Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eloy Azorín
7.846
Raising Voices (2024)
ဒီတစ်ခါတော့ IMDb - 7.2 ထိရရှိထားတဲ့ စပိန်ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးပါ့မယ်......ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုရိုက်ပြထားတာကြောင့် လူငယ်တွေရော လူကြီးတွေအတွက်ပါ အကျိုးရှိစေမဲ့ကားလေးတစ်ကားပါပဲ......ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန်ထိန်းရခက်တဲ့အရွယ်ပါ အဲဒီထဲကမှ မိန်းကလေးဖြစ်နေပြီဆို ပိုလို့စိတ်ပူရပါတယ်...... ပတ်ဝန်းကျင် မိသားစုအသိုင်းအဝိုင်း ပေါင်းနေတဲ့သူငယ်ချင်း တက်နေတဲ့ကျောင်း အခြေအနေမျိုးစုံက သူတို့အပေါ်လွှမ်းမိုးမှုရှိနေတာဆိုတော့ ကောင်းမွန်တဲ့ဘဝလေးပိုင်ဆိုင်ရစေဖို့ နည်းလမ်းပေါင်းစုံနဲ့ထိန်းကျောင်းလမ်းပြပေးရတဲ့အရွယ်ပါ......ဒီဇာတ်လမ်းထဲမှာပါတဲ့ အယ်မာဆိုတဲ့ အထက်တန်းကျောင်းသူလေးကတော့ ကျောင်းရဲ့ အော့ကြောလန်ငဆိုးမလေးတစ်ယောက်ပါ..... အိမ်မှာလည်း သိပ်အစေးမကပ်တဲ့အပြင် စာကိုလည်းသိပ်စိတ်မဝင်စားပါဘူး...... ဆေးခြောက်ရှူတယ် ဆေးလိပ်သောက်တယ် သူငယ်ချင်းတွေနဲ့ ပါတီ ကလပ်တက်တယ်...... အဲဒီမှာ သူ့အချစ်ဆုံး သူငယ်ချင်း ဂရတ်တာရဲ့ အစ်ကို ကို သူက ကြိတ်ကြွေနေတော့ ဂရတ်တာ့အစ်ကို ရှိတဲ့ပါတီကို အသက်မပြည့်သေးပေမဲ့ ကြံဖန်လုပ်ပေးထားတဲ့ လက်မှတ်နှစ်စောင်နဲ့ ရောက်သွားကြတယ်..... အဲဒီမှာပဲ အရက်အပြင် မော်လီဆိုတဲ့ ဆေးပါချမိရင်း သူ့သူငယ်ချင်းအစ်ကို ကို သူကပဲစပြီး ဇာတ်လမ်းဆင်ပါတော့တယ်...... သူ့သူငယ်ချင်းအစ်ကိုက စိတ်မဝင်စားကြောင်းပြောတော့ ...
7.846
TMDb:
7.846/10
231 votes
tv
Raising Voices (2024)
2024
7.0
High Seas (2019)
(Unicode) " တချို့သော လျှို့ဝှက်ချက်တွေက သမုဒ္ဒရာထက် နက်ရှိုင်းတယ် " ဇာတ်လမ်းက ဗီယန်နွယ်ဗာ ညီအစ်မနှစ်ယောက် အမျိုးသမီးတစ်ယောက်ကို သင်္ဘောပေါ်ကို ခိုးတင်ပြီး ကယ်လာခဲ့ရာကနေ စပါတယ်။ သူတို့ကယ်တင်ခဲ့တဲ့ အမျိုးသမီး သင်္ဘောပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ရာကနေ စတင်လာခဲ့တာပါ။ အဲဒီနောက်မှာ လူသတ်မှု လူသေမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ဖြစ်တာဆိုတော့ တရားခံက သင်္ဘောပေါ်ကပေါ့။ ဒါကိုတောင် ရှာရခက်တယ်ဆိုတော့ ဇာတ်လမ်းက ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ ပြောဖို့ မလိုပါဘူးနော့။ တရားခံရှာရခက်တဲ့ လူသတ်မှုတွေကနေ ပေါ်လာလိုက်တဲ့ လျှို့ဝှက်ချက်တွေဆိုတာဟာ တကယ့်ကို သမုဒ္ဒရာထက် နက်ရှိုင်းလွန်းလှပါတယ်။ စပိန်ကားတွေရဲ့ဝိသေသလို့ ပြောရမယ့် Twist တွေဟာ ဒီဇာတ်လမ်းမှာ တစ်ပိုင်းထက်တစ်ပိုင်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်အောင် ကြည့်ရမှာပါ။ တစ်ပိုင်းထက်တစ်ပိုင်း ရှုပ်ထွေးလာသလို တစ်ပိုင်းထက်တစ်ပိုင်းလည်း ရှင်းလင်းလာမှာပါ။ တကယ့်ချည်ခင်ထွေးကို ဖြည်ပြသလို တစ်ဆင့်ချင်းဖြည်ပြသွားတာဟာ ဇာတ်လမ်းရဲ့အနှစ်သာရပါပဲ။ လူ့သဘော လူ့မနောကိုလည်း ဒီဇာတ်လမ်းမှာ ကောင်းကောင်းတင်ပြထားပါတယ်။ လူကောင်းလို့ထင်ရတဲ့လူတွေရဲ့ Dark Side ကို မြင်ရမှာဖြစ်သလို လူဆိုးလို့ ထင်ရတဲ့ လူတွေရဲ့ကောင်းကွက်ကလည်း ပေါ်လာတတ်ပါတယ်။ လောကဓံရဲ့အလှည့်အပြောင်းတွေဟာ တစ်ခါတစ်လေမှာ ထင်မှတ်မထားလောက် ကြီးမားပါတယ်။ Season 1 ကတော့ အပိုင်း ၈ ပိုင်းပဲ ပါဝင်ပါတယ်။ Season 1 မှာ ထားခဲ့တဲ့ ဇာတ်လမ်းက Season ...
7.0
TMDb:
7.0/10
9 votes
tv
High Seas (2019)
2019