Channel Myanmar

Dustin Clare

Spartacus (2010) 7.998
Spartacus (2010) Spartacus ( 2010 - 2013) Genre - Action, Adventure, Biography IMDb - 8.5/10(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)၁၉၉၀ကျော်ကာလတွေမှာ မွေးပြီး ၂၀၁၀ကျော်လောက်မှာ ခိုးကူးခွေခေတ်ကို ဖြတ်သန်းဖူးတဲ့ဆယ်ကျော်သက်တွေထဲတော့ Spartacusကို မသိတဲ့လူ တော်တော်ရှားလိမ့်မယ်။ အဲဒီခေတ်တုန်းက ကျွန်တော်တို့အတွက်တော့ စပါတာကတ်စ်ကဟာ သောက်ရမ်းသတ် သောက်ရမ်းကြမ်း ဟိုအခန်း ဒီအခန်းတွေ ဖောခြင်းသောခြင်းပါတဲ့ ကားအနေနဲ့နာမည်ကျော်ခဲ့တယ်။သူ့နောက်တော့ Bansheeတို့ ဘာတို့ပေါ့။ အဲဒီတုန်းကတော့ ရုပ်ရှင်ခွေတွေတော့ တော်တော်ပေါပေမဲ့ ကျွန်တော်တို့ဆီတော့ စီးရီးခွေပေါပေါများ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ မနည်းရှာဝယ်ကြည့်ရတာပဲ။ ၂၀၁၄-၁၅ ဝန်းကျင်လောက်ကျတော့ မြန်မာစာတန်းထိုးရုပ်ရှင်တွေတင်တဲ့ Websiteတွေပေါ်နေပြီ။ ကျွန်တော်တို့ဆီတော့ မိတ္တူဆိုင်တွေက သူတို့ Hardiskထဲ အခွေကကားတွေကူးထားတာတွေ , မြန်မာစာတန်းထိုးကားတွေတင်ပေးတဲ့ဆီတွေက ကူးလိုက် ကူးထားတာတွေကို တစ်ကား၂၀၀နဲ့ရောင်းနေပြီ။၂၀၁၆လောက်မှာတော့ ကျွန်တော်တို့တွေ Channel Myanmarကို စသိနေပြီ။ အဲဒီတုန်းကတော့ ရှားလော့တို့ The Shannara Chroniclesတို့ DC's Legends of Tomorrowတို့လို စီးရီးတွေစတင်နေပြီ။ ခုဆို ...
7.998
TMDb: 7.998/10 2397 votes
tv

Spartacus (2010)

2010
Surviving Summer (2022) 7.8
Surviving Summer (2022) Surviving Summer (2022)ဒီ စီးရီးကတော့ ပင်လယ်ကြီးနဲ့ လှိုင်းစီးခြင်းကို နှစ်သက်သဘောကျသူတွေ လူငယ် အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဘ၀င်တွေ့စေမယ့် Teen Drama series လေးပဲဖြစ်ပါတယ်။အရာအားလုံးရဲ့ အစပြုရာကတော့ ဆမ်းမားတောရက်စ်လို့ အမည်ရတဲ့ ခပ်ဆိုးဆိုး ဆယ်ကျော်သက်အရွယ် ကောင်မလေးကြောင့်ပါပဲ။ မိခင်ဖြစ်သူ ‌မာဂေါ့နဲ့လည်း တစ်စက်မှ မတည့်တဲ့အပြင် "ကျောင်း" ဆိုတဲ့ ပတ်၀န်းကျင်ဟာ သူ့နဲ့ သက်ဆိုင်တဲ့အရပ်မဟုတ်ဘူးလို့ ကြွေးကြော်ထားသူ လူမိုက်မလေးပါ။ တစ်နေ့တော့ ဆမ်းမားတစ်ယောက် ဒုတိယမြောက် အကြိမ် ကျောင်းအထုတ်ခံရအပြီးမှာ မိခင်ဖြစ်သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းတို့ မိသားစုရှိရာ ဩစတြေးလျနိုင်ငံက ရှောဟဲဗန်းဆိုတဲ့ ကမ်းခြေ မြို့လေးမှာ ဆမ်းမားကို ခေါ်ထားဖို့ အကူအညီ တောင်းရပါတော့တယ်။ မသွားချင်ဘူး ပုန်ကန်ရင်းနဲ့ကမှ ဆမ်းမားတစ်ယောက် ရှောဟဲဗန်းမြို့လေးကို ရောက်သွားပါတယ်။ ရှောဟဲဗန်းမြို့လေးရဲ့ ထင်ရှားတဲ့အချက်ကတော့ ပင်လယ်ကမ်းခြေ မြို့လေးတစ်မြို့ ဖြစ်တဲ့ အလျောက် လှိုင်းစီးခြင်းအတတ်ကို လူတိုင်းနီးပါး လိုက်စားကြပါတယ်။ နှစ်စဉ် ပြိုင်ပွဲတွေလည်း ပြုလုပ်ကျင်းပကြပါတယ်။ ဒီလောက် ပျော်စရာ အသစ်အဆန်းတွေ ပြည့်နက်နေတာတောင်မှ ဆမ်းမားကတော့ နယူးယောက်ကိုပဲ ပြန်ဖို့ ...
7.8
TMDb: 7.8/10 11 votes
tv

Surviving Summer (2022)

2022