Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ding Jiawen
White Cat Legend
တရုတ်ဇာတ်လမ်းတွဲကောင်းလေးများကို အမြဲဘာသာပြန်တင်ဆက်ပေးနေတဲ့ CM ကနေ ခုတစ်ခေါက်လည်း တရုတ်ကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ရှေးခေတ်မှုခင်းစုံစမ်းရေးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာ Main casts တွေအနေနဲ့ The romance of tiger and rose ကားနဲ့ နာမည်ရလာခဲ့တဲ့ Ding Yuxi ကတော့ တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင် ကြောင်ဖြူလီပင်(မကောင်းဆိုးဝါးပင်)အဖြစ် A little reunion ကားထဲမှာ လူကြိုက်များခဲ့တဲ့ Zhou Qi က ဒီကားထဲမှာ သွက်လက်တဲ့ လယ်သမားလေးကနေမှ တရားစီရင်ရေးဌာနရဲ့ ဟင်းချက်ဝါသနာပါတဲ့ စာရေးဖြစ်လာခဲ့တဲ့ ချန်ရှီအဖြစ် Ding Jiawen ကစာပေနဲ့ပန်းချီပညာမှာတော်တဲ့ တရားစီရင်ရေးဌာနရဲ့မော်ကွန်းထိန်း ချွေးပေ့အဖြစ်Zhang Yicong ကသိုင်းပညာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက ကိုယ်ရံတော် စွန်းပေါက်အဖြစ် Feng Man ကတော့ မိန်းကလေးလိုပြင်ဆင်ရာမှာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက မှတ်တမ်းမှူးဝမ်ချီးအဖြစ် Wa er ကတရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ တိုင်းတစ်ပါးကနေလာပြီး တရားစီရင်ရေးဌာနမှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အားလီပါပါအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ တရုတ်သမိုင်းရဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ် ဝူကျယ်ထျန်းလက်ထက်ကို အခြေခံပြီးရိုက်ကူးထားပုံရပါတယ်ထန်ခေတ်ရဲ့ညစာစားပွဲတစ်ခုမှာ တိုင်းပြည်ရဲ့ ဧကရာဇ်က လီပင်ကို တရားစီရင်ရေးဌာနရဲ့ ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ရာကနေမှ လီပင် ...
White Cat Legend
2024
Lost You Forever ( 2023 ) Season 1
ခုတစ်ခါမှာတော့ အားလုံးစိတ်ဝင်စားပြီး သဘောကျလောက်မယ့် တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် လူ နတ် မကောင်းဆိုးဝါးတို့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ရှေးခေတ်မှာ ရှန်နုန် ရွှမ်းယွမ် ကောင်းရှင်းဆိုတဲ့ တိုင်းပြည်၃ခုက ကြီးစိုးနေတဲ့အချိန် ဝေးလံတဲ့အရပ်ကို ခရီးနှင်နေတဲ့ ကောင်းရှင်းပြည်ရဲ့မင်းသမီး ကျိုယောင် (ရှောင်ယောင်း)ဟာ အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးနောက်မှာတော့သူမရဲ့ ရာထူး အသွင်အပြင်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့နောက်မှာတော့ ချင်းရွှေမြို့ကိုရောက်လာခဲ့ပြီး ဝိန်းရှောင်လျို့အဖြစ် ဆက်လက်နေထိုင်ခဲ့ရင်း သူမရဲ့အစ်ကိုဝမ်းကွဲဖြစ်သူ ရွှမ်းယွမ်ပြည်မင်းသား ချန်ရွှမ်းက သူမကိုလိုက်ရှာနေရာကနေ ချင်းရွှေမြို့ကို ရောက်လာခဲ့ပါတယ် စစတွေ့ချင်းမှာတော့ ရှောင်ယောင်းက သူ့အစ်ကိုဝမ်းကွဲကို မမှတ်မိဘဲ တစ်ဖက်မှာလည်း ချင်းချိုးသခင်လေး ထူရှန်းကျင်ကို အန္တာရာယ်ကြားမှ ကယ်တင်ပေးခဲ့ရာကနေ နောက်ပိုင်းမှာ နှစ်ဦးမေတ္တာမျှခဲ့ကြပြီးတော့မှ ရေစက်ကုန်လို့ဝေးခဲ့ရပြန်ပါတယ်အဲ့နောက်မှာတော့ ရှန့်လျိုနဲ့ဆုံတွေ့မိပြီး နှစ်ဦးက သဘောထားချင်းကိုက်ညီကြရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ် လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ ရှောင်ယောင်းနဲ့ သူ့အစ်ကိုတို့ အချင်းချင်းပြန်မှတ်မိသွားခဲ့ပါတယ်ဒီကားလေးရဲ့ Main Cast တွေကတော့ ရှောင်ယောင်း ဝိန်ရှောင်လျို့ အဖြစ် Yang Zi ရွှမ်းဟွမ်းမင်းသားချန်ရွှမ်း အဖြစ် Zhang Wanyi ချင်းချိုးသခင်လေးထူရှန်းကျင် အဖြစ်Deng Wei ရှန်နုန်ပြည်စစ်သူကြီး ရှန့်လျိုအဖြစ် Tan Jianciတို့က အဓိကပါဝင်ထားတာဖြစ်ပါတယ်မတူညီတဲ့ ဇာတ်ကောင်လေးခုရဲ့ အချစ်အပေါ်ခံယူချက်နဲ့ ဖော်ပြပုံတွေကို ရှုထောင့်မျိုးစုံကနေ အသွင်မျိုးစုံနဲ့ ...
Lost You Forever ( 2023 ) Season 1
2023