Channel Myanmar

Daisy Edgar-Jones

Normal People (2020) 8.119
Normal People (2020) လူငယ်ဘဝက ဘာနဲ့တူလဲ။ နောင်ကာလက ပြန်ငေးကြည့်ရင် တလက်လက်တောက်ပနေတဲ့အတိတ်တစ်ခုက အဲဒီဘဝမှာ စီးဆင်းနေတယ်။ ဘာမှမဟုတ်သလို ထင်ရပါလိမ့်မယ်။တစ်ချိန်မှာ ပြန်မငေးမကြည့်မချင်းပဲပေါ့။ အလှပဆုံးမဖြစ်ခဲ့ရင်တောင် ဒါငါတို့ရဲ့ အတိတ်ဘဝပါပဲ။နှင်းဆီတစ်ပွင့်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လာဖို့ နှင်းဆီတစ်ပွင့်ရဲ့ အတိတ်ကို ဖြတ်သန်းရတယ်။နှင်းဆီဟာ နှင်းဆီဖြစ်နေခြင်းဟာ နှင်းဆီပါပဲ။ မှားရင်း မှားရင်း မှန်လာတတ်တယ်မလား။ဒီလိုနဲ့ မမှားသေးတဲ့ လူငယ်ဟာ အမှားတွေအများကြီးကြုံလာရဦးမယ်။ မှားသွားလည်း လှတယ်တဲ့။မလှတဲ့ အမှားတွေတော့ ငါတို့ အများကြီးလုပ်ခဲ့ကြတာပဲ။ အကျည်းတန်ပါတယ်။လှသွားအောင်လို့ ခွင့်လွှတ်ခဲ့ကြတယ်။ အဲဒါချစ်ခြင်းတရားပါပဲ။ ငါတို့ကိုယ်ငါတို့ ခွင့်လွှတ်တတ်အောင်တော့ အရင်သင်ယူရတာပေါ့။သဲအိမ်တွေ ငါတို့ဆောက်ကြတယ်။ ကမ္ဘာကြီးဘယ်လိုမြင်လဲ ဂရုစိုက်ရင်း သဲအိမ်တွေပြိုသွားတဲ့လူငယ်ဟာ ကမ္ဘာကြီးက မင်းကို ဘယ်လိုမှမမြင်ဘူးလို့ သိလိုက်ရတယ်။ ကိုယ်ချစ်ခြင်းလို့ထင်တဲ့ ချစ်ခြင်းနဲ့ ချစ်ကြည့်တယ်။ အသက်ကိုဖက်နဲ့ထုပ်ထားရသလိုဘဝမျိုးတွေမှာ ပုံပြင်ဆန်သော ပုံပြင်ဆန်သော အချစ်မျိုးလည်း တွေ့ရှိလိမ့်ဦးမယ်။ ဝေးကွာလိမ့်ဦးမယ်။ "လူသားသည် ထိုကောင်းကင်အောက်၌ပင်ရပ်ရင်း အချစ်ကို ဖြတ်သန်းသွားတာ လွမ်းစရာပင် ကောင်းပါသည်"ဆိုတဲ့ မောင်ဒေါင်းစာသားတစ်ကြောင်းလို အချစ်ကို ဖြတ်သန်းသွားရင်း လွမ်းစရာကောင်းတဲ့ရာသီတွေလည်း လာတယ်။  သက္ကရာဇ်တွေပြိုမယ်။ ...
8.119
TMDb: 8.119/10 1053 votes
tv

Normal People (2020)

2020
Under the Banner of Heaven (2022)
Under the Banner of Heaven (2022) Under The Banner of Heaven (2022)(Completed Limited Series) ~ IMDb - 8.9/10, RT - 75%, Meta - 83% ~ လက်ပေါက်အကပ်ဆုံး အမြင်ကပ်စရာအကောင်းဆုံး ကြောက်စရာအကောင်းဆုံးလူတွေကို ပြပါဆိုရင် ဘာသာရေးအစွန်းရောက်တွေကိုပြရမယ်ထင်တယ်။ ကမ္ဘာအရှည်ကြာဆုံး ခရူးဆိတ် စစ်ပွဲဆိုတာ ဘာသာရေးအစွန်းရောက်တွေကြောင့် ဖြစ်တာလို့ ပြောချင်ပါတယ်။ ဘာသာရေးအစွန်းရောက်တွေကြောင့် တခြားအယူဝါဒတွေ၊ သိပ္ပံပညာ၊ လွတ်လပ်တဲ့ အတွေးအခေါ်ဟာ မိစ္ဆာဒိဌိဖြစ်လာတယ်။ အယူဝါဒကွဲပြားမှုတွေကြောင့် ကောင်းကင်ဘုံရဲ့အလံတော်အောက်ကနေ တိုက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာပေါ်မှာ သွေးမြေကျခဲ့တဲ့ လူတွေ ဘယ်လောက်တောင်များနေပြီလဲ... Under The Banner of Heaven က အဲဒီဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါ။ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ ဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာ Jon Krakauer ရဲ့ နာမည်တူ ဝတ္ထုကို ရုပ်ရှင် အဖြစ်ပြောင်းလဲ ...

Under the Banner of Heaven (2022)

2022