Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elango Kumaravel
Chutney Sambar (2024)
Chutney Sambar (2024) IMDb - 8.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ တမီးလ်ဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ တမီးလ်ဟာသမင်းသားကြီး ယိုဂီဘာဘူပဲဖြစ်ပါတယ်။ တမီးလ်ရုပ်ရှင်အများစုမှာတွေ့ရတတ်ပြီး ခပ်ပေါပေါဇာတ်ကောင်နဲ့ ယိုဂီဘာဘူကြီးကို ဒီဇာတ်လမ်းတွဲထဲမှာတော့ ပြောင်မြောက်တဲ့ဟာသတွေနဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။"အာမူဒါစားသောက်ဆိုင်"ဆိုတာ အိုတီမြို့မှာတော့ အောင်မြင်ကျော်ကြားတဲ့ဆိုင်တစ်ဆိုင်ပေါ့။ ဆိုင်ရှင်ဦးလေးကြီးတို့မိသားစုတစ်ခုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ ဆိုင်က စားပွဲအားမရှိတဲ့ထိ လက်မလည်အောင်ရောင်းကောင်းတာကြောင့် ငွေကြေးဥစ္စာပြည့်စုံပြီး မိသားစုစုံလင်ပေမဲ့ ဆိုင်ရှင်ဦးလေးကြီးက ပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတယ်။ မိသားစုဆရာဝန်က လက်လျှော့လိုက်ဖို့ပြောပြီး အေးအေးချမ်းချမ်းနဲ့ နောက်ဆုံးခရီးကိုစောင့်မျှော်ဖို့ပဲ အကြံပြုပါတယ်။သေအံ့နီးဆဲဆဲတစ်ညမှာတော့ သားဖြစ်သူကာသီကိုခေါ်ပြီး သူ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ်။ဘာလဲဆိုတော့ သူ့အရင်အတိတ်က လက်မထပ်ဘဲအတူနေခဲ့တဲ့အမျိုးသမီးနဲ့ ရခဲ့တဲ့သားတစ်ယောက်ရှိတာကို မကြာခင်ကမှ သိခဲ့ရပြီး သူ့နောက်ဆုံးအချိန်မှာ အဲဒီသားဖြစ်သူကိုတွေ့ဖို့ ဒီမိသားစုနဲ့တစ်သိုက်တစ်ဝန်းထဲရှိကျန်ခဲ့ဖို့ပါပဲ။ ကာသီတစ်ယောက် အစ်ကိုကြီးကိုရှာဖို့ ချန်နိုင်းတစ်ခွင်လိုက်ရှာခဲ့ပြီးအဲဒီမှာပဲ သူ့ဆိုင်နဲ့သူအောင်မြင်နေတဲ့ အဖေတူအမေကွဲအစ်ကိုကြီးဖြစ်သူ ဆရာကြီးဘာဘူကို တွေ့လိုက်ရပါတော့တယ်။ အဲဒီကနေစလို့ လုံး၀မလိုက်ဘူးငြင်းဆန်တဲ့ ဘာဘူကို ဖခင်ဆီပေးထားတဲ့ကတိအတိုင်း အိုတီကိုလိုက်ခဲ့ဖို့အရေး မရမကကြိုးစားရင်း အလွဲတွေကြုံကြတာကို ခံစားကြည့်ရှုရယ်မောပြုံးရွှင်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 1GB (Appx;)@EpisodeQuality – 1080p WEB DLDuration ...
