Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Yao
8
Copycat Killer (2023)
Copycat Killer (2023)The victim gameတို့ Danger zoneတို့လိုပဲ ထိုင်ဝမ်စုံထောက်စီးရီးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Copycat killerဆိုတဲ့ Taiwan remakeဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Chris Wu နဲ့ Ko Chia Yen တို့လို ထိုင်ဝမ်ဝါရင့်သရုပ်ဆောင်တွေ ဝိုင်းဝန်းအားဖြည့်ထားတဲ့အပြင် အချစ်တော်လေး Ruby Linကိုလည်း Support role အနေနဲ့ မြင်ရဦးမှာဆိုတော့ သင်္ကြန်တွင်းမှာ စုံထောက်စီးရီးကောင်းကောင်းနဲ့နှပ်ချင်သူတွေအတွက် ရွေးစရာတစ်ခုဖြစ်မှာပါ။စိတ္တဇလူသတ်သမားတစ်ယောက်ရယ်လို့ ဖြစ်လာခြင်းရဲ့အရင်းခံဟာ မွေးရာပါဗီဇကိုက မကောင်းတာလား။ ဒါမှမဟုတ် ငယ်စဉ်ကပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကြောင့်လား။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှုတစ်ခုနောက်ကိုလိုက်ရင်း လူသတ်ရတာကို နေသားကျနှစ်ခြိုက်သွားတာလား။အကြောင်းအရင်းက ဘယ်တစ်ခုပဲဖြစ်နေပါစေ လောကကြီးမှာ အကြမ်းအနု စိတ်ကိုလု ဆိုသလိုပဲ လူကောင်းနဲ့လူဆိုးကြားမှာ အလွှာပါးတစ်ခုပဲခြားတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ဒီကားလေးထဲမှာတော့ ငယ်စဉ်ဘဝက ကြီးမားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ဒဏ်ရာရှိခဲ့ဖူးတဲ့ အမှုစစ်ကောရှောင်ချိဟာ ဥပဒေကိုလက်ကိုင်လို့ ရာဇဝတ်သားတိုင်းကို အပြစ်ပေးမယ်ဆိုပြီး သံဓိဋ္ဌာန်ချထားသူပါ။ အပြောနဲ့အလုပ်ညီတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖြောင့်မတ်ဆုံး အထက်မြက်ဆုံးအမှုစစ်အဖြစ်နဲ့ အတော်လေးနာမည်ကြီးသူလည်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ သူဟာစာအုပ်ကြီး၊ ပေတံကြီးလို ဆက်ဆံခံရသူပေါ့။ဒီလိုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေများတဲ့ စုန့်ယန်မြို့မှာ ...
8
TMDb:
8/10
31 votes
tv
Copycat Killer (2023)
2023