoo Pone & Thynn Nu SweEncoded by ...
8.2
TMDb:
8.2/10
5 votes
tv
All In(2003)
2003
6
Adamas (2022) [Complete]
Adamas (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း) ရပါပြီ(1080p ရပါပြီ)"The Devil Judge"ထဲက မင်းသား "Ji Sung" နဲ့ "Kiss Sixth Sense"ထဲက မင်းသမီး "Seo Ji Hye" တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ thriller, mystery အမျိုးအစား ဒရမ်မာအသစ်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ...Ha Woo Shin နဲ့ Song Soo Hyun တို့က အမြွှာညီအစ်ကိုနှစ်ယောက် ဖြစ်ကြပါတယ်။ Ha Woo Shin က ရောင်းအားအကောင်းဆုံး လျှို့ဝှက်သည်းဖိုဝတ္ထု စာရေးဆရာဖြစ်ပြီး Song Soo Hyun ကတော့ အမှုစစ်တစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၂နှစ် သူတို့ငယ်ရွယ်စဥ်က ပထွေးဖြစ်သူ အသတ်ခံခဲ့ရပါတယ်။ တရားခံကတော့ သူတို့ရဲ့ အဖေရင်းဖြစ်နေပြီး သေဒဏ်ကျခံထားရပါတယ်။ ဒါပေမဲ့ သူတို့အဖေရင်းက ...
6
TMDb:
6/10
1 votes
tv
Adamas (2022) [Complete]
2022
8.2
Defendant(2017)
Defendant(2017) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း (၁ မှ ၁၈) အထိ စ/ဆုံး"ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကိုအခုကျွန်တော်ဘယ်ရောက်နေတာလဲ...."သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ...မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး...သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကိုကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ....ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ...ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်းတကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့...Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်....နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်...အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝစိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့....Episodes: 18Duration: 60 MinQuality ...
8.2
TMDb:
8.2/10
18 votes
tv
Defendant(2017)
2017
The Devil Judge ( 2021 )
Kang Yo-Han ဟာ အပြစ်ရှိသူတွေကို မညှာမတာ အပြစ်ပေးတတ်တဲ့တရားသူကြီးတစ်ဦးဖြစ်လို့ သူ့ကိုလူတိုင်းက "Devil Judge" လို့ခေါ်ကြပါတယ်သို့ပေမယ့် သူ့ရဲ့ ဒီလို aura ရဲ့နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်လေးတစ်ခုက ကိန်းအောင်းနေပါတယ် ပြည်သူလူထုအနေနဲ့သူဟာ တကယ်ပဲ သူရဲကောင်းအစစ်အမှန်လား ဘယ်လိုလူစားမျိုးစားလဲဆိုတာ ဝေခွဲမရအောင်ဖြစ်နေခဲ့ပါတယ်သူနဲ့ပြိုင်ဘက်ကဲ့သို့ ဆန့်ကျင်ဘက်အနေအထားမှာ ရှိနေသူလေးကတော့ဘာမဆို ရည်မှန်းချက်မြင့်မြင့်ထားတတ်တဲ့ Jung Sun Ah ပဲဖြစ်ပါတယ်Sung Ah ဟာဆိုရင် ဆင်းရဲသားလေးအဖြစ်ကနေCooperate social responsibility foundation ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ပါတယ်ဒီလို ပရမ်းပတာတွေဖြစ်နေတဲ့ တရားရေးရာလောကကြီးကို ငယ်သူငယ်ချင်းနှစ်ယောက်တရားမျှတမှုအတွက် ဝင်ရောက်လာတဲ့အခါမှာတော့.......အကြံသမား Jung Sun Ah နဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Kang Yo Han တို့နှစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ဒီဒရမ်မာလေးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး Quality : HDTV 720pTotal Episode : 16Format : mp4During : 1hr ...
The Devil Judge ( 2021 )
2021
7.7
Doctor John(2019)
Doctor John(2019)ဇာတ်လမ်းတွဲအပိုင်း ( ၁ မှ ၁၄) နှင့် အပိုင်းသစ် (၁၅)ကိုရီးယားဇာတ်လမ်းတွဲတွေဟာ အထူးသဖြင့် ဆရာဝန်နဲ့သက်ဆိုင်တဲ့ဇာတ်လမ်းတွဲတွေမှာဆိုရင် သူတို့နိုင်ငံရဲ့ ဆေးပညာအဆင့်အတန်းကိုကမ္ဘာကိုပြချင်တာကြောင့် ဆရာဝန်ကားတွေဆို အသေးစိတ်ရိုက်ကူးလေ့ရှိကြတယ်..Good Doctor 2013 လို စီးရီးမျိုးကို 2017 မှာတောင် တခြားနိုင်ငံကပြန်လည်ရိုက်ကူးခဲ့တာအတော်များများသိကြမှာပါ...သူတို့ရိုက်တဲ့ ဆေးလောကနဲ့သက်ဆိုင်တဲ့စီးရီးတွေက ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းမွန်သလို ဆေးပညာတွေကိုလည်းပညာသားပါပါ ထည့်လေ့ရှိကြတယ်...Doctor Stranger 2014,Medical Top Team 2013,The Doctors 2016, Live upto your Name 2017 စတဲ့ ဇာတ်လမ်းတွဲတွေဟာ တကယ့်ကိုကောင်းမွန်တဲ့ဆေးပညာကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ အထင်ကရ ဇာတ်လမ်းတွဲတွေပါပဲ...ခုရက်ပိုင်းလေးက ထွက်ထားတဲ့ Doctor Prisoner လည်းရှိပါသေးတယ်...သို့ပေမယ့် ဒီလိုကားတွေဟာ ဘာသာပြန်ဖို့ကျတော့ ဆေးပညာနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကြောင့် အခက်အခဲများစွာရှိလို့ မတင်ဖြစ်တာများပါတယ်...ဒါပေမယ့် အခုစီးရီးကျတော့ တော်တော်ကြီးကောင်းမွန်လို့ဘာသာပြန် ညီမငယ်များဟာ နီးစပ်ရာ ဆေးလောက က သူငယ်ချင်းတွေအကူအညီနဲ့မူရင်း အရသာမပျက်အောင် ...
7.7
TMDb:
7.7/10
5 votes
tv
Doctor John(2019)
2019