Chutney Sambar (2024)
2024
6.8
Inspector Rishi (2024)
Inspector Rishi (2024)"တောကြီးမာယာ" =================================Supernatural လိုမျိုး သဘာဝလွန်ကိစ္စတွေနဲ့ စုံထောက်ဇာတ်လမ်းကို အိန္ဒိယမှုပြုပြီး စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတဲ့ IMDb 7.2/10 ရ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။မြန်မာ urban legends တွေထဲက ကျတ်သရဲနဲ့တူတဲ့ ပရလောကသားတွေ ခိုအောင်းနိုင်လောက်တဲ့ထိ တောထူတဲ့ သစ်တောကြိုးဝိုင်းကြီးတစ်ခုရှိရာ တောင်ပေါ်ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ လူသေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သူတို့ရွာရဲ့ တောအုပ်တစ်နေရာမှာ ဓာတ်ပုံဆရာတစ်ယောက်ဟာ သစ်ပင်တစ်ပင်ပေါ်က ပင့်ကူအိမ်လို ပိုးမျှင်အိမ်ကြီးတစ်ခုထဲမှာ ဇောက်ထိုးအနေအထားနဲ့ ထူးထူးဆန်းဆန်းသေဆုံးနေတာပါ။အဲဒီသေဆုံးမှုကို ဆိုင်ရာပိုင်ရာတွေက လူသဝာ်မှုလို့ သံသယရှိတဲ့အတွက် လူသဝာ်မှုတွေဖြေရှင်းရာမှာ နာမည်ကြီးတဲ့ ရီရှီနန်ဒန်ဆိုတဲ့ စုံထောက်ကို တာဝန်ပေးလိုက်ပါတယ်။ရီရှီဟာ အဲဒီအမှုကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တရားခံမပေါ်ဘဲ သဘာဝလွန်ကိစ္စလိုလို ဘာလိုလိုဖြစ်လာတဲ့အခါ သဘာဝလွန်ကိစ္စတွေကို လုံးဝအယုံအကြည်မရှိတဲ့ရီရှီတစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ဇွတ်တရွတ်ကြိုးစားပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်ရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –minute (@Episode)Total Episodes:10EpsSubtitle – ...
6.8
TMDb:
6.8/10
4 votes
tv
Inspector Rishi (2024)
2024
6.3
Suzhal: The Vortex (2022)
Suzhal The Vortex (2022)ခုတင်ဆက်ပေးမယ့်ကားလေးကတော့ trailer ထွက်ကတည်းကလူကြိုက်များပြီး IMDb 8.5ထိရထားတဲ့ ညည်းထိတ်ရင်ဖိုမှုခင်းကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့================ Shanmugam ဟာသမီးဖြစ်သူနဲ့နေထိုင်ပြီး ဘိလပ်မြေစက်ရုံကအလုပ်သမားခေါင်းဆောင်တစ်ယောက်ပါတစ်ညမှာစက်ရုံကမီးလောင်ပြီးဝန်ထမ်းတော်တော်များများထိခိုက်ခဲ့ရပါတယ်နောက်နေ့မနက်ရောက်မှ သမီးဖြစ်သူ Nilaပျောက်နေတာကိုသတိထားမိတော့မိတ်ဆွေတွေရဲ့အကူညီနဲ့ သမီးဖြစ်သူကိုရှာပြီး အစ်မဖြစ်တဲ့ Nandini ကလည်းညီမပျောက်နေတာကိုသိတော့ မြို့ကိုပြန်လာပြီးရှာပါတော့တယ်တစ်ဖက်မှာလည်းရဲအုပ် Reginaနဲ့ ဒုရဲအုပ် Sakkaraiတို့ကလည်းမီးလောင်တဲ့အမှုကိုစုံစမ်းရတော့ မီးမလောင်ခင်မနက်က စက်ရုံကိုမီးရှို့ပစ်မယ်လို့ကြိမ်းဝါးနေခဲ့တဲ့ Shanmugamကို တရားခံအထင်နဲ့ ဖမ်းပါတော့တယ်ဒုရဲမှူးSakkarai တစ်ယောက်စီစီတီဗီစစ်ကြည့်တဲ့အချိန်မှာ Nilaပျောက်ဆုံးမှုကပြန်ပေးဆွဲမှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ ဆက်စုံစမ်းရင်း နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူဖြစ်နေမလဲအမှုသေးသေးလေးကနေ ရှုပ်ထွေးပြီးမြှုပ်ကွက်ပေါင်းသောင်းခြောက်ထောင်ဖြစ်လာတော့ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်လိုက်ကြရအောင် File Size – 500MB / 800MBQuality – 1080p / 720pDuration – 45minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, MysteryTranslator – Yunni & Poe & OeliuJ & ...
6.3
TMDb:
6.3/10
3 votes
tv
Suzhal: The Vortex (2022)
2022