Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris O'Dowd
5.907
The Big Door Prize (2023)
The Big Door Prize (2023)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Comedy, Drama, Sci-Fi အမျိုးအစား ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Dusty က မြို့ငယ်လေးတစ်မြို့မှာ ဇနီးရယ် သမီးရယ်နဲ့အတူ ကျောင်းဆရာအလုပ်လုပ်ရင်း သမားရိုးကျဘဝတစ်ခုကို ဖြတ်သန်းနေတဲ့သူပါ။ သူအသက် ၄၀ ပြည့်တဲ့နေ့မှာပဲ မြို့ငယ်လေးက စတိုင်းဆိုင်မှာ MORPHO ဆိုတဲ့ လူတွေရဲ့ ဘဝအနာဂတ်ကို ခန့်မှန်းပေးနိုင်တဲ့ စက်တစ်လုံး ပေါ်လာခဲ့ပါတယ်။ အရင်းအမြစ်သေချာမသိရတဲ့ အဲဒီစက်အကြောင်းက မြို့ငယ်လေးမှာ ရေပန်းစားလာပြီး စတိုးဆိုင်မှာလည်း စက်ကိုစမ်းသုံးကြည့်ချင်တဲ့လူတွေ တန်းစီနေပါတယ်။ စက်ကထုတ်ပေးတဲ့ ဟောပြောချက်ကတ်တွေကြောင့် လူတော်တော်များများကလည်း သူတို့ရဲ့လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို စက်ကသိနေပြီးတော့ သူတို့ကို လမ်းပြပေးနေတယ်လို့ လက်ခံလာပြီး ဘဝအပြောင်းအလဲတွေလုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ Dusty ကတော့ စက်တစ်လုံးက အနာဂတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ လက်ခံထားပေမယ့် လူတော်တော်များများက အဲဒီအကြောင်းပဲပြောနေကြတော့ အဲဒီကိစ္စကို ခေါင်းထဲကထုတ်မရဖြစ်လာတာကြောင့် တစ်ညမှာ စတိုင်းဆိုင်ကိုသွားပြီး စက်ကို စမ်းသုံးကြည့်လိုက်တဲ့အခါ သူ့အနာဂတ်က ဘာဖြစ်လာမလဲ၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
5.907
TMDb:
5.907/10
27 votes
tv
The Big Door Prize (2023)
2023