Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Han Bo-Reum
Scandal (2024)
Scandal (2024)***************အပိုင်းသစ် (၅၀)ပူရလောင်ရတဲ့ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် လက်စားချေရင်း မြိုင်မြိုင်ဆိုင်ဆိုင် ပူလောင်ရမဲ့ ဇာတ်ကားလေး လာပါပြီ။ ဒီဇာတ်ကားမှာတော့ ကေဒရာမာ ပရိသတ်ကြီးတို့ သိကြတဲ့ မင်းသမီး Han Chae-Young၊ Han Bo-Reum နဲ့ မင်းသား Choi Woong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - မွန်းဂျောင်အင် (Han Chae-Young) ဆိုတဲ့အမျိုးသမီးက အရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့ ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။ အဲဒီနောက် မွန်းဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့ဆောအာ (Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်းဂျောင်အင်ကြောင့် သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။ ဘဲ့ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ဖို့အထိ စီစဉ်ခဲ့ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့ ...
Scandal (2024)
2024
8.239
Go Back Couple (2017)
Go Back Couple (2017)********************** အပိုင်း ၁ မှ ၁၂ (စ/ဆုံး)ဒိတ်ဒိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ My Happy Ending ထဲက မင်းသား Son Ho Jun နဲ့ မင်းသမီး Jang Nara, Marry My Husband ထဲက အချစ်တော် Lee Yi Kyung, Gumiho ထဲက Jang Ki Yong, Heavenly idol ထဲက မင်းသမီး Go Bo Gyeol တို့ အဓိက ပါဝင်ထားတဲ့ အချိန်ခရီးသွားကားလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ချွဲဘန်းဒို(Son Ho Jun)နဲ့ မာဂျင်းဂျူ(Jang Na Ra)တို့ဟာ ၃၈နှစ်အရွယ် လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေပါ သူတို့နှစ်ယောက်ဟာ အသက်ငယ်ရွယ်တုန်းမှာ အိမ်ထောင်ကျခဲ့ကြတဲ့အတွက် လူငယ်ဘဝကို အပြည့်အဝမခံစားခဲ့ရဘဲ အိမ်ထောင်ရှင်ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုပဲ ခံစားနေရပါတယ်ဒါကြောင့် ချစ်လို့လက်ထပ်ယူခဲ့ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်း ...
8.239
TMDb:
8.239/10
23 votes
tv
Go Back Couple (2017)
2017
The Escape of the Seven (2023)
The Escape of the Seven: War for Survival (2023)မိန်းကလေး တစ်ယောက် ပျောက်ဆုံးသွားတဲ့ အမှုမှာ ပါဝင်ပတ်သတ်နေတဲ့ လူ ၇ယောက်ရဲ့ အရှုပ်တော်ပုံ...ဒီလူ ၇ ယောက်ကတော့တောင်ကိုရီးယားနိုင်ငံ အကြီးမားဆုံးဖုန်းကွန်ရက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပေမဲ့ နောက်ကွယ်မှာ ထူးဆန်းမှုတွေအများကြီးရှိနေတဲ့ Uhm Ki-Joon, ပိုက်ဆံနဲ့ အောင်မြင်မှုကိုပဲ ရှေ့တန်းတင်တတ်တဲ့ ရုပ်ရှင်ထုတ်ရေးကုမ္ပဏီပိုင်ရှင် Hwag Jung-Eum, သစ္စာဖောက်ခြင်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့ ဂန်စတားတစ်ယောက်ဖြစ်ခဲ့သူ Lee Joo, အလိမ်အညာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ဘဝနဲ့ အိုင်ဒေါဖြစ်ဖို့ လောဘတက်နေတဲ့ Lee Yoo-Bi, သူဌေးအဘိုးကြီးတစ်ယောက်နဲ့ ပိုက်ဆံကြောင့် အတူနေနေတဲ့ Shin Eun-Kyung , လောဘကြီးပြီး ဒေါသထွက်ရင် ဘာမှမမြင်တော့တဲ့ ချယ်ရီအင်တာတိန်းမန့်ရဲ့ စီအီးအို Yoon Jong-Hoon, ကိုယ့်အားနည်းချက်ကို ကာကွယ်ဖို့ ကျောင်းမှာ ထူးဆန်းတဲ့ ကောလဟာသလွှင့်ခဲ့တဲ့ အနုပညာကျောင်းဆရာမ Jo Yoon-Hee တို့ပဲ ဖြစ်ပါတယ်။အကြောင်းအရင်းအမျိုးမျိုးနဲ့ ဒီအမှုရဲ့ တရားခံဖြစ်နိုင်နေတဲ့ ...
