Channel Myanmar

Harry Lawtey

Industry (2020) 6.9
Industry (2020)  ၂၀၂၀ ကစတင်ပြသခဲ့တဲ့ဗြိတိန် Industry စီးရီးကတော့ Seasonသုံးခုမြောက်အထိပြသနေဆဲဖြစ်ပြီး rating ကောင်းတွေလည်းရရှိထားပါတယ်။လန်ဒန်က နာမည်ကျော်ရင်းနှီးမြှုပ်နှံမှုဘဏ် Pierpoint & Co မှာအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရဖို့ ငယ်ရွယ်တဲ့ဘွဲ့ရ အလုပ်သင်လေးတွေအပြိုင်အဆိုင် ကြိုးစားကြရပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ခရမ်းချဉ်သီးပုပ်မှာ Industry ရဲ့ Season 1 က ပျမ်းမျှ rating 7.7/10 ၊Season 2 က 8.1/10 နဲ့ Season 3 က 8.9/10 အထိရရှိထားပါတယ်။အဓိကဇာတ်​ကောင်တွေဖြစ်တဲ့ ဟာပါစတန်း၊ ဟာရီဒါး၊ သြဂတ်စတပ်ဂတ်စ်ဆတ်ကီ၊ ရောဘတ်စပီးယားရင်းနဲ့ ယာစမင်ကယ်ရာဟန်နာနီတို့ကတော့ Pierpoint & Co ရဲ့ဘွဲ့ရပြီးခါစအလုပ်သင်လေးတွေပါ။နယူးယောက်ကနေရောက်လာတဲ့ဟာပါစတန်းက သူတက်ခဲ့တဲ့တက္ကသိုလ်ကိုလိမ်ထားပေမယ့် ဘဝရဲ့အောင်မြင်မှုကိုပိုင်ဆိုင်ချင်စိတ်ပြင်းသူပါ။ ဟာရီဒါးက ဟိန္ဒူစကားပြောရွှေ့ပြောင်းနေထိုင်သူမိဘတွေရဲ့သားတစ်ယောက်ဖြစ်ပြီး သြဂတ်စတပ်ဂတ်စ်ဆတ်ကီကတော့ နာမည်ကြီးတက္ကသိုလ်တွေကဘွဲ့ရလာတဲ့ဂေးလူမည်းတစ်ယောက်ပါ။ ရောဘတ်စပီးယားရင်းက ပျော်ပျော်နေတတ်တဲ့လူဖြူOxford ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ယာစမင်ကယ်ရာဟန်နာနီက အဆက်အသွယ်ကောင်းတဲ့လက်ဘနွန်မိဘတွေရဲ့ကလေးဖြစ်သလို အခွင့်ထူးခံတစ်ယောက်လည်းဖြစ်ပါတယ်။ဒီအလုပ်သင်လေးတွေရဲ့ဘဏ်လုပ်ငန်းခွင်မှာကြုံတွေ့ရမယ့်ရှုပ်ထွေးမှု၊အခက်အခဲတွေ၊ တစ်ဦးကိုတစ်ဦးအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။  File Size – ...
6.9
TMDb: 6.9/10 162 votes
tv

Industry (2020)

2020
Magpie Murders (2022) 7.097
Magpie Murders (2022)  ဆူဆန်ရိုင်လန်ဆိုတဲ့အမျိုးသမီးဟာ စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရဲ့အယ်ဒီတာတစ်ယောက်ဖြစ်ပြီးတော့ သူ့လုပ်ကိုင်နေတဲ့နယ်ပယ်မှာကျွမ်းကျင်ထူးချွန်တဲ့သူတစ်ယောက်ပါ…..တစ်နေ့မှာ သူမဟာ ရေးတဲ့စာအုပ်တိုင်းပေါက်တဲ့အထိ နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်လန်ခွန်းဝေးရဲ့ စာမူကိုလက်ခံရရှိခဲ့ပါတယ်….ထုံးစံအတိုင်း ပုံနှိပ်ထုတ်ဝေဖို့အတွက် မူကြမ်းကိုဖတ်ကြည့်တဲ့အခါဆန်းကြယ်စွာပဲ စာမူရဲ့နောက်ဆုံးဇာတ်သိမ်းခန်းက ပါမလာခဲ့ပါဘူး….တဖက်မှာလည်း ဒီစာအုပ်ဟာ ဆူဆန်တို့ကုမ္ပဏီရဲ့ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ့်တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဆူဆန်တစ်ယောက်ဇာတ်သိမ်းခန်းရှာပုံတော်ကိုစတင်ခဲ့ရပါတယ်……ဆူဆန်တစ်ယောက် ရှာပုံတော်ခရီးမှာ ဘာဆန်းကြယ်မှုတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးမှာ ပျောက်နေတဲ့ဇာတ်သိမ်းကို ရှာတွေ့သွားမှာလား ?ဇာတ်သိမ်းခန်းကရော ဘာလို့ပျောက်သွားရတာလဲ?စာအုပ်ထဲမှာရော ဘာအကြောင်းအရာတွေကိုရေးထားတာလဲ?စတဲ့အကြောင်းအရာတွေကို ပဟေဠိဆန်စွာ တင်ဆက်ပြသထားတာမို့ဒီကားဟာ စုံထောက်ဇာတ်လမ်းတွေကိုသဘောကျတဲ့သူတွေ ဦးနှောက်အစားခံပြီးဇာတ်လမ်းထဲမှာပါတဲ့ မှုခင်းတွေရဲ့အဖြေကိုလည်း ခန့်မှန်းရှာဖွေရတာကိုလည်းခုံမင်နှစ်သက်သူတွေအတွက် “Magpie Murders” က ကြည့်ရတန်တဲ့ဇာတ်ကားကောင်းတစ်လက်ပါပဲ...... ( ဒီစီးရီးအတွက် ဘာသာပြန်ပေးသူကတော့ " Thinn , Chevy " ဖြစ်ပြီးအညွှန်းကိုတော့ Thinn  မှ ရေးသားပေးထားပါတယ် )  File Size –  780 MB/ 317 MBQuality –NF WEB-DL 1080p , 720pDuration – 45 ...
7.097
TMDb: 7.097/10 31 votes
tv

Magpie Murders (2022)

2022