Channel Myanmar

Dong Ha

Last (2015) 7.4
Last (2015) LAST 2015 ***********အပိုင်း ၁ မှ ၁၆စ/ဆုံး LAST ဆိုတဲ့ Webcomic လေးကို series အဖြစ် ပြန်လည်ရိုက်ကူးထားတာပါဒီဇာတ်လမ်းမှာတော့ The Outlaws ထဲက မင်းသားကြီး Yoon Kye-Sang အပါအဝင်...အခြားနာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့....Lee Beom-Soo, Park Won-Sang တို့နဲ့အတူ....မင်းသမီး Seo Yea-Ji နဲ့ Park Ye-Jin တို့ အဓိကပါဝင်ထားပါတယ်ဆိုးလ်ဘူတာရုံမှာ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေနဲ့....လူမိုက်တွေအကြောင်းကို ပုံဖော်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်Action ခန်းတွေလည်း အများကြီးပါဝင်တာမို့ ...Action ကြိုက်တဲ့ ပရိသတ်တွေ သဘောကျလောက်မဲ့ ဇာတ်လမ်းလေးတစ်ခုပါ ဇာတ်လမ်းအကျဉ်း --------------- စတော့ရှယ်ယာနဲ့ပတ်သက်တဲ့ အလုပ်တွေမှာ အလိမ်ခံရလို့....အကြွေးတင်ပြီး ထွက်ပြေးနေရတဲ့ ဂျန်ထယ်ဟိုက....တစ်ရက်မှာတော့ ဆိုးလ်ဘူတာက အိမ်ခြေယာမဲ့တွေ နေတဲ့နေရာကို ရောက်လာခဲ့ပါတယ်သူ့ရဲ့ နဂိုဘဝကို ပြန်ရောက်ဖို့အတွက် ကြိုးစားရင်း....ဆိုးလ်ဘူတာက လူမိုက်တွေနဲ့ ပေါင်းမိသွားတဲ့ခါ...ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ရက်စက်တဲ့ လူမိုက်အသိုင်းအဝိုင်းကြားမှာ နောက်ဆုံး ဘယ်သူတွေရှင်သန်ကျန်ရစ်ခဲ့မလဲဆိုတာ....ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါဦး Drama: Last Genres: Action, Thriller, ...
7.4
TMDb: 7.4/10 7 votes
tv

Last (2015)

2015
Beautiful Mind (2016) 7.5
Beautiful Mind (2016) Beautiful Mind (2016) ***********************အပိုင်း ၁ မှ ၁၄စ/ဆုံး ၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို..CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့....Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ်။ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ------------------ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့....ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့...တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ။နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက...သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့...ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ...ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း...လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ...ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်။ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို...တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား....ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ...ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ May ...
7.5
TMDb: 7.5/10 16 votes
tv

Beautiful Mind (2016)

2016
Judge vs. Judge (2017) 6.8
Judge vs. Judge (2017) JUDGE VS. JUDGE ******************အပိုင်း ၁ မှ ၁၆စ/ဆုံးCastaway Diva ပြီးသွားတော့ မမ Park Eun-Bin ကို လွမ်းနေတဲ့လူတွေများရှိကြမလား...ဒီတစ်ခေါက်မှာတော့ Park Eun-Bin နဲ့ အခုလက်ရှိပြသနေတဲ့....NOTHING UNCOVERED ထဲက မင်းသား Yeon Woo-Jin တို့...အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့..JUDGE VS. JUDGE ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ Park Eun-Bin ကို မဟုတ်မခံ ဆတ်ဆတ်ကြဲ အမျိုးသမီးတရားသူကြီး အီဂျောင်းဂျူအဖြစ် မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်း ----------------အီဂျောင်းဂျူက ဆိုးလ်ခရိုင်တရားရုံးက အငယ်တန်းတရားသူကြီးတစ်ယောက်ပါ။ဖြောင့်မတ်မှုကိုလိုလားပြီး မတရားမှုတွေကို ပပျောက်အောင်လုပ်ဖို့ တရားသူကြီးဖြစ်လာတဲ့သူမက...မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျခံနေတဲ့ အစ်ကိုဖြစ်သူအတွက်...ပြန်လည်တရားရင်ဆိုင်ခွင့်ရရှိဖို့လည်း ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဂျောင်းဂျူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ တရားသူကြီး ဆာအီဟျွန်းကလည်း...ဥပဒေကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်စွာအမှုစီရင်တတ်သူဖြစ်ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့....ဥပဒေအထက်မှာနေဖို့ကြိုးစားနေကြတဲ့ တရားခံတွေကို ဘယ်လိုအပြစ်ပေးမလဲ...နစ်နာသူတွေအတွက် တရားမျှတမှုတွေကို ဘယ်လိုရှာဖွေပေးသွားမှာလဲဆိုတာ...ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ Drama: Judge vs. Judge Genres: Comedy, Law, Romance, Drama Country: South ...
6.8
TMDb: 6.8/10 11 votes
tv

Judge vs. Judge (2017)