The Escape of the Seven (2023)
2023
8.6
Modern Farmer (2014)
Modern Farmer (2014)ဟိုးအရင် အခွေတွေနဲ့ကြည့်ကတည်းက ကျွန်တော်တို့တွေ တစ်ပိုင်းမှမလွတ်အောင်ကြည့်ခဲ့ရတဲ့ ဒရာမာလေး တင်ဆက်ပေးပါဦးမယ် ဟာသကားကြိုက်တတ်တဲ့သူတွေတော့ အကုန်မှတ်မိကြမယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂီတို့ သူငယ်ချင်းလေးယောက်က ဟုန်းဒယ်မှာ နာမည်ကြီးလို့အမည်တပ်ခံရတဲ့ rock band ဖြစ်ခဲ့ရာက နောက် ၇ နှစ်လည်းကြာတော့ တစ်ယောက်တစ်နေရာစီနဲ့ ငမွဲတွေဖြစ်သွားကြတယ်မွဲတကာ့ထိပ်ခေါင်တွေဖြစ်နေတုန်းမှာပဲ အယ်လ်ဘမ်အသစ်ထုတ်ချင်နေတဲ့ မင်ဂီက သူရဲ့အဘွား အမွေပေးထားတဲ့ လယ်မှာ မုန်ညင်းထုပ်စိုက်ရောင်းမယ်ဆိုပြီး မင်ဂီကပဲ သူငယ်ချင်းတွေကို လိုက်စည်းရုံး ရွာပြန်ပြီး လယ်လုပ်ကြတာက ဇာတ်လမ်းစတာပါပဲရော့ခ်စတား မြို့သားကြီးတွေ ရွာပြန်လယ်စိုက်တော့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အမှားတွေရော အလွဲတွေရော ဖြစ်ကြရော... ရွာသားတွေကလည်း မခေဘူး တစ်ယောက်တစ်မျိုးဇာတ်လမ်းတွေနဲ့... နောက်ဆုံးကျ မင်ဂီတို့ သူတို့မျှော်လင့်ထားသလို အချီကြီးပွပြီး နောက်ထပ် အယ်လ်ဘမ်ထုတ်နိုင်ဦးမလားဆိုတာကို ကြည့်ရမှာပါပြောရရင် ဒီဇာတ်လမ်းတွဲက K drama ကြည့်နေကျမဟုတ်တဲ့သူတွေတောင် သဘောကျတဲ့ဇာတ်လမ်းပါ ဟာသကြိုက်တဲ့လူတွေအတွက်တော့ ကလိမထိုးဘဲရယ်ရမယ့် ဇာတ်လမ်းမျိုးပါCast တွေကလည်း Lee Ha Nee, Lee Hong Ki. Park Min ...
8.6
TMDb:
8.6/10
7 votes
tv
Modern Farmer (2014)
2014
Insider (2022) [Complete]
Insider (2022) [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီတစ်ခါတော့ မင်းသားချော ဂန်ဟာနူး ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ Moon lovers ကနေစလို့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြခဲ့တဲ့ ဂန်ဟာနူးက ဒီတစ်ခါမှာလည်း တရားရေးအလုပ်သင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့အပြင် Heo Sung Tae, Kim Sang Ho နဲ့ Jung Man Shik တို့လို အက်ရှင်ကားတွေ၊ စုံထောက်ကားတွေမှာ နာမည်ကျော်တဲ့ မင်းသားကြီးတွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ...
