Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Huston
9
Expats (2024)
ပြည်ပကနေ ဟောင်ကောင်ကိုအခြေချနေထိုင်ကြတဲ့ (Nicole Kidmanအပါအဝင်) အမျိုးသမီး၃ယောက်ရဲ့ ဘဝကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းထဲမှာ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ မာဂရတ်၊ အိမ်ထောင်ရေးဆုံးရှုံးခါနီး ဟစ်လာရီနဲ့ ဟောင်ကောင်ရောက် ကိုရီးယားလူမျိုး မာစီတို့ရဲ့အကြောင်းကို တစ်လှည့်စီရိုက်ပြထားပါတယ်။ အဖြစ်အပျက်ဆိုးဖြစ်ပြီးတစ်နှစ်အကြာနဲ့ဇာတ်လမ်းကိုစထားပြီး ဇာတ်ကားရဲ့တစ်ပိုင်းချင်းစီမှာမှ အတိတ်ကိုတဖြည်းဖြည်းချင်း ဖြည်ပြပေးမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ပထမအမျိုးသမီး မာဂရတ်က မူလကကလေး၃ယောက်အမေဖြစ်ပေမဲ့ အငယ်ဆုံးသားလေးဂတ်စ်ကိုပျောက်ဆုံးသွားတဲ့မိခင်တစ်ဦးပေါ့။ ဒါကြောင့်လည်း နေ့ရက်တိုင်းကို စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ရှင်သန်နေရပြီး ဂတ်စ်ကိုပြန်တွေ့လို့ပြန်တွေ့ငြား ပူဆွေးနေရတဲ့မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီထဲမှာ နောက်ထပ်နစ်နာသူကတော့ မာဂရတ်ရဲ့သူငယ်ချင်းဟစ်လာရီပါ။ ယိုင်နဲ့နဲ့အိမ်ထောင်ရေးကိုကယ်တင်ဖို့ကြိုးစားနေရရင်း ခင်ပွန်းဖြစ်သူနဲ့အဆင်မပြေဖြစ်နေသူပေါ့။ သူတို့အိမ်ထောင်ရေးအဆင်မပြေရတဲ့အကြောင်းရင်းကလည်း ဂတ်စ်ရဲ့ပျောက်ဆုံးမှုနဲ့ဆက်စပ်နေပုံရပြီး အားလုံးထဲမှာမှ မာစီကတော့ပဟေဠိတွေရဲ့အဓိကသော့ချက်လိုဖြစ်နေပုံရပါတယ်။ File size…(957 Mb)/(422 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:59:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Season (1)Episode 1 720p - Yoteshin / Megaup / Meganz / Usersdrive / StreamwishEpisode ...
9
TMDb:
9/10
9 votes
tv
Expats (2024)
2024
7.631
Manhunt(2017)
ခင်ဗျားတို့ စာတိုက်စနစ်အကြောင်းကို နည်းနည်းလောက် အချိန်ပေးပြီး တွေးကြည့်ဖူးလား။လူတစ်ယောက်ဟာ ကိုယ့်ဆီကို စာပို့ဖို့၊ပစ္စည်းပို့ဖို့လိုအပ်တာဆိုလို့ ကိုယ့်ရဲ့နာမည်နဲ့ လိပ်စာပဲတဲ့။အဲ့ဒီလိပ်စာတို့ ဖုန်းနံပါတ်တို့ဆိုတာလဲ အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ရဖို့ဆိုတာ ဘာမှမခက်တော့ဘူး။အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို ပိုဆိုးတယ်။ခင်ဗျားရဲ့ အချက်အလက်တွေဟာ လူမြင်ကွင်းမှာ ဖောချင်းသောချင်းပဲ။တကယ်လို့ ခင်ဗျားကို ဒုက္ခပေးချင်တဲ့ လူတစ်ယောက်က ဒီအချက်အလက်တွေကို သုံးပြီး ခင်ဗျားကို ဒုက္ခမပေးနိုင်ဘူးလား။တစ်နေ့နေ့မှာ ခင်ဗျားရဲ့ အိမ်ရှေ့ကို ခင်ဗျားနာမည်နဲ့ ဗုံးတစ်လုံးရောက်လာနိုင်တယ်လို့ရော ခင်ဗျားတွေးဖူးလား။1978 ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပို့စနစ်ကို အသုံးပြုပြီး အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတယ်။အဲ့ဒီဖြစ်စဉ်တွေ အကုန်လုံးကို လူတစ်ယောက်တည်းကပဲ ကြိုးကိုင်နေတယ်ဆိုတာကို သိရပေမယ့် သူဟာဘယ်သူလည်း ဘာကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နေတာလဲဆိုတာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးဌာနဖြစ်တဲ့ FBI တောင်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံတစ်ဝှမ်းဆက်တိုက်ဖြစ်နေတယ်။FBI ဟာလည်း ဒီ ဗုံးသမားကို ဖမ်းမိဖို့အတွက် လူပေါင်း ...
7.631
TMDb:
7.631/10
328 votes
tv
Manhunt(2017)
2017
6.375
Anne Rice’s Mayfair Witches (2022)
Anne Rice's Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့ Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1 ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာရေးသူ Anne Riceရဲ့Mayfire trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက 8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံကြောခွဲစိတ်ဆရာဝန် ရိုဝင် ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိနေခဲ့ပြီး အဲဒါကတော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို သတ်မိနေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မကောင်းတဲ့အစွမ်း ပိုင်ရှင် မကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိနေလို့ ဒီအစွမ်းဟာ သူ့မိဘအရင်းတွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ အရင်းအချာတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို သိချင်လာပြီး အပူတပြင်းရှာဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွား ပါတော့တယ်။ရိုဝင်ရဲ့မကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လိုကြောင့်ဖြစ်လာတာလဲ၊ သူ့မိဘအရင်းတွေက ဘယ်သူတွေဖြစ်မလဲ၊ ဘာကိစ္စကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်လောက်ဆိုးရွားလဲ ထိုကျိန်စာဆိုးကို ရိုဝင်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ အပတ်စဉ် စောင့်မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း ...
6.375
TMDb:
6.375/10
8 votes
tv
Anne Rice’s Mayfair Witches (2022)
2023