Channel Myanmar

Guo Xiaotian

Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
When I Fly Towards You ( 2023 ) 9.115
When I Fly Towards You ( 2023 ) ချစ်ခြင်းက အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ် ပိုကောင်းမွန်တာရော ပိုနိမ့်ကျသွားတာမျိုးရော ပေါ့ ခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ချစ်ခြင်းနဲ့ထိတွေ့မိပြီး ပိုကောင်းမွန်သွားတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ လူငယ်ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့ မိုးဖွဲလေးတွေ ရွာနေတဲ့နေ့လေးတစ်နေ့ မုန့်ဆိုင်လေးတစ်ဆိုင်မှာ ပေါ့ပါးတက်ကြွတဲ့ စူးကျိုက်ကျိုက်( Zhang Miaoyi)ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် မျက်နှာတည်တဲ့ ကောင်လေးနဲ့ ဆုံတွေ့ခဲ့ကြပါတယ်စူးကျိုက်ကျိုက်တစ်ယောက် ဘယ်ကမှန်းမသိတဲ့ အဲ့ကောင်လေးကို စစတွေ့ချင်းမှာပင် သူ့ရဲ့ ထူးခြားတဲ့ အပြုအမူကြောင့် စိတ်ဝင်စားသွားခဲ့တာအမှန်ပါပဲ နောက်တစ်နေ့ ကျောင်းပြန်တက်ရမယ့် အချိန်ကိုရောက်တော့ ဟိုတစ်နေ့က တွေ့ခဲ့တဲ့ ကောင်လေးက သူနဲ့တစ်ကျောင်းထဲဆိုတာကိုသိခဲ့ပြီး စူးကျိုက်ကျိုက် တစ်ယောက် စတင်စုံစမ်းပါလေရော....လွဲချော်မှုပေါင်းများစွာနဲ့ နောက်ဆုံးမှာသိလိုက်ရတဲ့ အဲ့ကောင်လေးနာမည်ကတော့ ကျန်းလုရန့်(Zhou Yiran)ပါ သူက‌တော့ အထက်တန်းပထမနှစ်ကို အခန်း၁ မှာတက်နေရတဲ့ စာတော်တဲ့ကျောင်းသားလေးပေါ့ အပြင်ပန်းမှာတော့ ယုံကြည်မှုတွေပြည့်ပုံပေါက်နေတဲ့ ကျန်းလုရန့်က တကယ်တမ်းကျတော့ မိခင်ဖြစ်သူရဲ့ သူ့ညီလေးနဲ့ သူ့အပေါ်နှိုင်းယှဉ်မှုတွေက သူ့ကို ယုံကြည်ချက်တွေ ပျောက်ဆုံးနေစေခဲ့တဲ့ အချက်တွေပါပဲ အတော်ဆုံးအခန်းက ကျောင်းသားလေးနဲ့ နောက်ဆုံးတန်းက ကျောင်းသူလေးတို့ ဖူးစာပါလာကြတော့ သက်ဆုံးတိုင် အတူတူရှိသွားကြရတာပါပဲ စစတုန်းကပြောခဲ့သလိုပဲ ကျန်းလုရန့်တစ်ယောက် စူးကျိုက်ကျိုက်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားပြီးနောက်ပိုင်းမှာ ကောင်းမွန်မှုတွေဆီကို ဦးတည်လာခဲ့ပါတော့တယ်Castတွေက တက်သစ်စလေးတွေဆိုပေမယ့် Inter အထိပါပေါက်ခဲ့တဲ့ ဒီကားလေးရဲ့ ထူးခြားချက်နဲ့ ဆွဲဆောင်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကို CM ...
9.115
TMDb: 9.115/10 13 votes
tv

When I Fly Towards You ( 2023 )

2023