Channel Myanmar

Indraneil Sengupta

The Broken News 2024 – Season 2 6
The Broken News 2024 – Season 2 The Broken News (2024) "သတင်းမီဒီယာတိုက်ပွဲ"အတွဲ(၂) အပိုင်း(၈)ပိုင်းIMDb 7.6 ရထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွဲလေးဟာဆိုရင် ၂၀၂၂ က season-1 အပြီး နှစ်နှစ်ကြာမှ season-2 ထွက်လာတဲ့အတွက် မနှေးအမြန် တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းတွဲမှာဆိုရင် တိုင်းပြည် စတုတ္ထမဏ္ဍိုင်လို့ တင်စားခေါ်ဝေါ်တဲ့ သတင်းမီဒီယာရဲ့ ရှုပ်ထွေးပွေလီတဲ့ အရှုပ်တော်ပုံတွေကို ပရိသတ်အကြိူက် လေးလေးနက်နက် တော်ကီတွေနဲ့ ဖီးလ်ရမှာပါမွန်ဘိုင်းမှာ အဓိကသတင်းချန်နယ်အကြီးစားနှစ်ခု "အဝါ့ဇ်ဘာရတီ" နဲ့ "ဂျို့ရှ် ၂၄/၇" ဆိုပြီး ရှိတယ်မတူတာကတော့ တစ်ခုက ငွေရရုံ၊ ပရိသတ်များရုံသာ အာရုံစိုက်ပြီး ကိုယ်လိုချင်တာရဖို့အတွက် မီဒီယာကျင့်ဝတ်တွေကို အလွဲသုံးစားလုပ်နေတဲ့ မီဒီယာ ---တစ်ဖက်မှာတော့ ထက်မြက်ပြီး အမှန်တရားအတွက် ဘာမဆိုစွန့်လွှတ်ရဲတဲ့ မိန်းမငယ်လေး "ရာဒီ""Umbrella စစ်ဆင်ရေး" အမည်ခံ၊ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဥ်တပ်ပြီး ပြည်သူလူထုရဲ့ Privacy ကို ချိုးဖောက်ချင်တဲ့ အကျင့်ပျက်အစိုးရက အကြံအစည်တွေကို အများပြည်သူရှေ့ ချပြဖို့ကြိုးစားတဲ့ သူရဲကောင်းမီဒီယာသမားတွေကို နည်းမျိုးစုံသုံးလို့ ချနင်းကြပုံတွေ မင်းတို့ဘက်မှာ အကျင့်ပျက်အစိုးရကျောထောက်နောက်ခံ ငွေတစ်မျက်နှာကြည့်တဲ့ မီဒီယာနဲ့ အာဏာပါဝါတွေ ရှိလည်း ငါတို့ဘက်က ...
6
TMDb: 6/10 3 votes
tv

The Broken News 2024 – Season 2

2022
The Broken News (2022) 8
The Broken News (2022) The Broken News (2022)==================== အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု ..ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး“အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်းအားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှအမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ်ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုကမတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလိုလက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati”သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာအခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် ...
8
TMDb: 8/10 1 votes
tv

The Broken News (2022)

