Channel Myanmar

Emilio Sakraya

[18+] Those About to Die (2024) 7.7
[18+] Those About to Die (2024) Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် ...
7.7
TMDb: 7.7/10 126 votes
tv

[18+] Those About to Die (2024)

2024
Warrior Nun (2020) 8.4
Warrior Nun (2020) Channel Myanmar ပရိတ်သတ်တွေအတွက် အခုတစ်ခါ တင်ဆက်ပေးမှာကတော့ မနေ့တစ်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ Warrior Nun ဆိုတဲ့ အမိုက်စား ရုပ်ရှင်စီးရီးလေးပဲဖြစ်ပါတယ်။ ဒီ Warrior Nun Series ဟာ July 2 ရက်နေ့ကမှ Neflix မှာ စတင်ပြသခဲ့တာဖြစ်ပြီး Stranger Things ရဲ့ vibe ကို ခံစားရစေတယ်လို့ ကြည့်ရှုသူတွေက ဆိုကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောရမယ်ဆိုရင်တော့… ပရိတ်သတ်တို့ ပတ်ဝန်းကျင်မှာ ခရစ်ယာန်သီလရှင်တွေကို မြင်ဖူးပါသလား.. ခရစ်တော်ရဲ့ တရားဓမ္မနဲ့ ပျော်မွေ့တဲ့ မေတ္တာတရားပိုင်ရှင် အေးချမ်းတဲ့မျက်နှာလေးတွေနဲ့ သီလရှင်လေးတွေပေါ့…. ဒါပေမယ့် ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သီလရှင်လေးကတော့ ကမ္ဘာပေါ်ရောက်လာတဲ့ နတ်ဆိုးတွေကို တိုက်ထုတ်ရင်း ဘုရားသခင်ကို ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ့် စစ်သည်တော်သီလရှင်လေးပါ။ သူကတော့ အေဗာ တဲ့….. အသက် ၁၉ နှစ်အရွယ် အေဗာလေးဟာ ရုတ်တရက်သေဆုံးသွားပြီး ရင်ခွဲရုံထဲ ရောက်သွားခိုက် ရုတ်တရက် သေရွာပြန်အဖြစ်နဲ့ ပြန်လည် နိုးထလာတဲ့အခါ……… တဖန်ပြန်လည်ရှင်သန်ခြင်းနဲ့အတူ ငရဲဘုံရော ကောင်းကင်ဘုံကပါ အသည်းအသန်လိုချင်နေတဲ့ အစွမ်းတွေက သူ့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့အခါ….. တစ်ဖက်မှာလည်း ဘုန်းတော်ကြီးတွေ စစ္စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘာသာရေးဂိုဏ်းက အေဗာ့ဆီရောက်သွားတဲ့ စွမ်းအင်ကို အသည်းအသန်လိုက်ရှာရင်း ...
8.4
TMDb: 8.4/10 20 votes
tv

Warrior Nun (2020)

2020
Tribes of Europa (2021) 6.7
Tribes of Europa (2021) Tribes of Europa ( 2021)=================IMDb Rating - 6.7/10Netflix ကထွက်ရှိထားတဲ့ Underrated seriesတစ်ခုကို တင်ဆက် ​​ပေးချင်ပါတယ်။ IMDb 6.7 နဲ့ Rotten Tomatoesမှာ 92% အထိ ရရှိထားပြီး Total Episodes 6ပိုင်းပါဝင်တဲ့ Seriesတစ်ခုပါ။ဇာတ်အိမ်ကို 2070ခုနှစ်မှာ ​​တည်ထားတာဆို​ပေမယ့် ​ခေတ်လွန်​နေ တာမဟုတ်ဘဲ ​ခေတ်​နောက်ပြန်ဆွဲ​နေတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်၊ 2029 ခုနှစ် Black December ဆိုတဲ့ ဖြစ်ရပ်ကြီး တစ်ခု​ကြောင့် တစ်ကမ္ဘာလုံး စွမ်းအင်ပျက်သုဉ်း အ​မှောင်ကျခြင်းဖြစ်စဉ် (Global Blackout)တစ်ခုဖြစ်ပွားခဲ့ပြီး ကမ္ဘာ​ပေါ်က မူရင်းရှိပြီးသား နိုင်ငံ အားလုံးပြိုကွဲကာ ဓ​လေ့တူ၊ ရိုးရာတူ၊ ယုံကြည်မှုတူတဲ့ လူ​တွေစုပြီး သူတစ်လူ ငါတစ်မင်း နယ်​မြေဖွဲ့ကာ ​နေထိုင်လာကြပါတယ်။ ဒီနယ် နဲ့ လူမျိုး​တွေကို မျိုးနွယ်စု​တွေရယ်လို့ ​ခေါ်ဆိုကြပါတယ်။ Originesဆိုတဲ့ မျိုးနွယ်စုဟာ နာမည်နဲ့လိုက်​အောင် နည်းပညာ​တွေ နဲ့အ​ဝေး၊ ပြင်ပ​လောကနဲ့​ဝေးရာကို ​ပြောင်း​လာပြီး သဘာဝတရားရဲ့မူလအနှစ်သာရအတိုင်း ​​တောအုပ်ကြီးထဲမှာ အ​ခြေချနေထိုင်ကြတဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။ ...
6.7
TMDb: 6.7/10 2262 votes
tv

Tribes of Europa (2021)

2021