2017
Suspicious Partner (2017) 7.71
Suspicious Partner (2017) Suspicious Partner (2017)***************************အပိုင်း (၁ မှ ၂၀) အထိ (စ/ဆုံး) ဆွဲဆောင်မှုအားကောင်းပြီး အလုပ်မှာလည်း ထက်ထက်မြက်မြက်နဲ့ အဖေ့ခြေရာကိုတစ်ထေရာတည်းနင်းနိုင်တဲ့ အမှုစစ်နိုဂျီအု....ငယ်စဥ်အခါက တိုက်ကွမ်ဒိုခါးပတ်နက်ရခဲ့ပေမယ့် အဖေ့လို မတရားခံရတဲ့လူတွေကိုကူညီပေးချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာခဲ့တဲ့ အွန်ဘုံဟီး...တစ်ရက်မှာတော့ လူသတ်သမားက အွန်ဘုံဟီးကိုသတ်ဖို့လာခဲ့ရာကနေ လူမှားပြီးအွန်ဘုံဟီးရဲ့ချစ်သူကို သတ်မိသွားပါတယ်။အပြင်ကပြန်လာတဲ့ ဘုံဟီးတစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်မှာပဲသူ့ချစ်သူဟောင်းကိုသတ်တဲ့ တရားခံအဖြစ်စွဲချက်တင်ခံလိုက်ရပါတော့တယ်။အမှုစစ်နိုဂျီအုတစ်ယောက် ဘုံဟီးအတွက်နဲ့ ဝတ်ရုံချွတ်လိုက်ရပြီးရှေ့နေဖြစ်သွားတဲ့နောက် ကွင်းဆက်လူသတ်မှုကြီးက တစ်ကျော့ပြန်လာတဲ့အခါမှာတော့ဘုံဟီးနဲ့ဂျီအုတို့ တရားခံအစစ်ကိုဘယ်လိုရှာကြမလဲ....သူတို့ကြားထဲကအချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသောဟာသအလွဲလေးတွေကိုပါ ကြည့်ရှုရဦးမှာပါ။  Aired: May 10, 2017 - Jul 13, 2017 Aired On: Wednesday, Thursday Genres: Romance, Comedy, Law, Thriller Duration: 60 mins Episodes: 16 Original Network: TVN File Size: 720p(~500MB) , 1080p(1.4GB) Translated by Thinn Thinzar, Shoon, Win, Hnin ...
7.71
TMDb: 7.71/10 81 votes
tv

Suspicious Partner (2017)

2017
Good Manager(2017) 8.6
Good Manager(2017) Good Manager(2017) ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း (၁ မှ ၂၀) ထိ စ/ဆုံး" ငွေမည်းတွေကိုဖြတ်စားရမယ်....ကွက်ကျော်နင်းတဲ့သူဆီက ငွေကိုဖြတ်စားရမယ်...တရားမဝင်ငွေရှာတဲ့သူဆီက ဖြတ်စားရမယ်...သဲ့ယူခြင်းနိဗ္ဗန်ဆိုတာ ဒီလိုလောကကြီးကိုခေါ်ဆိုသတဲ့...ဒါမှ ရဲမတိုင်မှာလေ..."ဒီအယူအဆကိုလက်ကိုင်ထားသူကတော့ နယ်မြို့လေးမှာ စာရင်းကိုင်ကျွမ်းကျင်တဲ့ မန်နေဂျာကင်လို့အမည်ရတဲ့The Veil ထဲက ဖိုက်တာမင်းသားကြီး Namgoong Min ဖြစ်ပါသတဲ့....သူက သင်္ချာကိန်းဂဏန်းတွေမှာထူးချွန်တယ်...ငွေကြေးတွေကိုကစားနိုင်စွမ်းရှိသလို လက်ရှိမှာလည်း လူမိုက်ဂိုဏ်းတစ်ခုမှာစာရင်းကိုင်လုပ်နေတယ်...သူတတ်တဲ့ပညာနဲ့ ရသမျှငွေကို ကတုံးပေါ်ထိပ်ကွက်လုပ်ရင်း ပိုက်ဆံစုဆောင်းနေတဲ့ငပွေးတစ်ယောက်ပေါ့...တစ်ဆက်ထဲမှာပဲ ကိုရီးယားရဲ့အကြီးမားဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ TQ လုပ်ငန်းစုဟာ ငွေဖြူငွေမည်းပြဿနာတစ်ချို့ရှိနေတယ်...အဲ့ဒီမှာစတေးခံစာရင်းကိုင်တစ်ယောက်လိုအပ်နေချိန်မှာ အလုပ်လာလျှောက်တဲ့ ဆရာကင်ကိုတွေ့လာပြီးနောက်ခံအင်အားလည်းမရှိတစ်ကိုယ်တည်း ဖြစ်သလိုဖြတ်သန်းခဲ့တဲ့ အညတရစားရင်းကိုင်လေးကိုထပ်မံအသုံးချဖို့ ကုမ္ပဏီကြီးက ကြိုးစားလာတဲ့အချိန်မှာတော့....ငပွေးဆရာကင်ကပဲ ပွန်းကောင်လေးဖြစ်သွားမလား....ငချွတ်လေးဆိုပြီး စမ်းလိုက်တဲ့ ကုမ္ပဏီကြီးပဲ ပြိုလဲသွားမလားဆိုတာကိုတော့....THE VEIL ကြည့်ပြီးပြီးချင်း ဒီစီးရီးကိုကြည့်ရတော့ Namgoong Min ရဲ့စတိုင်က ဆံပင်အရောင်ကလည်းရွှေရောင် ဝတ်လိုက်ရင်လည်း ကကြိုးကဂျောင်နဲ့...ဗရုတ်သုတ်ခ တော်ကီတွေနဲ့ တော်တော်ကြီးကိုရယ်နေရတာပါ..ပုံမှန်လေးနေလည်းရယ်ချင်နေမိရော..ဒီလိုပြောလို့ ပေါတောတောကားလို့ မထင်လိုပါနဲ့....Crime ဇာတ်လမ်းတွဲမို့ ရင်ခုန်စိတ်လှုပ်ရှားရသလို ဗီလိန်သရုပ်ဆောင်တွေကလည်း မိုက်ပါတယ်...ခေါင်းဆောင်ဟုန်တို့ကတော့ ဒီဇာတ်လမ်းတွဲမှာ ...
8.6
TMDb: 8.6/10 19 votes
tv

Good Manager(2017)

2017