2022
Mithya (2022) 7
Mithya (2022) Mithya 2022ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးကတော့ IMDb 7.8ထိရရှိထားတဲ့Drama, Thriller စီးရီး Mithyaပဲဖြစ်ပါတယ် ဒီစီးရီးမှာဆိုရင်တော့လှည့်ကွက်တွေ ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေပါဝင်ပြီး အပိုင်း ၆ပိုင်းကိုမရိုးရအောင်ဆွဲခေါ်ပေးသွားမှာပါဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျူဟီးနဲ့ သူမရဲ့ကျောင်းသူရီဟာတို့ဟာ မထင်ထားတဲ့ ပြဿနာအသေးလေးကနေစအချေအတင်ဖြစ်ကြပြီး ပြဿနာကတစ်စတစ်စကြီးထွားလာခဲ့တာပါ အက်ဆေးတစ်ခုကို ကော်ပီကူးလာတယ်ဆိုပြီး ဆရာမဖြစ်သူ ဂျူဟီးကရီဟာ့ကိုစာမေးပွဲမှာအရှုံးပေးလိုက်ပါတယ် ရီဟာကတခြားလူမဟုတ်ပါဘူးကျောင်းအုပ်ထိန်းရေးကောင်စီအဖွဲ့ဝင်တစ်ယောက်ရဲ့သမီးပါ ရီဟာကလည်းဒီအက်ဆေးက ခိုးချတာမဟုတ်ဘဲ သူကိုယ်တိုင်ရေးထားတာပါဆိုပြီးအကြောက်အကန်ငြင်းနေပါတယ် ဒါပေမယ့် ဂျူးဟီကမယုံခဲ့ပါဘူးပြဿနာကဒီမှာတင်ပြီးမသွားပါဘူး ရီဟာကလည်း ထင်မထားအောင်ကိုမြှုပ်ကွက်တွေရှိနေတဲ့လူပါ ပြဿနာတွေတစ်စထက်တစ်စကြီးထွားလာနေချိန်မှာတော့ရုတ်တရက် ဂျူဟီးရဲ့အမျိုးသားဖြစ်သူက အသတ်ခံလိုက်ရပါတယ် ဂျူဟီးယောကျာ်းကိုဘယ်သူကသတ်လိုက်တာလဲ ဂျူဟီးထင်ထားသလို လူသတ်သမားက ရီဟာပဲလားလူသတ်သမားကိုရှာဖွေဖို့ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမှာလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)File Size – 500MB@EpisodeQuality – 1080p WEB DLDuration – 33minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Mystery , DramaTranslator ...
7
TMDb: 7/10 1 votes
tv

Mithya (2022)

2022
Aranyak (2021) 7.2
Aranyak (2021) Aranyak 2021 ဒီSeriesလေးကတော့ Netflix က အသစ်ထွက်လာတဲ့အိန္ဒိယ Police Drama Seriesလေးပဲ ဖြစ်ပါတယ်Police Drama ဆိုပေမယ့် နိုင်ငံရေးအရှုပ်အထွေးများကိုပါပဟေဠိဆန်ဆန်ထည့်ထားတဲ့အတွက် လူဆိုးက ထွက်ပြေးရဲကလိုက်ဖမ်းအခန်းတွေပဲ မဟုတ်ဘဲ ဘာဖြစ်မလဲကြိုခန့်မှန်းရမယ့် ဇာတ်ကွက်တွေ တရားခံဘယ်သူလဲ စဥ်းစားရမယ့်မြှပ်ကွက်တွေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲIMDb rating ကလည်း 8.2 ဇာတ်လမ်းပုံစံကလည်း စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်စိီရိုရာ ဆိုတဲ့ ကျေးလက်တောင်တန်းဒေသလေးရဲ့ တောထဲမှာ ၂၀၀၀ ခုနှစ်တုန်းကမိန်းမ ကိုးယောက်ဟာ မုဒိန်းကျင့်ခံရပြီး သစ်ပင်တွေမှာ ဆွဲကြိုးချချိတ်ဆွဲခံခဲ့ရပါတယ်သူတို့ ခန္ဓာကိုယ်တွေမှာလည်း ကျားသစ်လက်သည်းရာတွေနဲ့အပြည့်ပါပဲထိုအချိန်ကတည်းက စီရိုရာမြို့မှာ ကျားသစ်လူသားက သူတို့ကို သတ်သွားတာဆိုတဲ့ ကောလဟာလဟာ ပျံ့နှံ့နေခဲ့တာပါမျက်မှောက်ခေတ် - ကတ်ဆူရီ ဒိုဂရာဆိုတဲ့ ရဲမေဟာ သူ့မိသားစုကို အချိန်ပေးနိုင်ဖို့စခန်းမှူးဘဝကနေ တစ်နှစ်လောက် ခွင့်ယူဖို့လုပ်နေသူပါသူ့အလုပ်ကနေ ခွင့်ယူမယ့် နောက်ဆုံးရက်မှာ သူ့နေရာကိုအစားဝင်နေမယ့် အန်ဂတ် မာလစ်ကိုတွေ့လိုက်ရချိန်မှာတော့ သူ့လိုမျိုး ဒီဒေသရဲ့ မှုခင်းတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ပါ့မလားလို့သံသယဖြစ်လာပါတော့တယ်အဲ့လိုနဲ့ ...
7.2
TMDb: 7.2/10 9 votes
tv

Aranyak (2021)

2021