Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elizabeth Marvel
8.064
Presumed Innocent (2024)
Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။အဓိကဇာတ်ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေRusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga ကသူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာတရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်းအပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်းမီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခုဖြစ်နိုင်ပါတယ်။ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမားတရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။သက်သေအထောက်အထားတွေအားလုံးက Rusty ဟာလူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့်အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာသူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရားပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့်ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက်မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။ File Size – ...
8.064
TMDb:
8.064/10
47 votes
tv
Presumed Innocent (2024)
2024
8.3
Love & Death (2023) Complete
Love & Death (2023) Completed Limited Series ~ IMDb - 7.8/10, Rotten Tomatoes - 60% ~ (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး) ကြက်သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ ...
8.3
TMDb:
8.3/10
7 votes
tv
Love & Death (2023) Complete
2023
6.8
Helstrom 2020
Marvel's Helstrom 2020 - Season 1===========================IMDb Rating - 6.8/10#UnicodeMarvel ရဲ့ Helstrom ကာရိုက်တာကို စီးရီးအဖြစ် ထွက်လာပါပြီ။ကျွန်တော့်အမြင်ကတော့ သူက ကွန်စတန်တင်းနဲ့ ဆင်တယ်ပြောရမှာပါပဲ။အပိုင်း၁ မှာတော့ ဒေမင် ဟဲစ်ထရွန် ဟာ ဘုန်းတော်ကြီးမဟုတ်တဲ့ နတ်ဆိုးနှင်ပေးတဲ့သူပါ။သူ့မှာ အန်နာ ဟဲစ်ထရွန် ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးမှာ ထူးဆန်းတဲ့အစွမ်းတွေ ကိုယ်စီရှိပါတယ်။ သူတို့ရဲ့ အဖေက စိတ္တဇလူသတ်သမား တစ်ယောက်လို့သိရပြီးသူတို့အမေကတော့ ဒေမင်ရောအန်နာရော နှင်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်တာကိုခံထားရပါတယ်။ ထူးဆန်းတဲ့ မိစ္ဆာလိုလိုအစွမ်းတွေနဲ့ လူတွေကို ကူညီနေတဲ့ ဒေမင်ကို ဗာတီကန်ဘုရားကျောင်းက စိတ်မချတဲ့အတွက် သူတို့ရဲ့ အတော်ဆုံး သင်တန်းသူ သီလရှင် ဂေဘရီရယ်ကိုတွဲဖက်အဖြစ် လွှတ်လိုက်ပြီး ဒေမင် နဲ့ ဂေဘရီရယ်တို့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာကနေ အစပြုထားပါတယ်။ စူပါနေထရယ် စတိုင် စူပါဟီးရိုးစီးရီးမို့ ...
6.8
TMDb:
6.8/10
3,345 votes
tv
Helstrom 2020
2020