Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Claes Bang
7.523
The Outlaws S03 (2024) [ Complete ]
လူမှုရေးလုပ်ငန်းတွေနဲ့အပြစ်ကြွေးဆပ်နေရတဲ့ အမြဲငြင်းခုံနေကြတဲ့ရာဇဝတ်သားခုနှစ်ယောက်ရဲ့The Outlaws စီးရီး Season 3 ထွက်ရှိလာပါပြီ။ဒီ Comedy စီးရီးရဲ့ Season 1 နဲ့ 2 မှာ ဇစ်မြစ်မသိတဲ့ငွေအိတ်ကြီးတစ်အိတ်ကိုကောက်ရခဲ့ကြတဲ့သူတို့ခုနှစ်ယောက်ဟာ လူဆိုးတွေလက်ကရော ရဲတွေလက်ကရောလွတ်အောင်လုပ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ Season 3 မှာတော့ ရာနီက လူသေအလောင်းတစ်ခုနဲ့အတူပြန်လည်ရောက်ရှိလာပြီး သူကိုယ်တိုင်တောင်မသိတဲ့လူတစ်ယောက်က သတ်သွားတာပါလို့ဆိုခဲ့ပါတယ်။ရာနီကိုကူညီပြီး အလောင်းဖျောက်ပေးခဲ့ကြပေမယ့်ရာနီသတ်တာဖြစ်နိုင်တယ်လို့လည်း သံသယရှိနေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ သူတို့အမှုဆင်လို့အချုပ်ထဲရောက်သွားတဲ့လန်ဒန်မူးယစ်ရာဇာသယ်ဒင်းကလည်း တရားခွင်ပြီးတာနဲ့သူတို့ကိုသတ်ဖို့ကြိမ်းဝါးနေပြီဖြစ်ပါတယ်။ လူသတ်မှုမှာပါဝင်ပတ်သက်မိကြတဲ့သူတို့ခုနှစ်ယောက်ဟာသယ်ဒင်းအချုပ်ထဲကပြန်ထွက်လာပြီး အရမ်းနောက်ကျမသွားခင်မှာ လူသတ်မှုကနေလွတ်အောင်ကြိုးစားနိုင်မှာလားဆိုတာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File Size – 979MB / 406MB @EpisodeQuality – WEB-DL 1080p5.1CH , 720pDuration – 58 minute (@Episode)Total Episodes: 5 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Crime , DramaTranslator ...
7.523
TMDb:
7.523/10
86 votes
tv
The Outlaws S03 (2024) [ Complete ]
2024
8.211
The New Look Season 1 (2024)
ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် ...
8.211
TMDb:
8.211/10
19 votes
tv
The New Look Season 1 (2024)
2024
6
Bad Sisters (2022)
Bad Sisters (2022)Bad sisters ကတော့ ဘယ်လ်ဂျီယံ စီးရီးဖြစ်တဲ့ "Clan aka The Outlaws" ကို ပြန်လည်ဖန်တီးထားတာပါ။ Dark comedy အမျိုးအစားဖြစ်ပြီး "Blackest Comedy Ever" လို့တောင်သတ်မှတ်ခံထားရတာပါ။ဒီ Bad Sisters ကိုလဲ lost in translation မဖြစ်ရအောင်ပြန်လည်ဖန်တီးထားပါတယ်တဲ့။Bad sisters ဆိုတာနဲ့ ညီအစ်မတွေဇာတ်လမ်းဆိုတာသိမှာပါ။ သူတို့ကသိပ်ချစ်ခင်စည်းလုံးကြတယ်။ သူတို့မှာပြသနာတစ်ခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ဂျွန်ပေါ။ သူတို့ညီမထဲက ဂရေ့စ်လက်ထပ်ထားတဲ့ယောကျ်ား။ ဂျွန်ပေါက ခယ်မထဲကလေးမရနိုင်သူကို ကိုယ်ဝန်ရှိနေတာလားမေးသူ၊ နောက်ခယ်မတစ်ယောက်ရသင့်တဲ့ပရိုမိုးရှင်းကို ဝင်လုသူလို့ပြောရင် သူ ဘယ်လိုလူ ဆိုတာခန့်မှန်းလို့ရမယ်ထင်တယ်။အဆိုးဆုံးကတော့ဂျွန်ပေါက ဂရေ့စ် နဲ့ သူ့သမီးကို ချုပ်ခြယ်လွန်းတာ၊ ခြယ်လှယ်လွန်းတာပါပဲ။ တစ်ခါတစ်ရံလက်ပါပါတတ်တာမျိုးပါ။ တစ်ရက်မှာတော့သူတို့ညီအစ်မတွေက ဂျွန်ပေါသေသွားရင်အေးမယ်ဆိုပြီး စနောက်ပြောကြပါလေရော။ နောက်ထပ် ၆ လအကြာမှာတော့ ဂျွန်ပေါသေသွားခဲ့ပါတယ်။ ဟိုညီအစ်မလေးယောက်လက်ချက်လို့ ထင်သွားပြီမဟုတ်လား။ အဲလိုထင်သူ နောက်တစ်ယောက်က ရဲတော့ မဟုတ်ဘူး အာမခံကုမ္ပဏီကလူပါ။ သူက ညီအစ်မငါးယောက်ရဲ့ပြဿနာတွေကို သိလို့တော့မဟုတ်ဘူး။ ဂျွန်ပေါရဲ့အသက်အာမခံကို မလျော်ချင်လို့ ဒါဟာလူသတ်မှုများဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီကိစ္စကိုလိုက်စုံစမ်းပါလေရော။ ဒါကတကယ်ပဲလူသတ်မှုလား။ ဂျွန်ပေါရဲ့ခယ်မတွေလက်ချက်လား။ ဂရေ့စ်ကရောသိလား။ ...
6
TMDb:
6/10
5 votes
tv
Bad Sisters (2022)
2022
7.9
Dracula (2020)
#Unicodeဒီစီးရီးက ၃ ပိုင်းပဲ ရှိပါတယ်။ ထွက်တာ ရက်ပိုင်းကြာနေပေမယ့် အလုပ်ရှုပ်နေတာရော ညဘက်တွေ ဘာသာပြန်ရတာ ကြောက်တာရောနဲ့ ကြာသွားလို့ပါ။ သည်းထိပ်ရင်ဖိုနဲ့ သဘာဝလွန် ရုပ်ရှင်တွေရဲ့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ထရန်ဆဗေးနီးယား နဲ့ နယ်စားကြီး ဒရက်ကူလာဆိုတာ ခေတ်အဆက်ဆက် မရိုးနိုင်အောင် ကြားရတဲ့ အိပ်မက်ဆိုး ပုံပြင်တစ်ခုပါပဲ။ နာမည်ကျော် ဂန္ဓာဝင် ဝတ္ထု နဲ့ ရုပ်ရှင်တွေလည်း ရှိခဲ့ပါတယ်။ ဒီစီးရီးကိုလည်း ပရိသတ်တွေ တသသဖြစ်ကျန်ခဲ့ပါ့ဦးမယ်။ ဒီဇာတ်လမ်းမှာတော့ နှစ်ရာပေါင်းများစွာ အသက်ရှင်ပြီး လူတွေရဲ့ သွေးကိုသောက်သုံးနေခဲ့တဲ့ ဒရက်ကူလာဟာ ထရန်ဆဗေးနီးယားကနေ အင်္ဂလန်ကို ပြောင်းရွှေ့ပြီး သားကောင်တွေ ထပ်ရှာဖို့ စီစဉ်ပါတော့မယ်။ ဒါပေမယ့် သူ့အကြောင်းကို လေ့လာထားပြီး ရဲရင့်တဲ့ သီလရှင် အက်ဂသာဟာ သူ့ကိုတားဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ …… ဇာတ်လမ်းလေးမှာသာ ဆက်လက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
7.9
TMDb:
7.9/10
30 votes
tv
Dracula (2020)
2020