Channel Myanmar

Courtney B. Vance

61st Street (2022) 6.9
61st Street (2022) မိုဆတ်ဂျွန်ဆင်ဟာ တောက်ပတဲ့အနာဂတ်နဲ့အလားအလာကောင်းတွေနဲ့ကျောင်းသားအားကစားသမားလူမည်းလူငယ်တစ်ယောက်ပါ။ သူတို့နေထိုင်ရာရပ်ကွက်ဟာ ဆင်းရဲသားရပ်ကွက်ပီပီမူးယစ်ဂိုဏ်းဝင်တွေ၊ဒုစရိုက်သမားတွေဒွေးရောယှက်တင် ကျက်စားနေတဲ့နေရာပါပဲ။ သူကတော့ မကြာခင်မှာပညာသင်ဆုနဲ့မြို့ကြီးမှာကောလိပ်တက်ဖို့သွားရတော့မှာဖြစ်ပြီး အဲ့ဒီလိုမသွားခင် တစ်ညနေမှာ သူတို့အိမ်နားက မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းကို ရဲတပ်ဖွဲ့ကဝင်စီးတဲ့အချိန်နဲ့တိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြားမှာ သူ့ကြောင့် ရဲတစ်ယောက်သေဆုံးသွားတဲ့အဖြစ်ကိုကြုံခဲ့ရပါတယ်။Black life matters movement လိုဖြစ်စဉ်မျိုးတွေကြောင့် ရဲတပ်ဖွဲ့ကိုလူတွေမျက်မုန်းကျိုးနေကြတဲ့အချိန်၊ ရဲတပ်ဖွဲ့ထဲကလူတွေကလည်း ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ဘက်ကဂုဏ်သိက္ခာကိုပြန်အဖတ်ဆည်ရမယ့်အခြေအနေတွေရှိတာကြောင့် မိုဆတ် ကိုစံပြအနေနဲ့တရားစီရင်ဖို့ အသေအလဲကြိုးစားကြတော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ သူ့ဘက်ကရပ်တည်ပေးမယ့်သူကတော့ ဖရန်ကလင်ရောဘတ်ဆိုတဲ့ အငြိမ်းစားယူကာနီးရှေ့နေတစ်ဦးဖြစ်ပြီးသူတို့ရဲ့ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် တရားရေးစနစ်ရဲ့ဘက်လိုက်မှု၊မျက်ကွယ်ပြုမှုတွေကို တိုက်ဖျက်ဖို့ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ ရောဘတ်ကိုယ်တိုင်ကလည်း ကင်ဆာရောဂါကြောင့် ဘ၀ဆုံးတော့မယ့်အခြေအနေကြုံနေရတဲ့အတွက် သူ့ရှေ့နေသက်တမ်းတစ်လျှောက်နောက်ဆုံးအနေနဲ့အပြောင်းအလဲလေးတစ်ခုအရာထင်အောင်ကြိုးစားသွားမှာပါပဲ။တစ်ဖက်မှာတော့ တရားရေးစနစ်ရဲ့အထက်စီး အတွင်းစည်းက လူဖြူလူများစုအင်အားကြီးတဲ့ အုပ်စုတစ်ခုဖြစ်ပြီး၊ တစ်ဖက်ကတော့ မွေးရာပါလူမည်းဖြစ်နေရုံနဲ့အဖိနှိပ်ခံ၊ဩဇာကင်းမဲ့တဲ့ လူနည်းစုဖြစ်နေပါတယ်။ သူတို့နှစ်ဘက်ရဲ့အားပြိုင်မှုကိုသရုပ်ဆောင်အင်အားကောင်းကောင်းနဲ့ရှုစားကြရမယ့် Crime/Drama ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ် File size…(874 MB)/(440 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:45:00 Genre...Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias   Season 1 Episode 1 720p  -  Yoteshin / Megaup / Telegram ...
6.9
TMDb: 6.9/10 14 votes
tv

61st Street (2022)

2022