Insider (2022) [Complete]
2022
8.3
Master’s Sun ( 2013 ) ( Completed )
2013 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Master's Sun ဆိုတဲ့ Drama လေးကိုအစအဆုံးပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာမင်းသား So Ji-sub နဲ့ မင်းသမီး Gong Hyo-jin တို့ပါဝင်သရုပ်ဆောင်ထားခဲ့ပြီးOngoing ပြသတုန်းက ကိုရီးယားမှာ အတော်ပေါက်ခဲ့သလို မြန်မာပြည်မှာလည်းအခွေပြန်ထွက်တုန်းက နေမင်းအရှင်သခင်ဆိုပြီး အတော်ပေါက်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါIMDb Rate 8.3 ရရှိထားတာမို့ ပြန်လည်ကြည့်ရှုခံစားလိုက်ပါဦးဇာတ်လမ်းအညွှန်းကတော့ဂျူဂျေဝမ် ဟာ နာမည်ကြီးCompany တခုရဲ့ CEO ပါ သူဟာငယ်စဉ်ကအဖြစ်ဆိုးတခုနဲ့ကြုံတွေ့ခဲ့ပြီး အဲ့အဖြစ်ဆိုးမှာ သူချစ်တဲ့ကောင်မလေးပါသေဆုံးသွားခဲ့ရပါတယ် ထယ်ဂွန်းရှီကတော့ သရဲတွေကိုမြင်တွေ့နိုင်တဲ့ထူးဆန်းတဲ့သဘာဝလွန်စွမ်းပကားတွေနဲ့ကောင်မလေးတစ်ယောက်ပေါ့သူမဟာ အချိန်တိုင်း သရဲတွေကိုမြင်တွေ့နေရလို့စိတ်ညစ်ပြီးကြောက်ရွံ့နေရတဲ့သူတစ်ယောက်ပါ တရက်မှာ မထင်မှတ်ပဲဂျူဂျေဝမ် နဲ့ ထယ်ဂွန်းရှီတို့တွေ့ဆုံမှုကတဆင့်ရင်းနှီးခဲ့ကြတယ်ဂျူဂျေဝမ်ချစ်ရတဲ့ကောင်မလေးဟာသေဆုံးသွားပေမယ့်ထယ်ဂွန်းရှီဟာ သူမ ဝိဉာဉ်ကိုမြင်တွေ့နေရတဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာတော့ ဂျူဂျေဝမ်ဟာ သူမနဲ့အပေးအယူတခုလုပ်ပြီး သူချစ်ရတဲ့ကောင်မလေးနဲ့ဆက်သွယ်နိုင်ဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့တဖြည်းဖြည်း ဂျူဂျေဝမ်နဲ့ ထယ်ဂွန်းရှီတို့ရဲ့ကြားကအမှတ်မထင်ကနေ ထင်ထင်ရှားရှားသံယောဇဉ်တွေခိုင်မာလာတဲ့အခါမှာတော့.... Subtitle Credit To Somonlian ( Subscene )Encoded By phoenix Download ...
8.3
TMDb:
8.3/10
25 votes
tv
Master’s Sun ( 2013 ) ( Completed )
2013
Memories of the Alhambra (2018) [COMPLETE]
Memories of the Alhambra (2018)ဇာတ်လမ်းတွဲMemories of Alhambra ဟာ AR (Augmented Reality) game အမျိုးအစားကို ဇာတ်အိမ်တည်ပြီး အဓိက ရိုက်ကူးထားပါတယ်...Korea မှာ ပထမဦးဆုံး သုံးထားတဲ့ Suspense Thriller Romance Series ပြောရင်လည်းမမှားပါဘူး..."Jin woo ဆိုတဲ့ Game တီထွင်တဲ့ စီးပွားရေးပညာရှင်တစ်ယောက်ရှိတယ်.. ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်...တစ်နေ့တော့ အမည်မသိ တစ်ယောက်မှသူ့ကိုဖုန်းခေါ်လာတယ်...ဂိမ်းတစ်ခုဖန်တီးထားတဲ့အကြောင်းရယ်..သူဖန်တီးထားတဲ့ဂိမ်းကို ဒုစရိုက်သမားများကဝယ်ဖို့ တွန်းအားပေးခံနေရတဲ့အကြောင်းရယ်ဂိမ်းနဲ့ပတ်သက်နဲ့ Mail တစ်ခုလည်းပို့ထားပြီး သူဂိမ်းအခြေတည်ရာနေရာကိုပြောပြီးဖုန်းချသွားတယ်..Jin woo လည်း Mail ဖွင့်ကြည့်ပြီးတဲ့အချိန်မှာ ဒီဂိမ်းကိုစိတ်ဝင်စားလွန်းတော့ ချက်ချင်း ဖုန်းခေါ်ဆိုသူပြောတဲ့နေရာကိုလိုက်သွားတယ်...အဲ့ဒီမှာအံအားသင့်စရာကောင်းလောက်တဲ့ ဂိမ်းပုံစံနဲ့ တခြားမသာမာသူတွေပတ်သက်နေမှန်း Jin Woo တစ်ယောက်သိလိုက်ရချိန်မှာတော့....ဒီကားက Korea, Spain, Hungary နဲ့ Slovenia မှာ ရိုက်ကူးထားလေတော့ မြင်ကွင်းစုံ ရှုခင်းစုံနဲ့ခံစားရမယ့် အပြင်ကွီးယားကားသိပ်သဘောမကျတဲ့ ဂိမ်မာ ယောင်္ကျားလေးတွေတောင်ကြည့်သင့်တယ်လို့ညွှန်းဆိုပါရစေ...(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ...
Memories of the Alhambra (2018) [COMPLETE]
2018