Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daniel Mays
9.1
Franklin (2024)
ဗြိတိန်နှင့် အမေရိက နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေပြီး အမေရိက အရေးနိမ့်နေတဲ့ကာလမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့စမ်းသပ်ချက်တွေကြောင့် ကမ္ဘာကျော်လာခဲ့တဲ့ ဒေါက်တာ ဘင်ဂျမင်ဖရန်ကလင်ဟာ သူ့ရဲ့ မြေးလေး တန်ပယ်နှင့်အတူ ပြင်သစ်ပြည်ကို လူအင်အား လက်နက်ခဲယမ်းအင်အား ငွေအင်အားတို့ကို စစ်ကူအဖြစ် တောင်းခံဖို့အတွက် ပါရီကို ရောက်ရှိလာပါတော့တယ်။တရားဝင်သံတမန်အဖြစ် လာရောက်ကြောင်းလမ်းတာမဟုတ်တဲ့ ဒေါက်တာဖရန်ကလင်အနေနဲ့ ဘုရင်စနစ်ကျင့်သုံးနေဆဲဖြစ်တဲ့ ပြငသစ်နန်းတွင်းမှာ ဘယ်လိုအဆက်အသွယ်ရှာပြီး အမေရိကဖက်က စစ်ကူပေးအောင် ဘယ်လိုပညာသားပါပါ စည်းရုံးမလဲ၊ ဗြိတိန်ရဲ့ အင်အားကြီးမားမှုကြောင့် အရင်စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပြင်သစ်ပြည်ကရော အမေရိကကို နောက်ကွယ်ကနေ အကူအညီပေးမလား အစရှိသဖြင့် အမေရိကန်ရဲ့ လွတ်လပ်ရေးအတွက် ဒေါက်တာဖရန်ကလင်တစ်ယောက် တိုင်းတပါးမှာ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အတ္ထုပ္ပတ္တိဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။ File size…(976 Mb)/(492 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:55:00 Genre...Drama, War, Politics Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MatteoSeason ...
9.1
TMDb:
9.1/10
9 votes
tv
Franklin (2024)
2024
10
The Long Shadow (2023)
The Long Shadow (2023)IMDb- 8.1/10ဇာတ်လမ်းအညွှန်းလူသတ်သမား ဘယ်သူလဲ…၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်အတွင်းမှာ အင်္ဂလန် Yorkshire ပြည်နယ်တစ်ခွင်နဲ့Manchester မြို့မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေ ရှိခဲ့ပါတယ်။ကွင်းဆက်လူသတ်သမားရဲ့ အဓိကပစ်မှတ်ဟာ ပြည့်တန်ဆာအမျိုးသမီးတွေပါ။စုံထောက်တွေ ရဲတွေက လူသတ်သမားကို သဲကြီးမဲကြီးလိုက်ရှာခဲ့ပေမယ့်ကွင်းဆက်လူသတ်သမားဟာ ၅နှစ်နီးပါးအထိလွှတ်မြောက်နေခဲ့ပါတယ်၊ ပြစ်မှုတွေဆက်တိုက် ကျူးလွန်နေခဲ့ပါတယ်။၅နှစ်အတွင်း ပြစ်မှုပေါင်းများစွာပေါ်ပေါက်ခဲ့တဲ့ ဒီကွင်းဆက်မှာအသတ်ခံရသူ အမျိုးသမီး ၁၃ဦးအထိ ရှိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။နောက်ဆုံးတော့ လူသတ်သမားကို ဖမ်းမိခဲ့ကြပါတယ်။လူသတ်သမားဟာ Peter Sutcliffe…။၁၈၈၈ ခုနှစ် လန်ဒန်က အမည်မဖော်နိုင်ခဲ့တဲ့ကွင်းဆက်လူသမား Jack the ripper လိုမျိုးအခုပြောပြနေတဲ့ ကွင်းဆက်လူသတ်သမားကိုခေါ်တဲ့အမည်က Yorkshire Ripper…။အင်္ဂလန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးYorkshire Ripper ဆိုတဲ့အသံကြားတာနဲ့Yorkshire ပြည်နယ်သားတွေရဲ့စိတ်ထဲမှာမုန်းတီးရွံရှာမှုတွေ၊ စက်စုပ်မှုတွေ၊ ကြောက်ရွံမှုတွေ ခံစားနေကြရဦးမလား။ အခု The Long Shadow ဇာတ်လမ်းကဒီဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပြစ်မှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့အချိန်မှာလူသတ်သမားကိုဖမ်းမိဖို့အတွက် ရဲတွေစုံထောက်တွေဘယ်လိုကြိုးစားနေကြမလဲ၊ ဘယ်လိုကြောင့်ကွင်းဆက်လူသတ်သမားကို ...
10
TMDb:
10/10
3 votes
tv
The Long Shadow (2023)
2023
7.097
Magpie Murders (2022)
ဆူဆန်ရိုင်လန်ဆိုတဲ့အမျိုးသမီးဟာ စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရဲ့အယ်ဒီတာတစ်ယောက်ဖြစ်ပြီးတော့ သူ့လုပ်ကိုင်နေတဲ့နယ်ပယ်မှာကျွမ်းကျင်ထူးချွန်တဲ့သူတစ်ယောက်ပါ…..တစ်နေ့မှာ သူမဟာ ရေးတဲ့စာအုပ်တိုင်းပေါက်တဲ့အထိ နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်လန်ခွန်းဝေးရဲ့ စာမူကိုလက်ခံရရှိခဲ့ပါတယ်….ထုံးစံအတိုင်း ပုံနှိပ်ထုတ်ဝေဖို့အတွက် မူကြမ်းကိုဖတ်ကြည့်တဲ့အခါဆန်းကြယ်စွာပဲ စာမူရဲ့နောက်ဆုံးဇာတ်သိမ်းခန်းက ပါမလာခဲ့ပါဘူး….တဖက်မှာလည်း ဒီစာအုပ်ဟာ ဆူဆန်တို့ကုမ္ပဏီရဲ့ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ့်တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဆူဆန်တစ်ယောက်ဇာတ်သိမ်းခန်းရှာပုံတော်ကိုစတင်ခဲ့ရပါတယ်……ဆူဆန်တစ်ယောက် ရှာပုံတော်ခရီးမှာ ဘာဆန်းကြယ်မှုတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးမှာ ပျောက်နေတဲ့ဇာတ်သိမ်းကို ရှာတွေ့သွားမှာလား ?ဇာတ်သိမ်းခန်းကရော ဘာလို့ပျောက်သွားရတာလဲ?စာအုပ်ထဲမှာရော ဘာအကြောင်းအရာတွေကိုရေးထားတာလဲ?စတဲ့အကြောင်းအရာတွေကို ပဟေဠိဆန်စွာ တင်ဆက်ပြသထားတာမို့ဒီကားဟာ စုံထောက်ဇာတ်လမ်းတွေကိုသဘောကျတဲ့သူတွေ ဦးနှောက်အစားခံပြီးဇာတ်လမ်းထဲမှာပါတဲ့ မှုခင်းတွေရဲ့အဖြေကိုလည်း ခန့်မှန်းရှာဖွေရတာကိုလည်းခုံမင်နှစ်သက်သူတွေအတွက် “Magpie Murders” က ကြည့်ရတန်တဲ့ဇာတ်ကားကောင်းတစ်လက်ပါပဲ...... ( ဒီစီးရီးအတွက် ဘာသာပြန်ပေးသူကတော့ " Thinn , Chevy " ဖြစ်ပြီးအညွှန်းကိုတော့ Thinn မှ ရေးသားပေးထားပါတယ် ) File Size – 780 MB/ 317 MBQuality –NF WEB-DL 1080p , 720pDuration – 45 ...
7.097
TMDb:
7.097/10
31 votes
tv
Magpie Murders (2022)
2022